Friday 8 August 2014

တရုတ်နိုင်ငံမှ တင်သွင်းသော Solar Cell များသည် အရည်အသွေးဆိုင်ရာ အာမခံချက်မရှိရုံသာမကElectronic Wave များ ထုတ်လွှင့်လေ့ရှိသောကြောင့် သဘာဝပတ်ဝန်းကျင်အပြင် သုံးစွဲသူများအတွက်ပါ စိုးရိမ်စရာရှိနေ

Photo: တရုတ်နိုင်ငံမှ တင်သွင်းသော Solar Cell များသည် အရည်အသွေးဆိုင်ရာ အာမခံချက်မရှိရုံသာမကElectronic Wave များ ထုတ်လွှင့်လေ့ရှိသောကြောင့် သဘာဝပတ်ဝန်းကျင်အပြင် သုံးစွဲသူများအတွက်ပါ စိုးရိမ်စရာရှိနေ
Friday, August 8, 2014

တရုတ်နိုင်ငံမှ တင်သွင်းသော Solar Cell များသည် အရည်အသွေးဆိုင်ရာ အာမခံချက်မရှိဘဲ Electronic Wave များ ထုတ်လွှင့်လေ့ရှိသောကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်တွင် များစွာသက်ရောက်မှုရှိနေပြီး သုံးစွဲသူများအတွက်ပါ စိုးရိမ်စရာရှိနေကြောင်း သိရသည်။
 
ဈေးကွက်ထဲတွင် ရောင်းချနေသည့် ဆိုလာပစ္စည်းများ၏ အရည်အသွေးများသည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိနေသည့်  Solar Cell ပစ္စည်းမျိုးစုံရှိနေကြောင်း၊ သို့သော် အရည်အသွေးပြည့်ဝသော ပစ္စည်းရှားပါးကြောင်း သိရသည်။ 
 
“ကျေးရွာတွေမှာဆိုရင် ရေရရှိရေးအတွက် (Water Supply System)  သုံးတယ်။ အထူးသဖြင့် ဧရာဝတီတိုင်း နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့ အချိန်မှာ သုံးလာတယ်။ မြန်မာပြည်ကို အများစုလာတဲ့ Solar Cell တွေက တရုတ်က ဝင်လာတာတွေဖြစ်ပြီးတော့ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီးတော့ အာမခံချက်မရှိပါဘူး။ သူတို့ဈေးကွက်ထဲမှာ  မသုံးတဲ့အတွက်ကြောင့် မြန်မာဘက်ကို ပို့လိုက်တာပါ။ ဒါကြောင့် ဒီကထွက်လာတဲ့ Electronic Wave တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာရှိတယ်။ တရုတ်မှာတော့ Electronic Wave တွေနဲ့ ပတ်သက်ပြီးတော့ အတော်ဂရုစိုက်လုပ်ဆောင်နေတာ တွေ့ရတယ်။သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ Solar Cell တွေ ဒီဘက်ကို ပို့လိုက်တယ်။ ဘာမှစံချိန်စံညွှန်အားဖြင့်လည်း မရှိဘူး။ ဘယ်လို Guarantee မရှိဘူး။ ဒီဘက်ဈေးကွက်မှာကျတော့ ဈေးအရမ်းသက်သာတဲ့အတွက် လူတွေက ဝယ်သုံးကြတယ်။ ဒီလိုဈေးသက်သာရတဲ့ အကြောင်းအရင်းကလည်း သူ့နိုင်ငံမှာထားရင် လွှတ်ပစ်ရမယ့်ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီဘက်နိုင်ငံကို ပို့လိုက်တာပါ။ ဝယ်တဲ့သူတွေကလည်း အဲဒါတွေမသိဘူး။ သူတို့သိတာက သူတို့ကကြီးရင်ကောင်းတယ်ထင်ပြီး ဝယ်တယ်။ကျန်တဲ့ဟာတွေနဲ့ပတ်သက်ပြီး သူတို့က မစဉ်းစား မတွေးခေါ်တတ်ဘူး။ ရောင်းတဲ့သူတွေကလည်း ဘာမှမစဉ်းစားဘဲ ရောင်းတယ်။ ဒို့ မြန်မာပြည်မှာဖြစ်နေတဲ့ အဓိကပြဿနာက အဲဒါပဲ”ဟု ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း (REAM) မှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။
 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ Solar Cell များအား ကျေးလက်ဒေသများတွင်သုံးစွဲမှု အထိုက်အလျောက် မြင့်တက်လာသော်လည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များအပြင် စရိတ်စကကြီးမြင့်မှုများ ရှိနေသည့်အတွက် အများအပြားတွင်ကျယ် လာမှုမရှိသေးကြောင်း သိရသည်။
 
“ဆိုလာကို larger scale သုံးမယ်ဆိုရင်တော့ အခက်အခဲကတော့ ပိုက်ဆံများများလိုတယ်။ ပြီးတော့ သူကပိုပြီး technology မှန်ဖို့လိုတယ်။ ဒီဇိုင်းတွေကော စံချိန်စံညွှန်းတွေကော မှန်ကန်ဖို့လိုတယ်။ မမှန်ရင် large scale မှာ အများကြီးဆုံးရှုံးနိုင်တယ်။ မှန်လို့ရှိရင် ဆိုလာဆိုတာ Modular System လို့ ခေါ်တယ်။ ဟမ်းဖုန်းတို့ နာရီတို့မှာပါတဲ့ သေးသေးလေးကအစ မြို့ကြီးတစ်မြို့လုံးကိုပေးတဲ့အထိ လုပ်လို့ရတယ်။ ဒါကြောင့် နည်းပညာအရေးကြီးသလို ငွေကြေးအထောက်အပံ့ကလည်း အရေးကြီးတယ်” ဦးအောင်မြင့် က ပြောကြားခဲ့သည်။

Eleven Media Group 

လပွတ္တာမြို့နယ်အတွင်း ဆိုလာပြားတပ်ဆင်အသုံးပြုနေသည်ကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်
လပွတ္တာမြို့နယ်အတွင်း ဆိုလာပြားတပ်ဆင်အသုံးပြုနေသည်ကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်း က တွေ့ရ စဉ်
တရုတ်နိုင်ငံမှ တင်သွင်းသော Solar Cell များသည် အရည်အသွေးဆိုင်ရာ အာမခံချက်မရှိဘဲ Electronic Wave များ ထုတ်လွှင့်လေ့ရှိသောကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်တွင် များစွာသက်ရောက်မှုရှိနေပြီး သုံးစွဲသူများအတွက်ပါ စိုးရိမ်စရာရှိနေကြောင်း သိရသည်။
ဈေးကွက်ထဲတွင် ရောင်းချနေသည့် ဆိုလာပစ္စည်းများ၏ အရည်အသွေးများသည် များစွာအရေး ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိနေသည့်  Solar Cell ပစ္စည်းမျိုးစုံရှိနေကြောင်း၊ သို့သော် အရည်အသွေးပြည့် ဝသော ပစ္စည်းရှားပါးကြောင်း သိရသည်။

“ကျေးရွာတွေမှာဆိုရင် ရေရရှိရေးအတွက် (Water Supply System)  သုံးတယ်။ အထူးသဖြင့် ဧရာဝတီ တိုင်း နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့ အချိန်မှာ သုံးလာ တယ်။ မြန်မာပြည်ကို အများစုလာတဲ့ Solar Cell တွေက တရုတ်က ဝင်လာတာတွေဖြစ်ပြီးတော့ စံချိန် စံညွှန်း နဲ့ ပတ်သက်ပြီးတော့ အာမခံချက်မရှိပါဘူး။ သူတို့ဈေးကွက်ထဲမှာ  မသုံးတဲ့အတွက်ကြောင့် မြန်မာ ဘက်ကို ပို့လိုက်တာပါ။ ဒါကြောင့် ဒီကထွက်လာတဲ့ Electronic Wave တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ် စရာရှိတယ်။ တရုတ်မှာတော့ Electronic Wave တွေနဲ့ ပတ်သက်ပြီးတော့ အတော်ဂရုစိုက်လုပ်ဆောင်နေ တာ တွေ့ရတယ်။သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ Solar Cell တွေ ဒီဘက်ကို ပို့လိုက်တယ်။ ဘာမှစံချိန်စံညွှန်အားဖြင့်လည်း မရှိဘူး။ ဘယ်လို Guarantee မရှိဘူး။ ဒီဘက်ဈေးကွက်မှာကျတော့ ဈေးအရမ်းသက်သာတဲ့အတွက် လူတွေက ဝယ်သုံးကြတယ်။ ဒီလိုဈေးသက်သာရတဲ့ အကြောင်းအရင်းကလည်း သူ့နိုင်ငံမှာထားရင် လွှတ်ပစ်ရမယ့် ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီဘက်နိုင်ငံကို ပို့လိုက်တာပါ။ ဝယ်တဲ့သူတွေကလည်း အဲဒါတွေ မသိဘူး။ သူတို့သိတာက သူတို့ကကြီးရင်ကောင်းတယ်ထင်ပြီး ဝယ်တယ်။ကျန်တဲ့ဟာတွေနဲ့ ပတ် သက်ပြီး သူတို့က မစဉ်းစား မတွေးခေါ်တတ်ဘူး။ ရောင်းတဲ့သူတွေကလည်း ဘာမှမစဉ်းစားဘဲ ရောင်း တယ်။ ဒို့ မြန်မာပြည်မှာဖြစ်နေတဲ့ အဓိကပြဿနာက အဲဒါပဲ”ဟု ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း (REAM) မှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ Solar Cell များအား ကျေးလက်ဒေသများတွင်သုံးစွဲမှု အထိုက် အလျောက် မြင့် တက်လာသော်လည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များအပြင် စရိတ်စကကြီးမြင့်မှု များ ရှိနေသည့်အတွက် အများအပြားတွင်ကျယ် လာမှုမရှိသေးကြောင်း သိရသည်။

“ဆိုလာကို larger scale သုံးမယ်ဆိုရင်တော့ အခက်အခဲကတော့ ပိုက်ဆံများများလိုတယ်။ ပြီးတော့ သူကပိုပြီး technology မှန်ဖို့လိုတယ်။ ဒီဇိုင်းတွေကော စံချိန်စံညွှန်းတွေကော မှန်ကန်ဖို့လိုတယ်။ မမှန်ရင် large scale မှာ အများကြီးဆုံးရှုံးနိုင်တယ်။ မှန်လို့ရှိရင် ဆိုလာဆိုတာ Modular System လို့ ခေါ်တယ်။ ဟမ်းဖုန်းတို့ နာရီတို့မှာပါတဲ့ သေးသေးလေးကအစ မြို့ကြီးတစ်မြို့လုံးကိုပေးတဲ့အထိ လုပ်လို့ရတယ်။ ဒါကြောင့် နည်းပညာအရေးကြီးသလို ငွေကြေးအထောက်အပံ့ကလည်း အရေးကြီးတယ်” ဦးအောင်မြင့် က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment