Friday 20 March 2015

မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးရွာလေးတွင် ရင်ချင်းဆက် အမြွာကို သားဖွားဆရာမလေးက အောင်မြင်စွာမွေးဖွားပေးခဲ့

မြို့ပြနှင့် အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှု အသုံးအဆောင် ဆေးဝါးနှင့် အ ကူကိရိယာ ပြည့်စုံစွာ မရှိသော်လည်း သားဖွား ဆရာမလေး မြတ်ကေသီဝင်းက ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာ အုပ်စုထုံးဘိုကျေးရွာနေ သားသည်မိခင်တစ် ဦးထံမှ ရင်ချင်းဆက် အမြွှာ ကလေးငယ် နှစ်ဦး ကို မတ် ၁၆ ရက် နံနက် ၈ နာရီက အောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

''တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာ အုပ်စု ထုံးဘိုကျေးရွာမှာနေထိုင်တဲ့ မိခင်ဒေါ်ဇင် မာမိုးက မွေးဖွားခဲ့တာပါ။ မနက် ၈ နာရီလောက် မှာ သားဖွား ဆရာမလေး ဒေါ်မြတ်ကေသီဝင်း က တစ်စုံတစ်ရာ ပျက်စီးမှုမရှိ အောင်အောင်မြင် မြင်နဲ့ မွေးဖွားပေးခဲ့တာပါ။ ကျွန်မတို့ တောင် ငူဆေးရုံကိုတော့ မွန်းတည့် ၁၂ နာရီလောက် မှာ ရောက်လာတာပါ''ဟု တောင်ငူမြို့နယ် လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးမြဝင်း က အတည်ပြု ပြောကြားသည်။

''အခန့်မသင့်ရင် တစ်ယောက်ယောက် ပျက် စီးတာမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်သွားနိုင် တဲ့ကိစ္စမျိုးကို အောင်အောင်မြင်မြင် မွေးဖွားပေး နိုင်ခဲ့တာဆိုတော့ လူငယ်ဖြစ်ပေမဲ့ တော်တယ်လို့ ချီးကျူးရမှာပါ''ဟု တောင်ငူခရိုင် ပြည်သူ့ဆေး ရုံကြီး ဆေးလူမှုဆက်ဆံရေးအရာရှိ ဒေါ်သီတာ ချိုက ပြောသည်။

တောင်ငူဆေးရုံသို့ မွေးလူနာရောက်ကြောင်း သတင်းရရှိသည်နှင့် တောင်ငူခရိုင် မိခင်နှင့်က လေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စံ ထားဖြူနှင့်အဖွဲ့က ကလေးမိဘ ဒေါ်ဇင်မာမိုး၊ ဦးမင်းမင်းလှိုင်တို့နှင့် တွေ့ဆုံ အားပေးစကား ပြောကြားကာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်က လေး၊ တောင်ငူခရိုင် မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်း၊ တိုင်းဒေသကြီး အမျိုးသ မီးရေးရာနှင့် တောင်ငူခရိုင် အမျိုးသမီးရေးရာ တို့မှ လှူဒါန်းသော အလှူငွေ ကျပ်တစ်သိန်းခွဲ နှင့် ဆေးရုံ လူနာတင်မော်တော်ယာဉ် ဆီဖိုးများ အား ကလေးများ၏ မိဘများလက်ဝယ်သို့ ပေး အပ် လှူဒါန်းခဲ့ကြသလို ရွှေနှင်းဆီ ဘာသာ/ ပညာ/ကျန်းမာဖောင်ဒေးရှင်းမှလည်း အလှူ ငွေ ကျပ်တစ်သိန်းကို မိဘများလက်ဝယ်သို့ ပေး အပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ 

''ကလေးတွေရော မိခင်ပါ ကျန်းမာကြပါ တယ်။ ကလေးနှစ်ယောက်ပေါင်း ရှစ်ပေါင်နဲ့ လေးအောင်စ ရှိပါတယ်။ ရန်ကုန်ကလေးဆေး ရုံကြီးကို ဆက်လက်ပို့ဆောင်ပြီး ခွဲစိတ်ကုသမှု ကို ဆောင်ရွက်ရပါမယ်။ 

ဒီကဆရာဝန်တစ်ဦး နဲ့ သူနာပြုဆရာမတစ်ဦး အနီးကပ် လိုက်ပါ စောင့်ရှောက် ပို့ဆောင်ပေးကြမှာပါ။ ရန်ကုန် က တာဝန်ရှိသူတွေကလဲ ခွဲစိတ်ကုသပေးဖို့ အသင့်ပြင်ဆင် စောင့်ဆိုင်းနေကြပါပြီ''ဟု ဒေါက် တာဒေါ်မြဝင်း (လက်ထောက်ဆေးရုံအုပ်ကြီး) က ထပ်မံပြောကြားခဲ့သည်။

Yangon Media Group 

No comments:

Post a Comment