Friday 8 August 2014

ဂျွန်ကယ်ရီ သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံမည်

အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံဆက် ဆံရေးအပါ အ၀င် မြန် မာ့ရေး ရာ များနှင့်ပတ်သက်၍ သမ္မတဦးသိန်း စိန်နှင့် သြဂုတ် ၉ ရက်တွင် နေ ပြည်တော်၌ သီးသန့်တွေ့ ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျွန်ကယ်ရီသည် အာရှ ဒေသတွင်းဖိုရမ်နှင့် အာဆီယံ− အမေရိကန်အစည်းအဝေး၊  မဲ ခေါင်မြစ်ဝှမ်း မိတ်ဖက်နိုင်ငံများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ တက် ရောက်ရန် မြန်မာသို့ လာရောက်ခြင်းဖြစ်ပြီး

ဦးသိန်းစိန်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

သမ္မတနှင့် တွေ့ဆုံမှုတွင် ဆွေးနွေးနိုင်ဖွယ်ရှိသော မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို ဖိအား ပေးရန် ဂျွန်ကယ်ရီအား အထက် လွှတ်တော်အမတ်များ၏ တောင်း ဆိုမှုအပေါ် မြန်မာကစိုးရိမ်မှုမရှိ ကြောင်းလည်း သမ္မတ၏ ပြော ခွင့်ရပုဂ္ဂိုလ်  ဦးရဲထွဋ်က  ပြော ကြားသည်။

 ထို့အပြင် ဂျွန်ကယ်ရီက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပါ က သူအလေးထားပြောဆိုမည့် ကိစ္စမှာ မြောက်ကိုရီးယားနှင့် အ ဆက်အသွယ်ဖြတ်တောက်ရေး နှင့် နျူကလီးယားမပြန့်ပွားရေး ကိစ္စက ပိုမိုဖြစ်နိုင်ခြေများကြောင်း အာဆီယံရေးရာ ကျွမ်းကျင်သူ ထိုင်းသတင်းစာဆရာ မစ္စတာ က၀ီကပြောသည်။

‘‘အထက်လွှတ်တော်အမတ် တွေ စာရေးတောင်းဆိုတဲ့ကိစ္စက အမေရိကန်ရဲ့ ဆီးနိတ်နဲ့ ကွန်ဂ ရက်လွှတ်တော်နှစ်ရပ်ကြားမှာ မြန်မာက ကြားညပ်တာပဲ။ အမေ ရိကန်မှာလည်း ဒီကိစ္စကို သူတို့ ၀န်ကြီး ဌာန ကို ရှင်းပြခဲ့တယ်။ ရီ ပက်ဘလေကန်အများစုရှိတဲ့ အ ထက်လွှတ်တော်က အိုဘားမားရဲ့နိုင်ငံခြားရေး မူဝါဒမှားယွင်းတယ် ဆိုတာကို ပုံဖော်ချင်တာနဲ့ မြန်မာ နဲ့ ဆက်ဆံရေးအပေါ် ဖိအား ပေးတာပဲ။ လက်ရှိ ၂၀၁၅ မှာ အ မေရိကန်လွှတ်တော်တွင်းမှာ ပြန်  လည် ရွေးကောက်ပွဲတွေ ရှိနေ တယ်။ ဒါကြောင့် ကွန်ဂရက်မှာရှိ တဲ့ အထက်လွှတ်တော်အမတ် တွေက အိုဘားမားဟာ လစ်ဗျား တို့၊ ဆီးရီးယား တို့လိုပဲ မြန်မာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒ မှားယွင်းတယ်ဆိုတာကို ပုံဖော် တာပါ’’ဟု ဦးရဲထွဋ် ကပြောကြား သည်။

ထို့အပြင်ဂျွန်ကယ်ရီသည် နိုင်ငံခြားရေးဝန်ကြီးအဆင့်ဖြစ်၍ လွှတ်တော်အမတ်များက ၀ိုင်း ၀န်းလက်မှတ် ထိုးတောင်းဆို ရုံနှင့် မြန်မာကို ဖိအားပေး၍ မဖြစ်နိုင် ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်း ဇာဂနာ က ပြောသည်။

‘‘ကျွန်တော်မြင်တာကတော့ လွှတ်တော်အမတ်တွေ လက်မှတ် ထိုးတယ်ဆိုတာလည်း လော်ဘီ လုပ်တာ တစ်မျိုးပဲ။ သူတို့ဆီက အမတ်နဲ့ ၀န်ကြီးက ဆက်ဆံရေး သိပ်မရှိကြဘူး။ ပြီးတော့ ကယ်ရီ က အမေရိကန်အာဆီယံအစည်း အဝေးကြောင့်လာတာ’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင်  အမေရိကန် အစိုးရ အလေးထား ပြောဆိုနေ သည့်ကိစ္စမှာ မြန်မာတွင် ရေးဆွဲ ပြဋ္ဌာန်းရန် စီစဉ်နေသည့် ဘာသာ ရေးဆိုင်ရာ ဥပဒေကြမ်းကိစ္စများ ဖြစ်ပြီး ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေတို့အပေါ် အထူးစိုးရိမ် ကြောင်း ထုတ်ပြောထားသည်။

အထက်လွှတ်တော်အမတ် များ၏ ဖိအားပေးရန် တိုက်တွန်း ချက်၌ မြန်မာတွင် ဘာသာ ရေး ပဋိပက္ခများဖြစ် ပွားနေခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းများရှိနေခြင်း၊ သတင်းမီဒီယာများ ဖမ်းဆီးဖိနှိပ် ခံနေရခြင်းစသည့် အချက်တို့ကို ထောက်ပြထားသော်လည်း ဂျွန်ကယ်ရီ၏ ယခုခရီးစဉ် တွင် မြန်မာကို ပြု ပြင် ပြောင်းလဲရန် ဖိအားပေးချဉ်းကပ် ခြင်းထက် ဒေသတွင်းလုံခြုံရေးနှင့်နျူအရေးကို အလေးထားဖွယ်ရှိ နေကြောင်း မစ္စတာက၀ီက ပြော ကြားသည်။

7Day DAILY

No comments:

Post a Comment