Friday 8 August 2014

အမေရိကန်စစ်တပ် အီရတ်သူပုန်တွေကို လေကြောင်းကနေ တိုက်တော့မယ်

Photo: အမေရိကန်စစ်တပ် အီရတ်သူပုန်တွေကို လေကြောင်းကနေ တိုက်တော့မယ်
Friday, August 8, 2014 

“အီရတ်သို့ စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် F/A-18 Hornet အမျိုးအစား တိုက်လေယာဉ် တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - AP)”

အီရတ်နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့ အတွက် အမေရိကန်သမ္မတ အိုဘားမားက သူရဲ့ စစ်တပ်ကို ခွင့်ပြုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

လူနည်းစုကို သတ်ဖြတ်တာကနေ ကာကွယ်ဖို့နဲ့ အမေရိကန် အကျိုးစီးပွားတွေကို စောင့်ရှောက်ဖို့ ခုလို လုပ်ရတာဖြစ်တယ် လို့လည်း အိုဘားမားက ဆိုပါတယ်။ လကြောင်းကနေ တိုက်ခိုက်မယ် ဆိုပေမယ့်လည်း ဘယ်အမေရိကန်တပ်ဖွဲ့ကိုမှ အီရတ်ကို ပို့ဆောင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်မစ်ပြည်ထောင်စုလို့ အမည်ရတဲ့ စစ်သွေးကြွတွေရဲ့ အုပ်စိုးမှုဒဏ် ခံနေရတဲ့ အီရတ်ပြည်သူတွေကို လေကြောင်းကနေ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ချပေးခဲ့ပါတယ်။

ယာဇီဒီလို့ အမည်ရတဲ့ အီရတ်ကလူနည်းစု ဘာသာရေးအုပ်စု တစ်စုဟာ အစွန်းရောက် အစ္စလာမ်မစ် တိုက်ခိုက်ရေးသမား တွေရဲ့ ဝိုင်းထားမှုကြောင့် ဆင်ဂျာတောင်ပေါ်မှာ ပိတ်ဆို့ခံနေရပြီး အစာရေစာ ပြတ်လပ်မှု နဲ့လည်း ကြုံနေရပါတယ်။
အဲဒီလူနည်းစုအုပ်စု ထွက်ပြေးရင်လည်း အစွန်းရောက်တွေ လက်အောက်မှာ အသတ်ခံရမှာဖြစ်ပြီး တောင်ပေါ်မှာ ဆက်ပြီး စုစည်းနေရင်လည်း အစာရေစာ ပြတ်လပ်တာကြောင့် အသက်ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ဒါကြောင့် လေကြောင်းကနေ ရိက္ခာတွေ သွားချပေးခဲ့တာ ဖြစ်ပါတယ်။

"ကမ္ဘာပေါ်မှာ အကျပ်အတည်းတွေ ဖြစ်တိုင်းဖြစ်တိုင်း အမေရိကန်ပြည်ထောင်စုက ကြားမဝင်သင့်ဘူး ဆိုတာ ကျွန်တော်နားလည်ပါတယ်" လို့ အိုဘားမားက ဆိုပါတယ်။ ဆက်လက်ပြီး အိုဘားမားက "တာဝန်ယူမှုရှိရှိ သတိရှိရှိနဲ့ ဖြစ်လာမယ့် အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေကို ကျွန်တော်တို့ ကာကွယ်ရပါလိမ့်မယ်၊ အမေရိကန်တွေ လာနေပါပြီ" လို့ ပြောပါတယ်။

The Voice Weekly
“အီရတ်သို့ စားနပ်ရိက္ခာများ ထောက်ပံ့နေသည့် F/A-18 Hornet အမျိုးအစား တိုက်လေယာဉ် တစ်စီး ကို တွေ့ ရစဉ် (ဓာတ်ပုံ - AP)”
အီရတ်နိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက် ခိုက် ဖို့ အတွက် အမေရိကန်သမ္မတ အိုဘားမားက သူရဲ့ စစ်တပ်ကို ခွင့်ပြုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
လူနည်းစုကို သတ်ဖြတ်တာကနေ ကာကွယ်ဖို့နဲ့ အမေရိကန် အကျိုးစီးပွားတွေကို စောင့်ရှောက်ဖို့ ခုလို လုပ်ရတာဖြစ်တယ် လို့လည်း အိုဘားမားက ဆိုပါတယ်။ လကြောင်းကနေ တိုက်ခိုက်မယ် ဆိုပေမယ့် လည်း ဘယ်အမေရိကန်တပ်ဖွဲ့ကိုမှ အီရတ်ကို ပို့ဆောင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အစ္စလာမ်မစ်ပြည်ထောင်စုလို့ အမည်ရတဲ့ စစ်သွေးကြွတွေရဲ့ အုပ်စိုးမှုဒဏ် ခံနေရတဲ့ အီရတ်ပြည်သူတွေကို လေကြောင်းကနေ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ချပေးခဲ့ပါတယ်။

ယာဇီဒီလို့ အမည်ရတဲ့ အီရတ်ကလူနည်းစု ဘာသာရေးအုပ်စု တစ်စုဟာ အစွန်းရောက် အစ္စလာမ်မစ် တိုက် ခိုက်ရေး သမား တွေရဲ့ ဝိုင်းထားမှုကြောင့် ဆင်ဂျာတောင်ပေါ်မှာ ပိတ်ဆို့ခံနေရပြီး အစာရေစာ ပြတ် လပ်မှု နဲ့လည်း ကြုံနေရပါတယ်။ အဲဒီလူနည်းစုအုပ်စု ထွက်ပြေးရင်လည်း အစွန်းရောက်တွေ လက်အောက် မှာ အသတ်ခံရမှာဖြစ်ပြီး တောင်ပေါ်မှာ ဆက်ပြီး စုစည်းနေရင်လည်း အစာရေစာ ပြတ်လပ်တာကြောင့် အသက်ဆုံးရှုံးရဖို့ ရှိနေပါတယ်။ ဒါကြောင့် လေကြောင်းကနေ ရိက္ခာတွေ သွားချပေးခဲ့တာ ဖြစ်ပါတယ်။

"ကမ္ဘာပေါ်မှာ အကျပ်အတည်းတွေ ဖြစ်တိုင်းဖြစ်တိုင်း အမေရိကန်ပြည်ထောင်စုက ကြားမဝင်သင့်ဘူး ဆို တာ ကျွန်တော်နားလည်ပါတယ်" လို့ အိုဘားမားက ဆိုပါတယ်။ ဆက်လက်ပြီး အိုဘားမားက "တာဝန် ယူမှု ရှိရှိ သတိရှိရှိနဲ့ ဖြစ်လာမယ့် အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေကို ကျွန်တော်တို့ ကာကွယ်ရပါလိမ့် မယ်၊ အမေရိကန်တွေ လာနေပါပြီ" လို့ ပြောပါတယ်။

The Voice Weekly

No comments:

Post a Comment