Friday 8 August 2014

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ရန် တင်ဒါခေါ်ယူ

Photo: မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ရန် တင်ဒါခေါ်ယူ
Friday, August 8, 2014

မြေနီကုန်း ခုံးကျော်တံ တားတည်ဆောက်ရန် ပြည်တွင်း မှ ပုဂ္ဂလိကကုမ္ပဏီများကို သြ ဂုတ် ၆ ရက်မှစ၍ တင်ဒါခေါ်ယူ ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သတင်းရရှိ သည်။

‘‘တံတားတည်ဆောက်ဖို့က ပြည်ပကုမ္ပဏီတွေကို မပေးဘူး။ ပြည်တွင်းကုမ္ပဏီတွေကိုပဲ တင် ဒါရွေးချယ်ပေးဖို့ စီစဉ်ထားတယ်’’ ဟု အထက်ပါ အစိုးရဌာနမှ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦး အောင်ခင်က ပြောကြားသည်။

မြေနီကုန်းခုံးကျော်တံတား ကို ရန်ကုန်တိုင်းဒေသကြီး ဘတ် ဂျက်မှ ၁၆ ဘီလီယံ (သန်းပေါင်း သောင်းခြောက်ထောင်) ကျော် ကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့ ပြည်လမ်းတစ် လျှောက်တွင် နေ့စဉ်ကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန် ခုံးကျော်တံတား တည်ဆောက်ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့မှ ထုတ်ဖော်ပြော ကြားထားသည်။

‘‘ဒီတံတားဆောက်လို့ ယာဉ် ကြောပိတ်ဆို့မှု ဘယ်လောက်ထိ လျော့ကျမယ်လို့ အာမခံမလဲ။ ဘယ်လောက်ရာခိုင်နှုန်း လျော့ ကျသွားမလဲဆိုတာကို ပြည်သူကို ချပြသင့်တယ်’’ ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်း က ပြောကြားသည်။

တံတားတည်ဆောက်ရေး လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာ စွာဖြင့် မည်သည့် ကုမ္ပဏီကို ရွေး ချယ်ကြောင်း ပြည်သူများအား အ သိပေးရန်လိုပြီး တံတားအရည် အသွေး အာမခံချက်ရှိရန်လို ကြောင်း ၎င်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းရန် ဘုရင့်နောင်၊ ရွှေဂုံတိုင် နှင့် လှည်းတန်းတို့တွင် ခုံးကျော် တံတားတစ်စင်းစီ တည်ဆောက် ခဲ့သည်။ တံတားသုံးစင်းကို ငွေ ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ၍ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု သိသာစွာလျော့ကျသွားခြင်းမရှိပေ။ ထို့ ကြောင့် ယခုတည်ဆောက်မည့် တံတားကိုလည်း ပွင့်လင်းမြင်သာ စွာ ပြည်သူကို ချပြပြီး တည် ဆောက်သင့်ကြောင်း မြို့ပြစီမံ ကိန်းပညာရှင်တစ်ဦးက ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် အထူးစီမံကိန်းများ ဆောင် ရွက်ရန် ကျပ် ၃၂ ဘီလီယံသုံးစွဲ မည်ဖြစ်သည်။ ယင်းစီမံကိန်းများ တွင် မြေနီကုန်းတံတားစီမံကိန်း၊ ငမိုးရိပ်ချောင်းကူးတံတား တည် ဆောက်မှုစီမံကိန်းနှင့် ဒေါပုံမြို့ နယ်ရှိ ငမိုးရိပ်သံပေါင်တံတား ပြုပြင်ရေးတို့ ပါဝင်သည်။

7Day DAILY 

မြေနီကုန်းမီးပွိုင့်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြေနီကုန်းမီးပွိုင့်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
မြေနီကုန်း ခုံးကျော်တံ တားတည်ဆောက်ရန် ပြည်တွင်း မှ ပုဂ္ဂလိကကုမ္ပဏီများကို သြ ဂုတ် ၆ ရက်မှစ၍ တင်ဒါခေါ်ယူ ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သတင်းရရှိ သည်။
‘‘တံတားတည်ဆောက်ဖို့က ပြည်ပကုမ္ပဏီတွေကို မပေးဘူး။ ပြည်တွင်းကုမ္ပဏီတွေကိုပဲ တင် ဒါရွေး ချယ်ပေး ဖို့ စီစဉ်ထားတယ်’’ ဟု အထက်ပါ အစိုးရဌာနမှ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦး အောင်ခင် က ပြောကြားသည်။

မြေနီကုန်းခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်မှ ၁၆ ဘီလီယံ (သန်းပေါင်း သောင်းခြော က်ထောင်) ကျော် ကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့ ပြည်လမ်းတစ် လျှောက် တွင် နေ့စဉ် ကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန် ခုံးကျော်တံတား တည်ဆောက်ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့မှ ထုတ်ဖော်ပြော ကြားထားသည်။

‘‘ဒီတံတားဆောက်လို့ ယာဉ် ကြောပိတ်ဆို့မှု ဘယ်လောက်ထိ လျော့ကျမယ်လို့ အာမခံမလဲ။ ဘယ်လောက် ရာခိုင်နှုန်း လျော့ ကျသွားမလဲဆိုတာကို ပြည်သူကို ချပြသင့်တယ်’’ ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်း က ပြောကြားသည်။

တံတားတည်ဆောက်ရေး လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာ စွာဖြင့် မည်သည့် ကုမ္ပဏီကို ရွေး ချယ်ကြောင်း ပြည်သူများအား အ သိပေးရန်လိုပြီး တံတားအရည် အသွေး အာမခံချက် ရှိရန်လို ကြောင်း ၎င်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းရန် ဘုရင့်နောင်၊ ရွှေဂုံတိုင် နှင့် လှည်းတန်းတို့တွင် ခုံးကျော် တံတား တစ်စင်းစီ တည်ဆောက် ခဲ့သည်။ တံတားသုံးစင်းကို ငွေ ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ၍ တည်ဆောက် ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု သိသာစွာလျော့ကျသွားခြင်းမရှိပေ။ ထို့ ကြောင့် ယခုတည်ဆောက် မည့် တံတားကိုလည်း ပွင့်လင်းမြင်သာ စွာ ပြည်သူကို ချပြပြီး တည် ဆောက် သင့်ကြောင်း မြို့ပြစီမံ ကိန်းပညာရှင်တစ်ဦးက ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် အထူးစီမံကိန်းများ ဆောင် ရွက်ရန် ကျပ် ၃၂ ဘီလီယံသုံးစွဲ မည်ဖြစ်သည်။ ယင်းစီမံကိန်းများ တွင် မြေနီကုန်းတံတားစီမံကိန်း၊ ငမိုးရိပ်ချောင်းကူး တံတား တည် ဆောက်မှုစီမံကိန်းနှင့် ဒေါပုံမြို့ နယ်ရှိ ငမိုးရိပ်သံပေါင်တံတား ပြုပြင်ရေးတို့ ပါဝင်သည်။

7Day DAILY

No comments:

Post a Comment