Friday 8 August 2014

သတိရနေသေးသည် ဟီရိုရှီးမား နှင့် နာဂါဆာကီ

Photo: သတိရနေသေးသည် ဟီရိုရှီးမား နှင့် နာဂါဆာကီ
Friday, August 8, 2014

ကျွန်တော်သည် ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်၍ ယခုအခါ အသက် ၇၃ နှစ် ရှိပါပြီ။ မိမိ ဘ၀အတွေ့အကြုံအရ “စစ်နှင့် ငြိမ်းချမ်းရေး”ကို ကြိုက်ရာရွေးပါဟုဆိုလျှင် ငြိမ်းချမ်းရေးကိုသာ ရွေးချယ်မည်ဖြစ်သည်။ ယခုလို သြဂုတ်လတွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်တွင် အဏုမြူ ဗုံးကြဲချခြင်းခံရပုံကို Modern History သင်ကြားရစဉ်ကပင် အသေးစိတ်သိခဲ့ရ၏။
 
ကမ္ဘာပေါ်တွင် စစ်ကြီးနှစ်ခုပေါ်ခဲ့ရာ ဒုတိယကမ္ဘာစစ်သည် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ ဖြစ်ပွားခဲ့သည်။ စစ်အတွင်း မဟာမိတ်နိုင်ငံများဘက်မှ လူပေါင်း ၄၄၃၃၁၈၇ (လေးသန်းခွဲခန့်) သေဆုံး၍ ၀င်ရိုးစွန်းနိုင်ငံများဘက်မှ လူငါးသန်းကျော် သေဆုံးခဲ့သည်။ အတိအကျဆိုလျှင် ၅၁၇၅၀၀၀ သေခဲ့ပါသည်။
 
ဒုတိယကမ္ဘာစစ်ကြီးတွင် လူအင်အား ၉၆၀၈၁၀၇ သေဆုံးကြောင်း စစ်မှတ်တမ်းများရှိသည်။ ထိုစစ်ကြီးများနှင့် ဆက်စပ်လျက် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်သို့ အမေရိကန်တို့က ရက်စက်ယုတ်မာစွာ မညှာမတာ ဗုံးကြဲခဲ့ပုံများကို ဤသတင်းစာမှတစ်ဆင့် တင်ပြပါမည်။
 
ဟီရိုရှီးမားဆိုသောမြို့
 
နီပွန်တို့၏ ဟီရိုရှီးမားမြို့မှာ အလွန်လှပသည်။ အိုတာမြစ်နံဘေး ကျွန်းခြောက်ကျွန်းပေါ်၌ ယပ်တောင်သဖွယ် တည်ဆောက်ထားသည်။ ချယ်ရီပင်များ၊ ထင်းရှူးပင်များဖြင့် လှပနေ၏။
 
၁၉၄၅ ခု၊ သြဂုတ်လ ၆ ရက်
 
အမေရိကန်တို့၏ ဘီ ၂၉ အမျိုးအစား ဗုံးကြဲလေယာဉ်ကြီးတစ်စင်းသည် တီနိုယံကျွန်းမှ ပျံတက်လာသည်။ အချိန်မှာ မိုးမလင်းသေး။ နံနက် ၂ နာရီခွဲသာရှိသေးသည်။ လေယာဉ်ကြီး၏ အမည်မှာ အီနိုလာဂေး ဖြစ်သည်။ မောင်းသူမှာ ဗိုလ်မှူးပေါ်လတစ်ဘတ် ဖြစ်၏။ 
ထိုဗိုလ်မှူးကို အမေရိကန်အစိုးရက ဂျပန်ကျွန်းများပေါ်၌ ဗုံးကြဲရန် တာဝန်ပေးပြီး ဖြစ်သည်။ အီနိုလာဂေး၏နောက်တွင် အခြား ဘီ ၂၉ နှစ်စင်းက ခြံရံလိုက်ပါသည်။ ဓာတ်ပုံရိုက်ရန်၊ ဗုံးအင်အားကို တိုင်းတာရန် ဖြစ်သည်။ ဂျပန်တို့မှာ ယင်းအခြေအနေကို လုံးဝမရိပ်မိကြပါ။ အချို့သာ ဗုံးခိုကျင်းများထဲ ၀င်နေပြီး အချို့မှာ ဗုံးခိုကျင်းပြင်ပ၌ အေးအေးလူလူ ထိုင်နေကြသည်။
 
ထိုအချိန်တွင် အီနိုလာဂေးသည် ပေသုံးသောင်းကျော်အမြင့်မှ ပျံသန်းလာရာ ဟီရိုရှီးမားမြို့ပေါ်  ရောက်လာလေပြီ။ နံနက် ၇ နာရီ မိနစ် ၂၀ အချိန်တွင် ရေဒါ၌ ကွက်တိတွေ့ရသော ဟီရိုရှီးမားမြို့ပေါ်သို့ ဗုံးချရန် အမိန့်ပေးလိုက်သည်။ ပေ သုံးသောင်းကျော်မှ တန်ချိန်ပေါင်တစ်သောင်းရှိသော ဗုံးကြီးတစ်လုံး မြေပြင်သို့ ကျလာသည်။ မြေပြင်မှ ပေ ၅၀၀ အရောက်တွင် လေထီးပွင့်၍ ဗုံးကြီးပေါက်ကွဲသွားသည်။
 
အဏုမြူဗုံးကွဲသည်ဆိုလျှင်ပင် “၀ုန်း” ခနဲ အသံကြီးမြည်ဟည်းကာ အဏုမြူရောင်ခြည်များ ဖြာထွက်လာသည်။ ရောင်ခြည်အလင်းတန်းများမှာ နေရောင်ထက် အဆတစ်ရာမျှသာသည်။ အဏုမြူဗုံး (Atomic Bomb) ပေါက်ကွဲသည်နှင့်တစ်ပြိုင်နက် ဟီရိုရှီးမားတစ်မြို့လုံး မီးလောင်ပြာကျသွားသည်။ အဏုမြူဓာတ်ပြာများ လေထဲသို့လွှင့်တက်သွားပြီး ကောင်းကင်တွင် မှိုပွင့်ကြီးကဲ့သို့ ဖြစ်သွားသည်။ (ပထမပုံကို ကြည့်ပါ။) ဗုံးဒဏ်ကြောင့် တိုက်အိမ်အဆောက်အအုံအားလုံး ပြိုကျကုန်သည်။ မဆိုစလောက် တိုက်ငါးလုံးသာ ကျန်တော့သည်။ ဘူတာရုံထဲရှိ ရထားတွဲ ၄၇ တွဲလုံး ကြေမွပျက်စီးသွားသည်။
 
လှပသော  မြစ်လက်တက်ပေါ်ရှိ တံတား ခုနစ်စင်း လိမ်ကောက်သွားသည်။ အဆောက်အအုံ ၆၈၂၀ လုံး ဟုန်းဟုန်းတောက် မီးလောင်နေသည်။ ၀င်းခနဲလက်သွားသော အဏုမြူရောင်ခြည်နှင့်အတူ အပူငွေ့လှိုင်းများ ရုတ်ခြည်းရိုက်ခတ်လာသည်။ အပူချိန် စင်တီဂရိတ် တစ်သန်းကျော်နေသည်။ ထိုအပူလှိုင်းကြောင့် လေမုန်တိုင်းများ တိုက်ခတ်လာရာ တစ်နာရီလျှင် မိုင် ၅၀ မှ ၇၀ ထိ တိုက်သည်။ နေရာအနှံ့ မီးလောင်ပြီး မီးခဲပြာပုံများ ဖြစ်သွားသည်။ အဏုမြူ ဓာတ်ပြာများက တစ်မိုးလုံး မှောင်နေသည်။
 
