Friday 20 March 2015

ဖုန်ကြားရှင် ကလေးစစ်သားသုံးတာ လူ့အခွင့်ရေးနဲ့ညီပါသလား ??

မနေ့က အင်တာနက်သတင်းတွေလိုက်ရှာဖတ်ရင်းနဲ့ သတင်းဓါတ်ပုံတစ်ချို့ကိုကြည့်မိပြီး တော်တော် လေးစိတ် မကောင်းဖြစ်ရသလို၊ ခံပြင်းဒေါသလည်းထွက်မိတယ်။ ဘာလို့လဲဆိုတော့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် သောင်းကျန်းသူတပ်တွေဟာ လူမမယ်ကလေးအရွယ်တွေကို သေနတ်ပေးပြီး စစ်တိုက်ခိုင်းနေတဲ့ ဓါတ်ပုံတွေ ဖြစ်နေလို့ ပါပဲ။ ဘာလို့ လူမမယ်လို့ပြောရသလဲဆိုရင် ကလေးစစ်သား တွေဟာ တော်တော်ကို ငယ်ရွယ်သေးတဲ့ အရွယ်တွေဖြစ် နေလို့ပါပဲ။

တစ်ချို့အရွယ်တွေဟာဆိုရင်မိဘရဲ့ရင်ခွင်ထဲမှာရှိကို ရှိနေရမယ့်အရွယ်တွေပါ။ ဒီလိုလူမမယ်ကလေးတွေ လက်ထဲကို လူသတ်လက်နက်တွေထည့်ပေးပြီး စစ်တိုက်ခိုင်းနေတဲ့ ဖုန်ကြားရှင်ကို အရမ်းပဲရွံရှာစက်ဆုပ်မိပါတယ်။

ဓါတ်ပုံတွေကတော့ မတ်လ (၁၄) ရက်နေ့မှာ ပြည်ပသတင်းထောက်တစ်ဦးက မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး REUTERS သတင်းဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေဆိုတာသိရပါတယ်။ မတ် (၁၄) ရက် ဆိုတော့ လောလောလတ်လတ်ဖြစ်စဉ်ဖြစ်နေတဲ့အတွက် ဖုန်ကြားရှင်အနေနဲ့ အရင်တုန်းကပုံတွေပါလို့လဲ ငြင်းမရပြန် ပါဘူး။ ဖုန်ကြားရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကတော့ သူတို့ဆီမှာ ကလေးစစ်သားတွေမရှိပါဘူးလို့ မီဒီယာတွေနဲ့ အရင်ကအင်တာဗျူးတွေမှာ ငြင်းချက်တွေထုတ်ခဲ့ပေမယ့် အခုလိုလူသိရှင်ကြားဓါတ်ပုံတွေ ပြည်ပ သတင်းဆိုဒ်တွေမှာတက်လာတော့ သူဟာကလိမ်စေ့ငြမ်းဆင်တဲ့ စကားတွေပြောခဲ့တယ်ဆိုတာ သိသာသွားတာဖြစ်ပါ တယ်။

ဒီလိုမျိုး ကလေးစစ်သားဓါတ်ပုံတွေ ပြည်ပသတင်းမှာဝေေ၀ဆာ ဆာဖော်ပြနေပေ မယ့်လည်း ပြည်တွင်း မီဒီယာ စာမျက်နှာ တွေမှာတော့ ပျောက်ကွယ်နေတာထူးဆန်းနေပြန်ပါတယ်။ တစ်ခုခုဆိုတာနဲ့ လူ့အခွင့် ရေး ကို ပါးစပ် ကမချဘဲ ကြေငြာချက်မျိုးစုံ၊ ထုတ်ပြန်နေတဲ့ လူ့အခွင့်ရေးသမား၊ နိုင်ငံရေးသမား၊ သမဂ္ဂပေါင်းစုံ၊ အဖွဲ့အစည်း ပေါင်းစုံတို့ကလည်း ဖုန်ကြားရှင်ရဲ့ ကလေးစစ်သားအရေးမှာ နှုတ်ဆိတ်နေကြပြန်ပါတယ်။ ဒါဟာ ဖုန်ကြားရှင်ကို အားပေးတဲ့သဘောလား လို့တောင် မေးရမလိုဖြစ်နေပြန်ပါတယ်။ 

ကလေးစစ်သားအသုံးပြုမှုကို ကမ္ဘာပေါ်မှာ လုံးဝပပျောက်ဘို့ နိုင်ငံအားလုံးက ကြိုးစားနေကြတာ ဖြစ်ပါ တယ်။ ယခင်က ကလေးစစ်သားတွေရှိခဲ့တဲ့ မြန်မာအစိုးရတပ်မတော်မှာတောင် အခုဆိုရင် ကလေး စစ်သားလုံးဝပပျောက်သွားတဲ့ အကြောင်း ကာချုပ်ကိုယ်တိုင် အာမခံခဲ့တာကိုလည်း တွေ့ခဲ့ရ ပါတယ်။

ဒါပေမယ့် ဖုန်ကြားရှင်ရဲ့ သူပုန်သူကန် တပ်ကတော့ ဒီလိုမျိုးလူမမယ် ကလေးစစ်သားတွေကို ရှေ့တန်းမှာ စစ်တိုက်ပြီး လူတံတိုင်းဆင်နေခြင်းဟာ အရမ်း ယုတ်မာပတ်စက်လွန်းလှပါတယ်။ ဒါကိုနှုတ်ဆိတ်နေကြတဲ့ မီဒီယာတွေနဲ့၊ လူ့အခွင့်ရေး အဖွဲ့အစည်းပေါင်းစုံကိုလဲ ဖုန်ကြားရှင်လုပ်ရပ်က မှန်နေလို့လား၊ အခုလို ကလေးစစ်သားတွေသုံးနေတာ လူ့အခွင့်အရေးနဲ့ ညီနေလို့ မှိန်းနေကြတာ လားလို့ မေးလိုက်ချင်ပါတယ်။

ရေးသားသူ- လက်ယျာ
Myanmar News

No comments:

Post a Comment