Friday 8 August 2014

စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးကို အသုံးပြုကုသရန် ဆုံးဖြတ်ခဲ့မှု အငြင်းပွား

Photo: စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးကို အသုံးပြုကုသရန် ဆုံးဖြတ်ခဲ့မှု အငြင်းပွား
Friday August 8, 2014 

အီဘိုလာရောဂါပိုးကြောင့် အာဖရိကတွင် အသက်ဆုံးရှုံးရသူပေါင်း ၁၀၀၀ နီးပါး ရှိနေသည့်အချိန်တွင် စမ်းသပ်ဆဲအဆင့် အီဘိုလာရောဂါ ကုသဆေးတစ်မျိုးဖြင့် အမေရိကန်လူမျိုးနှစ်ဦးကို ကုသရန် ဆုံးဖြတ်ခဲ့သည့်အပေါ် လူ့ကျင့်ဝတ်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အငြင်းပွားမှုများ ပေါ်ပေါက်လျက် ရှိကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

Samaritan's Purse လူမှုကူညီရေးအဖွဲ့မှ အမေရိကန် ဝန်ထမ်းနှစ်ဦးကို ZMapp ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးနှင့် ကုသပေးပြီးသည့် နောက်တွင် အဆိုပါဆေးကို အနောက်အာဖရိကတွင် သုံးစွဲသင့်၊ မသင့်နှင့် ပတ်သက်ပြီး လာမည့် တစ်ပတ်ထဲတွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပကာ အဖြေရှာသွားမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

ZMapp ဟု အမည်ရသော အီဘိုလာ ကုသဆေးသည် မျောက်များဖြင့်သာ စမ်းသပ်ရသေးသော စမ်းသပ်မှု အစောပိုင်း အဆင့်သာ ရှိသေးသည့် ဆေးဖြစ်ပြီး အဆိုပါဆေးကို ပမာဏ အများအပြားလည်း ထုတ်လုပ်ဖူးခြင်း မရှိသေးချေ။

ZMapp ဆေးက အီဘိုလာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း လက်ရှိအချိန်ထိ သက်သေ အထောက်အထား မရှိသေးသော်လည်း Samaritan's Purse အဖွဲ့ဝင် ကန့်ဘရန်တလေနှင့် နန်စီရိုက်ဘိုလ်တို့မှာမူ ထိုဆေးဖြင့် ကုသပြီး နောက်ပိုင်းတွင် အခြေအနေ တိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။

ထိုကဲ့သို့ ZMapp ဆေးဖြင့် အမေရိကန်နှစ်ဦး သက်သာလာသည့် သတင်းထွက်ပေါ်ခဲ့ပြီးသည့် နောက်တွင် အီဘိုလာကပ်ဘေး ကျရောက်လျက် ရှိသည့် အနောက်အာဖရိက နိုင်ငံများတွင် အဆိုပါဆေးကို အသုံးပြုရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ၁၉၇၆ ခုနှစ်က အီဘိုလာ ရောဂါပိုးကို တွေ့ရှိခဲ့သည့် ပီတာပီယော့ အပါအဝင် အီဘိုလာရောဂါပိုး ကျွမ်းကျင်ပညာရှင် သုံးဦးကလည်း ZMapp ဆေးမှာ စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသော်လည်း ယခုထက်ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

“တကယ်လို့ အီဘိုလာဟာ အနောက်နိုင်ငံတွေမှာ ပျံ့နှံ့နေပြီဆိုရင် အများပြည်သူဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားနေတဲ့ လူနာတွေကို စမ်းသပ်ဆဲ အဆင့်ဆေးပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးပဲဖြစ်ဖြစ် တိုက်ကျွေးသင့်ပါတယ်” ဟု ၎င်းတို့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက် တစ်စောင်ထဲတွင် ဖော်ပြခဲ့သည်။

“အီဘိုလာ အကြီးအကျယ် ပျံ့နှံ့နေတဲ့ အာဖရိကနိုင်ငံတွေဟာလည်း တူညီတဲ့ အခွင့်အရေး ရသင့်ပါတယ်” ဟုလည်း အဆိုပါ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကမူ အီဘိုလာဒဏ် ခံနေရသော တိုင်းပြည်များအနေဖြင့် မစမ်းသပ်ရသေးသော ဆေးဝါးကို အသုံးပြုရန်ထက် အများပြည်သူဆိုင်ရာ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ အပေါ်တွင်သာ အာရုံစိုက်ထားသင့်သည်ဟု ပြောကြားလိုက်သည်။

သို့ရာတွင် “ဆေးဝါးစမ်းသပ်မှုနှင့် ပတ်သက်ပြီး ကျွန်တော်တို့ တွေ့ရှိလာတဲ့ အချက်အလက်တွေကို ဆက်လက် အသိပေးသွားမှာပါ” ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ကျွမ်းကျင်ပညာရှင်များကလည်း ဆေးမှာ လူအများ ထင်မြင်ထားသကဲ့သို့ အီဘိုလာ ရောဂါပိုးအတွက် တိကျသေချာသည့် အဖြေတစ်ခု မဟုတ်သေးကြောင်း၊ စမ်းသပ်ဆဲအဆင့် ဆေးဖြင့် လူအများကို ကုသရသည့် အခြေအနေနှင့် စိတ်ချရသည့် ကျန်းမာရေး စောင့်ရှောက်မှု အောက်တွင် ရှိနေသော လူနှစ်ဦးကို ကုသရသည့် အခြေအနေမှာ တူညီမှု မရှိကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေမှုများမှာ လူ့ကျင့်ဝတ် ဂုဏ်သိက္ခာနှင့် ညီညွတ်မှုရှိကြောင်း ပြောကြားခဲ့သည်။

The Voice Weekly
အီဘိုလာရောဂါပိုးကြောင့် အာဖရိကတွင် အသက်ဆုံးရှုံးရသူပေါင်း ၁၀၀၀ နီးပါး ရှိနေသည့်အချိန်တွင် စမ်းသပ်ဆဲအဆင့် အီဘိုလာရောဂါ ကုသဆေးတစ်မျိုးဖြင့် အမေရိကန်လူမျိုးနှစ်ဦးကို ကုသရန် ဆုံးဖြတ် ခဲ့သည့်အပေါ် လူ့ကျင့်ဝတ်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အငြင်းပွားမှုများ ပေါ်ပေါက်လျက် ရှိကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
Samaritan's Purse လူမှုကူညီရေးအဖွဲ့မှ အမေရိကန် ဝန်ထမ်းနှစ်ဦးကို ZMapp ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲအဆင့် အီဘိုလာဆေးနှင့် ကုသပေးပြီးသည့် နောက်တွင် အဆိုပါဆေးကို အနောက်အာဖရိက တွင် သုံးစွဲသင့်၊ မသင့်နှင့် ပတ်သက်ပြီး လာမည့် တစ်ပတ်ထဲတွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပကာ အဖြေရှာသွားမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

ZMapp ဟု အမည်ရသော အီဘိုလာ ကုသဆေးသည် မျောက်များဖြင့်သာ စမ်းသပ်ရသေးသော စမ်းသပ်မှု အစောပိုင်း အဆင့်သာ ရှိသေးသည့် ဆေးဖြစ်ပြီး အဆိုပါဆေးကို ပမာဏ အများအပြားလည်း ထုတ်လုပ် ဖူးခြင်း မရှိသေးချေ။

ZMapp ဆေးက အီဘိုလာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း လက်ရှိအချိန်ထိ သက်သေ အထောက်အထား မရှိသေးသော်လည်း Samaritan's Purse အဖွဲ့ဝင် ကန့်ဘရန်တလေနှင့် နန်စီရိုက် ဘိုလ်တို့မှာမူ ထိုဆေးဖြင့် ကုသပြီး နောက်ပိုင်းတွင် အခြေအနေ တိုးတက်လာ ခဲ့ကြောင်း တွေ့ရှိရသည်။

ထိုကဲ့သို့ ZMapp ဆေးဖြင့် အမေရိကန်နှစ်ဦး သက်သာလာသည့် သတင်းထွက်ပေါ်ခဲ့ပြီးသည့် နောက်တွင် အီဘိုလာကပ်ဘေး ကျရောက်လျက် ရှိသည့် အနောက်အာဖရိက နိုင်ငံများတွင် အဆိုပါဆေးကို အသုံးပြု ရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် ၁၉၇၆ ခုနှစ်က အီဘိုလာ ရောဂါပိုးကို တွေ့ရှိခဲ့သည့် ပီတာပီယော့ အပါအဝင် အီဘိုလာရောဂါပိုး ကျွမ်းကျင်ပညာရှင် သုံးဦးကလည်း ZMapp ဆေးမှာ စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသော်လည်း ယခုထက် ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

“တကယ်လို့ အီဘိုလာဟာ အနောက်နိုင်ငံတွေမှာ ပျံ့နှံ့နေပြီဆိုရင် အများပြည်သူဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အန္တရာယ် ကျရောက်နိုင်ခြေ မြင့်မားနေတဲ့ လူနာတွေကို စမ်းသပ်ဆဲ အဆင့်ဆေး ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးပဲဖြစ်ဖြစ် တိုက်ကျွေးသင့်ပါတယ်” ဟု ၎င်းတို့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ပူး တွဲကြေညာ ချက် တစ်စောင်ထဲတွင် ဖော်ပြခဲ့သည်။

“အီဘိုလာ အကြီးအကျယ် ပျံ့နှံ့နေတဲ့ အာဖရိကနိုင်ငံတွေဟာလည်း တူညီတဲ့ အခွင့်အရေး ရသင့်ပါတယ်” ဟုလည်း အဆိုပါ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန်သမ္မတ ဘားရက်အိုဘားမားကမူ အီဘိုလာဒဏ် ခံနေရသော တိုင်းပြည်များအနေဖြင့် မစမ်းသပ်ရသေးသော ဆေးဝါးကို အသုံးပြုရန်ထက် အများပြည်သူဆိုင်ရာ ကျန်းမာရေး ကာကွယ်စော င့်ရှောက်မှု လုပ် ငန်း များ အပေါ်တွင်သာ အာရုံစိုက်ထားသင့်သည်ဟု ပြောကြားလိုက်သည်။

သို့ရာတွင် “ဆေးဝါးစမ်းသပ်မှုနှင့် ပတ်သက်ပြီး ကျွန်တော်တို့ တွေ့ရှိလာတဲ့ အချက်အလက်တွေကို ဆက်လက် အသိပေးသွားမှာပါ” ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ကျွမ်းကျင်ပညာရှင်များကလည်း ဆေးမှာ လူအများ ထင်မြင်ထားသကဲ့သို့ အီဘို လာ ရောဂါပိုးအတွက် တိကျသေချာသည့် အဖြေတစ်ခု မဟုတ်သေးကြောင်း၊ စမ်းသပ်ဆဲ အဆင့် ဆေးဖြင့် လူအများကို ကုသရသည့် အခြေအနေနှင့် စိတ်ချရသည့် ကျန်းမာရေး စောင့်ရှောက်မှု အောက်တွင် ရှိနေသော လူနှစ်ဦးကို ကုသရသည့် အခြေအနေမှာ တူညီမှု မရှိကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေမှု များမှာ လူ့ကျင့်ဝတ် ဂုဏ်သိက္ခာနှင့် ညီညွတ်မှုရှိကြောင်း ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment