Monday 10 August 2015

ကွမ်းစိုက်ခင်းများ ပျက်စီးသဖြင့် ပန်းတနော်ကွမ်းဈေး စံချိန်တင် မြင့်တက်

ယခုနှစ်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး ကွမ်းပင်များ ပျက်စီးမှုကြောင့် ပန်းတနော်ကွမ်း ရွက်များသည် လက်ရှိဈေးကွက် အတွင်း တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ ခန့်စံချိန်တင် ဈေးမြင့် တက်နေကြောင်း သီရိမင်္ဂလာ ဈေးက သတင်းရရှိသည်။
 သီရိမင်္ဂလာဈေးမှ ကွမ်း ရွက်လက်လီလက်ကား ရောင်း ၀ယ်သူ မခင်ညိုက ‘‘ဒီဈေးမှာ ကွမ်းရွက်ရောင်းလာတာ ၁၅ နှစ် ရှိပြီ။ ပန်းတနော် ကွမ်းရွက် ဒီ လောက်ဈေးပေါက်နေတာ တစ် ခါမှမမြင်ဖူးဘူး။ ပြီးခဲ့တဲ့ နာဂစ် တုန်းကတောင် ပန်းတနော်ကွမ်း ရွက်တစ်ပိဿာကို ကျပ် ၁,၀၀၀ လောက်ပဲဈေးရှိပါတယ်’’ဟုပြော သည်။ ယခုလ ၅ ရက်နေ့မှစ၍ ပန်းတနော်ကွမ်းရွက်များ စတင် ဈေးတက်သွားသည်။ မူလဈေးမ တက်မီက ပန်းတနော်ကွမ်းရွက် တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ခန့် သာဈေးရှိခဲ့ကြောင်းသိရသည်။

ပန်းတနော်ကွမ်းရွက်များ သည် ယခင်လများက သီရိမင်္ဂ လာဈေးသို့ တစ်နေ့လျှင် ခြင်း ၃၀ ခန့်ဝင်ရောက်သော်လည်း ယခု ရက်များတွင် ၆ ခြင်းခန့်သာအ၀င် ရှိကြောင်းသိရသည်။

ပန်းတနော်ကွမ်းရွက်များ ပျက်စီးပြီး ဈေးကွက်အတွင်းကို ပစ္စည်းအ၀င်နည်း၍ ဈေးတက် နေသောကြောင့် အခြားခြံကွမ်း ရွက်များကို ၀ယ်ယူမှုများသော ကြောင့် ဈေးလိုက်ပါမြင့်တက်နေ ကြောင်း သီရိမင်္ဂလာဈေးရှိ ကွမ်း လက်လီလက်ကားအရောင်းဆိုင် တချို့ထံမှသိရသည်။

အခြားခြံကွမ်းရွက်များသည် လက်ရှိဈေးကွက်ထဲတွင် တစ်ပိ ဿာလျှင် ကျပ် ၈,၀၀၀ ခန့်ဈေးရှိ နေပြီး မူလဈေးမတက်မီက ကျပ် ၄,၀၀၀ ခန့်သာဈေးရှိခဲ့ကြောင်း သိရသည်။

‘‘ကွမ်းရွက်တွေဈေးတက်လို့ စားသုံးသူတွေရဲ့ ၀ယ်ယူမှုက  ကျ ဆင်းမသွားဘူး။ ပုံမှန်အရောင်းအ ၀ယ်အတိုင်းပဲရှိနေပါတယ်’’ဟု သီရိမင်္ဂလာဈေးရှိ ကွမ်းလက်လီ လက်ကားအရောင်းဆိုင်တစ်ဆိုင် က ပြောသည်။

ဟင်္သာတ၊ ကျောင်းကုန်းမှ စိုက်သော ကွမ်းရွက်များ လာမည့် စက်တင်ဘာတွင် ဈေးကွက်အ တွင်းသို့ စတင်ဝင်ရောက်လာမည်ဖြစ်သောကြောင့် ပစ္စည်းပေါသွားမည်ဖြစ်ပြီး ကွမ်းရွက်ဈေး ပြန်လည်ကျဆင်းသွားနိုင်ကြောင်း သီရိမင်္ဂလာဈေးတွင် ကွမ်းရွက်ရောင်းချသောအလုပ်အားဆယ့်ငါးနှစ် လုပ်ကိုင်သူမခင်ညိုက သုံးသပ်သည်။

ပန်းတနော်ကွမ်းရွက်ကိုပန်း တနော်မြို့တွင် စိုက်ပျိုးပြီး အခြား ခြံကွမ်းရွက်များကို ကွမ်းခြံကုန်း၊ ကော့မှူးမြို့များတွင် စိုက်ပျိုးသည်။

သီရိမင်္ဂလာဈေးမှ ကွမ်းရွက် များကို ပျဉ်းမနား၊ ကျောက်ဆည် ရခိုင်ပြည်နယ်ရှိမြို့များကအဓိက၀ယ်ယူမှုရှိကြောင်း သိရသည်။
7 day

No comments:

Post a Comment