Friday 8 August 2014

ဂျပန်မှာ အလုပ်ရမယ်ဆိုပြီး သိန်း ၃ထောင်ကျော်ဖိုး လိမ်ခံခဲ့ရတယ်

ဂျပန်မှာ Work Permit နဲ့ အလုပ်ရမယ်ဆိုပြီး တစ်ယောက်ကို ကျပ်သန်းတစ်ရာကျော်စီ အလိမ်ခံရတဲ့ ၁၆ယောက်နဲ့ အခြားကိစ္စနဲ့ လိမ်ခံခဲ့ရသူ ၇ယောက်က အောင်ချမ်းမြေ့ ဆေးဝါးကျွမ်းကျင် သင် တန်းနဲ့ ကျော်ကျော်နိုင် မိသားစု နည်းပညာဝန်ဆောင်မှုကုမ္ပဏီကို လိမ်လည်ခဲ့တယ်လို့ သြဂုတ် ၆ရက်နေ့ က စွပ်စွဲခဲ့ပါတယ်။
အစိုးရပိုင် သတင်းစာတွေကနေ ဂျပန်နိုင်ငံကို ၄လအတွင်း သွားရမယ်ဆိုတဲ့ ကြော်ငြာကြောင့် စုံစမ်းပြီး သင်တန်းတက်ခဲ့တဲ့ ကိုနန္ဒဇော်က ပြီးခဲ့တဲ့ မတ်လမှာ ဂျပန်နိုင်ငံ ဖူဂိုရှီးမားမြို့မှာ အလုပ်ရမယ်ဆိုပြီး ကျပ်သိန်း၁၁ဝ ပေးရင် Work Permit နဲ့ရမယ်ဆိုပြီး စာချုပ်စာတမ်းနဲ့ ပေးချေပြီးနောက်ပိုင်း ဖုန်း အဆက်အသွယ်ပဲ ရပြီး လူကိုရှာလို့မတွေ့တော့ဘူးလို့ ပြောပါတယ်။

Kamyut Media
http://kamayutmedia.com/video/social/841

No comments:

Post a Comment