ထိုအဏုမြူဗုံးဒဏ်ကြောင့် လူပေါင်း ၇၈၁၅၀ သေဆုံးကာ ၃၇၄၁၅ ယောက် ဒဏ်ရာအပြင်းအထန် ရခဲ့ပါသည်။ ဆေးခန်း၊ ဆေးရုံအားလုံး မီးလောင်ပျက်စီးကုန်သည်။ ဆေးရုံ ၄၅ ရုံအနက် သုံးရုံသာ အကောင်းကျန်သည်။ သူနာပြု ၁၇၈၀ ဦးရှိရာ ၁၆၅၄ ဦးမှာ တစ်ခါတည်း သေသွားသည်။ အပူဒဏ်ကြောင့် အရေပြားမှာအားလုံး ကွာကျသွားသည်။ ထိုအဏုမြူငရဲဗုံးကြောင့် ရေဒီရေးရှင်းဓာတ်ရောင်ခြည်သင့်ပြီး ခြေပြတ်လက်ပြတ်ဖြစ်၍  ဂျပန်များ  မျိုးဆက်သုန်းကုန်သည်။
 
နာဂါဆာကီပေါ်မှ ဒုတိယဗုံး
 
အမေရိကန်တို့သည် ဗုံးတစ်လုံးကြဲရုံဖြင့် ကျေနပ်မှုရှိဟန်မတူပါ။ သြဂုတ်လ ၉ ရက်တွင် နာဂါဆာကီမြို့ပေါ်သို့ ဒုတိယဗုံးတစ်လုံး ကြဲချခဲ့သည်။ ထိုဗုံးမှာလည်း ယခင်ဗုံးလိုပင် တန်ချိန်တစ်သောင်းလေးကာ အဖျက်အင်အား အလွန်ကောင်းသည်။ နာဂါဆာကီ မီးလောင်ပုံကိုလည်း ဓာတ်ပုံရိုက်ပြထားပါသည်။
 
ဂျပန်တို့ လက်နက်ချပြီ
 
အမေရိကန်တို့၏ အဏုမြူဗုံးဒဏ်ကို နှစ်ကြိမ်ခံရပြီးနောက် ဂျပန်တို့လည်း သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ပြေငြိမ်းရန် ကမ်းလှမ်းလိုက်သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ပို့စ်ဒမ်ကြေညာစာတမ်းကို ဂျပန်တို့ လက်ခံခဲ့သည်။ ဂျပန်တို့က လက်နက်ချအညံ့ခံကြောင်း လက်မှတ်ရေးထိုးသောနေ့ကို ပီဂျေီပေဟု အမေရိကန်တို့က ခေါ်ခဲ့ကြသည်။ အပြီးသတ်အောင်ပွဲနေ့ဟု ဆိုလိုသည်။
 
ကမ္ဘာပေါ်တွင် နောက်ထပ်ကမ္ဘာစစ် ကျွန်းဆွယ်စစ်များ ပေါ်မလာနိုင်ဟု မဆိုနိုင်ပါ။ ထိုစစ်များပေါ်လာလျှင် နာဂါဆာကီပေါ်တွင် နောက်ဆုံးကြဲချသောဗုံးထက် အဆအရာအထောင်အင်အားပြင်းသည့်ဗုံးများကို အသုံးပြုကြပေလိမ့်မည်။ ထိုအခါ လူများ သန်းနှင့်ချီ၍ သေကြလိမ့်မည်။ သို့အတွက် အဏုမြူဗုံးဆန့်ကျင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို စိုက်လိုက်မတ်တတ်ဆောင်ရွက်ကြပါဟု တိုက်တွန်းရပါသည်။
 
