Friday 20 March 2015

ကျေးလက်များတွင် ကျောင်းဆောင်များ ပျက်စီးမှု ဓာတ်ပုံတကွ တိုင်ကြားရန် ဦးခင်အောင်မြင့် ပြော

ကျေးလက်ဒေသများရှိ ဆိုးရွာသည့် ကျောင်းအဆောက်အအုံများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များက ဓာတ်ပုံနှင့်တကွ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပေးကြရန် ညွှန်ကြားပြီး လွှတ်တော်က လက်မှတ် ရေးထိုးပြီး သမ္မတထံ တိုက်ရိုက်တင်ပြသွားမည်ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

'ဥပဓိရုပ်ဆိုးရွားလွန်းတဲ့ ကျောင်းဆောင်တွေ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်များက ကျောင်းဆောင် တည်နေရာ၊ အဲဒီကျောင်းဆောင်ထဲမှာ စာသင်ကြားနေတဲ့ ကျောင်းသားဦးရေ ဓာတ်ပုံတွေနဲ့ ကျွန်တော် ဆီကိုပို့ပေးပါ။ ဒါတွေဟာ အစိုးရကို ကူညီဖို့လိုတယ်။ ဒါတွေဟာ ဒီလောက်အထိဖြစ်သွားတယ် ဆိုတာကို သိသွားတဲ့အခါ ဖြေရှင်းပေးရမယ်´ ဟု ၎င်းက ပြောသည်။

ယနေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေးတွင် ရခိုင်အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အေးထွန်းက ဘူးသီးတောင်မြို့နယ်၊ လောင်းချောင်း အခြေခံပညာ မူလတန်း ကျောင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ မရှိမေးမြန်းမှုအပြီးတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ဦးမောင်အေးထွန်းက ` ဒီကျောင်းဆိုရင် အောက်ခြေက ပျက်နေတာကို ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်းပဲ မြောက်ဘက်မှာဆိုရင် သွပ်ပြားနဲ့ ကားထားရပါတယ်။ နောက်ဘေးဆိုရင် အကာတောင်မရှိဘူး´ ဟု ဓာတ်ပုံ များနှင့် တကွ မေးမြန်းခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment