Friday 20 March 2015

သင်္ဘောတိမ်းမှောက်မှုကြောင့် နစ်နာသူများကို ရခိုင်ပြည်နယ်အစိုးရ ထောက်ပံ့ကြေးပေး

ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း က ကျောက်ဖြူကယ်ဆယ်ရေးစခန်း သို့ မတ် ၁ရ ရက်တွင် လာရောက်ပြီး သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံး သူများ၏ မိသားစုဝင်များနှင့် အသက်ရှင် လွတ်မြောက် ကျန်ရစ်သူများကို ထောက် ပံ့ကြေးပေးအပ်ကြောင်း သိရသည်။

ကျောက်ဖြူကယ်ဆယ်ရေးစခန်း ရှိ လွတ်မြောက်လာသူ ၃၆ ဦးနှင့် သေဆုံးသူ ၆၀ ဦး၏ ကျန်ရစ်သူမိသားစု ဝင်များကို ထောက် ပံ့ငွေကျပ် ၁၄သိန်းခွဲ(တစ်ဆယ့်လေးသိန်း ငါးသောင်း)ကို ပေးခဲ့ခြင်းဖြစ်သည်။

သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များ နှင့် အသက်ရှင်လွတ်မြောက်သူများအား ထောက်ပံ့ငွေပေး အပ်ပွဲကို ကျောက်ဖြူမြို့ ရာမာဝတီခန်းမတွင် ကျင်းပပြီးနောက် သပန်ချောင်း (အ လက)တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းမှ အသက်ရှင်လွတ် မြောက်ခဲ့သူ ၃၆ ဦးအား ဝန်ကြီး ချုပ် က နှစ်သိမ့်စကားပြောဆို၍ သင်္ဘော တိမ်းမှောက်နစ်မြှုပ် သွားခြင်းနှင့် ပတ် သက်ပြီး အသေးစိတ် မေးမြန်းစုံစမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''သင်္ဘောက အဲဒီနေ့ညနေ ၇ နာရီဝန်းကျင်လောက်ကတည်းက အခြေအနေမကောင်းတော့ဘူး။ ဝမ်း ဗိုက်ပေါက်လို့ရေက တစ်အားဝင်လာ ပြီး တဖြည်းဖြည်းမြှုပ်လာတယ်။

သင်္ဘောပေါ်လာအောင်ဆိုပြီး ဝိတ် နည်းသွားအောင်ပဲ့ပိုင်းနဲ့ အောက် ထပ်မှ ကုန်ပစ္စည်းတွေကိုမြစ်ထဲ ပစ်ချမယ်လုပ်တော့ သင်္ဘောသား တွေကခွင့်မပြုဘူး။

နို့မဟုတ်ရင် ကမ်း နားကို ကပ်ကြဖို့ဝိုင်းပြောကြပေမယ့် လက်ခံမယ်လိုလိုနဲ့နောက်ဆုံး တိမ်း မြုပ်သွားတာ ပါ'' ဟု အသက်ရှင်ကျန် ရစ်သူဦးဗလကြီး (တောင်ကုတ်)က ပြောသည်။

ခရီးသည် ၃၀၀ ဝန်းကျင်နှင့် ကုန်တန်ချိန်ကို သတ်မှတ်တန်ချိန် ထက်ပို၍ တင်ဆောင်လာသော ပြည် တွင်းရေကြောင်းပို့ ဆောင်ရေးလုပ်ငန်းပိုင် တောင်ကုတ်-ကျောက်ဖြူ-မြေပုံ-စစ်တွေ ပြေးဆွဲနေသည့် အောင် တံခွန်(၃)သင်္ဘောသည် မတ် ၁၃ ရက်က မြေပုံမြို့နယ် ငပသုံကျွန်းအနီး မြောက်ကျွိန်ကျွန်း အနီးတွင် တိမ်း မြုပ်သွားခြင်းဖြစ်သည်။

အဆိုပါသင်္ဘောတိမ်းမှောက် မှုကြောင့် ခရီးသည်စုစုပေါင်း ၁၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိပြီး မတ် ၁ရ ရက်ထိ ကျောက်ဖြူကယ် ဆယ်ရေးလုပ်ငန်းများမှ ဆယ်ယူရရှိသည့် အလောင်း ၆၀ ကျော်သွားပြီဖြစ်ရာ သင်္ဘောခန်းများတွင် ပိတ်မိနေသူ များနှင့်ရှာမတွေ့ သည့် အလောင်း များလည်းရှိနေနိုင်ဖွယ်ရှိကြောင်း ကျောက်ဖြူမြို့ဓူဝံကြယ်နာရေးကူညီမှုအသင်းမှအတွင်းရေးမှူး ဦး မောင် အုန်းမြင့်က ပြောကြားထား သည်။

ARKKK (MMK)
Democracytoday‬

No comments:

Post a Comment