ကျမ်းကိုး။ စွယ်စုံကျမ်းအမှတ် (၁၃)
မြန်မာသုတပဒေသာ၊ ပြန်ကြားရေးဌာန

နာဂါဆာကီမြို့ပေါ်တွင် ချခဲ့သော ဒုတိယဗုံး (ပုံကြီး)နှင့် ဟီရိုရှီးမားတွင် ချသောဗုံး (ပုံသေး)
နာဂါဆာကီမြို့ပေါ်တွင် ချခဲ့သော ဒုတိယဗုံး (ပုံကြီး)နှင့် ဟီရိုရှီးမားတွင် ချသောဗုံး (ပုံသေး)
ကျွန်တော်သည် ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်၍ ယခုအခါ အသက် ၇၃ နှစ် ရှိပါပြီ။ မိမိ ဘ၀အတွေ့ အကြုံ အရ “စစ်နှင့် ငြိမ်းချမ်းရေး”ကို ကြိုက်ရာရွေးပါဟုဆိုလျှင် ငြိမ်းချမ်းရေးကိုသာ ရွေးချယ်မည်ဖြစ်သည်။ ယခုလို သြဂုတ်လတွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်တွင် အဏုမြူ ဗုံးကြဲချခြင်းခံရပုံကို Modern History သင်ကြားရစဉ်ကပင် အသေးစိတ်သိခဲ့ရ၏။
ကမ္ဘာပေါ်တွင် စစ်ကြီးနှစ်ခုပေါ်ခဲ့ရာ ဒုတိယကမ္ဘာစစ်သည် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ ဖြစ်ပွားခဲ့သည်။ စစ်အတွင်း မဟာမိတ်နိုင်ငံများဘက်မှ လူပေါင်း ၄၄၃၃၁၈၇ (လေးသန်းခွဲခန့်) သေဆုံး၍ ၀င်ရိုးစွန်းနိုင်ငံများ ဘက်မှ လူငါးသန်းကျော် သေဆုံးခဲ့သည်။ အတိအကျဆိုလျှင် ၅၁၇၅၀၀၀ သေခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးတွင် လူအင်အား ၉၆၀၈၁၀၇ သေဆုံးကြောင်း စစ်မှတ်တမ်းများရှိသည်။ ထိုစစ်ကြီး များနှင့် ဆက်စပ်လျက် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်သို့ အမေရိကန်တို့က ရက်စက်ယုတ်မာစွာ မညှာမတာ ဗုံးကြဲခဲ့ပုံများကို ဤသတင်းစာမှတစ်ဆင့် တင်ပြပါမည်။

ဟီရိုရှီးမားဆိုသောမြို့
နီပွန်တို့၏ ဟီရိုရှီးမားမြို့မှာ အလွန်လှပသည်။ အိုတာမြစ်နံဘေး ကျွန်းခြောက်ကျွန်းပေါ်၌ ယပ်တောင် သဖွယ် တည်ဆောက်ထားသည်။ ချယ်ရီပင်များ၊ ထင်းရှူးပင်များဖြင့် လှပနေ၏။

၁၉၄၅ ခု၊ သြဂုတ်လ ၆ ရက်
 အမေရိကန်တို့၏ ဘီ ၂၉ အမျိုးအစား ဗုံးကြဲလေယာဉ်ကြီးတစ်စင်းသည် တီနိုယံကျွန်းမှ ပျံတက်လာသည်။ အချိန်မှာ မိုးမလင်းသေး။ နံနက် ၂ နာရီခွဲသာရှိသေးသည်။ လေယာဉ်ကြီး၏ အမည်မှာ အီနိုလာဂေး ဖြစ် သည်။ မောင်းသူမှာ ဗိုလ်မှူးပေါ်လတစ်ဘတ် ဖြစ်၏။

ထိုဗိုလ်မှူးကို အမေရိကန်အစိုးရက ဂျပန်ကျွန်းများပေါ်၌ ဗုံးကြဲရန် တာဝန်ပေးပြီး ဖြစ်သည်။ အီနိုလာဂေး ၏နောက် တွင် အခြား ဘီ ၂၉ နှစ်စင်းက ခြံရံလိုက်ပါသည်။ ဓာတ်ပုံရိုက်ရန်၊ ဗုံးအင်အားကို တိုင်းတာ ရန် ဖြစ်သည်။ ဂျပန်တို့မှာ ယင်းအခြေအနေကို လုံးဝမရိပ်မိကြပါ။ အချို့သာ ဗုံးခိုကျင်းများထဲ ၀င်နေပြီး အချို့မှာ ဗုံးခိုကျင်းပြင်ပ၌ အေးအေးလူလူ ထိုင်နေကြသည်။

ထိုအချိန်တွင် အီနိုလာဂေးသည် ပေသုံးသောင်းကျော်အမြင့်မှ ပျံသန်းလာရာ ဟီရိုရှီးမားမြို့ပေါ်  ရောက် လာလေ ပြီ။ နံနက် ၇ နာရီ မိနစ် ၂၀ အချိန်တွင် ရေဒါ၌ ကွက်တိတွေ့ရသော ဟီရိုရှီးမားမြို့ပေါ်သို့ ဗုံးချရန် အမိန့်ပေးလိုက်သည်။ ပေ သုံးသောင်းကျော်မှ တန်ချိန်ပေါင်တစ်သောင်းရှိသော ဗုံးကြီးတစ်လုံး မြေပြင်သို့ ကျလာသည်။ မြေပြင်မှ ပေ ၅၀၀ အရောက်တွင် လေထီးပွင့်၍ ဗုံးကြီးပေါက်ကွဲသွားသည်။

အဏုမြူဗုံးကွဲသည်ဆိုလျှင်ပင် “၀ုန်း” ခနဲ အသံကြီးမြည်ဟည်းကာ အဏုမြူရောင်ခြည်များ ဖြာထွက် လာသည်။ ရောင်ခြည်အလင်းတန်းများမှာ နေရောင်ထက် အဆတစ်ရာမျှသာသည်။ အဏုမြူဗုံး (Atomic Bomb) ပေါက်ကွဲသည်နှင့်တစ်ပြိုင်နက် ဟီရိုရှီးမားတစ်မြို့လုံး မီးလောင်ပြာကျသွားသည်။ အဏုမြူဓာတ်ပြာ များ လေထဲသို့လွှင့်တက်သွားပြီး ကောင်းကင်တွင် မှိုပွင့်ကြီးကဲ့သို့ ဖြစ်သွားသည်။ (ပထမပုံကို ကြည့်ပါ။) ဗုံးဒဏ်ကြောင့် တိုက်အိမ်အဆောက်အအုံအားလုံး ပြိုကျကုန်သည်။ မဆိုစလောက် တိုက်ငါးလုံးသာ ကျန်တော့သည်။ ဘူတာရုံထဲရှိ ရထားတွဲ ၄၇ တွဲလုံး ကြေမွပျက်စီးသွားသည်။

လှပသော  မြစ်လက်တက်ပေါ်ရှိ တံတား ခုနစ်စင်း လိမ်ကောက်သွားသည်။ အဆောက်အအုံ ၆၈၂၀ လုံး ဟုန်းဟုန်းတောက် မီးလောင်နေသည်။ ၀င်းခနဲလက်သွားသော အဏုမြူရောင်ခြည်နှင့်အတူ အပူငွေ့လှိုင်း များ ရုတ်ခြည်းရိုက်ခတ်လာသည်။ အပူချိန် စင်တီဂရိတ် တစ်သန်းကျော်နေသည်။ ထိုအပူလှိုင်းကြောင့် လေ မုန် တိုင်းများ တိုက်ခတ်လာရာ တစ်နာရီလျှင် မိုင် ၅၀ မှ ၇၀ ထိ တိုက်သည်။ နေရာအနှံ့ မီးလောင်ပြီး မီးခဲပြာပုံများ ဖြစ်သွားသည်။ အဏုမြူ ဓာတ်ပြာများက တစ်မိုးလုံး မှောင်နေသည်။

ထိုအဏုမြူဗုံးဒဏ်ကြောင့် လူပေါင်း ၇၈၁၅၀ သေဆုံးကာ ၃၇၄၁၅ ယောက် ဒဏ်ရာအပြင်းအထန် ရခဲ့ပါသည်။ ဆေးခန်း၊ ဆေးရုံအားလုံး မီးလောင်ပျက်စီးကုန်သည်။ ဆေးရုံ ၄၅ ရုံအနက် သုံးရုံသာ အကောင်းကျန်သည်။ သူနာပြု ၁၇၈၀ ဦးရှိရာ ၁၆၅၄ ဦးမှာ တစ်ခါတည်း သေသွားသည်။ အပူဒဏ်ကြောင့် အရေပြားမှာအားလုံး ကွာကျသွားသည်။ ထိုအဏုမြူငရဲဗုံးကြောင့် ရေဒီရေးရှင်းဓာတ်ရောင်ခြည် သင့်ပြီး ခြေပြတ်လက်ပြတ်ဖြစ်၍  ဂျပန်များ  မျိုးဆက်သုန်းကုန်သည်။

နာဂါဆာကီပေါ်မှ ဒုတိယဗုံး
အမေရိကန်တို့သည် ဗုံးတစ်လုံးကြဲရုံဖြင့် ကျေနပ်မှုရှိဟန်မတူပါ။ သြဂုတ်လ ၉ ရက်တွင် နာဂါဆာကီမြို့ပေါ် သို့ ဒုတိယဗုံးတစ်လုံး ကြဲချခဲ့သည်။ ထိုဗုံးမှာလည်း ယခင်ဗုံးလိုပင် တန်ချိန်တစ်သောင်းလေးကာ အဖျက်အင်အား အလွန်ကောင်းသည်။ နာဂါဆာကီ မီးလောင်ပုံကိုလည်း ဓာတ်ပုံရိုက်ပြထားပါသည်။

ဂျပန်တို့ လက်နက်ချပြီ
အမေရိကန်တို့၏ အဏုမြူဗုံးဒဏ်ကို နှစ်ကြိမ်ခံရပြီးနောက် ဂျပန်တို့လည်း သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်ပြေငြိမ်းရန် ကမ်းလှမ်းလိုက်သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ပို့စ်ဒမ်ကြေညာစာတမ်းကို ဂျပန်တို့ လက်ခံခဲ့သည်။ ဂျပန်တို့က လက်နက်ချအညံ့ခံကြောင်း လက်မှတ်ရေးထိုးသောနေ့ကို ပီဂျေီပေဟု အမေရိကန်တို့က ခေါ်ခဲ့ကြသည်။ အပြီးသတ်အောင်ပွဲနေ့ဟု ဆိုလိုသည်။

ကမ္ဘာပေါ်တွင် နောက်ထပ်ကမ္ဘာစစ် ကျွန်းဆွယ်စစ်များ ပေါ်မလာနိုင်ဟု မဆိုနိုင်ပါ။ ထိုစစ်များပေါ်လာလျှင် နာဂါဆာကီပေါ်တွင် နောက်ဆုံးကြဲချသောဗုံးထက် အဆအရာအထောင်အင်အားပြင်းသည့်ဗုံးများကို အသုံးပြုကြပေလိမ့်မည်။ ထိုအခါ လူများ သန်းနှင့်ချီ၍ သေကြလိမ့်မည်။ သို့အတွက် အဏုမြူဗုံးဆန့်ကျင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို စိုက်လိုက်မတ်တတ်ဆောင်ရွက်ကြပါဟု တိုက်တွန်းရပါသည်။

ကျမ်းကိုး။ စွယ်စုံကျမ်းအမှတ် (၁၃)
မြန်မာသုတပဒေသာ၊ ပြန်ကြားရေးဌာန

No comments:

Post a Comment