Friday 8 August 2014

စာတိုက်လုပ်ငန်း ပြုပြင်ပြောင်းလဲရန် ဂျပန်မှ စစ်တမ်းကောက်ယူ

ဂျပန်နိုင်ငံမှ ပညာရှင်များသည် မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက် စစ် တမ်းကောက်ယူမှုများ ပြုလုပ်နေသည်ဟု ရန်ကုန်စာတိုက်ကြီးမှ တာဝန်ခံအရာရှိဖြစ်သူ ဦးရွှေထွန်းမောင် က ပြောသည်။
စာတိုက်လုပ်ငန်းနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမှုကို လစဉ်လတိုင်း ပြုလုပ်နေခြင်းဖြစ်ပြီး စစ် တမ်းကောက် ယူမှု အကြိမ်အရေအတွက် ၆ ကြိမ်ခန့်ရှိပြီဟု သိရသည်။

“လောလောဆယ်မှာတော့ ဘာမှ အပြောင်းအလဲကြီးမရှိသေးဘူး။ သူတို့ပြောပြတဲ့ အားနည်းချက်တချို့ကို ဒီဘက်ကလိုက်ပြီး ပြင်ပေးနေတာလောက်ပါပဲ”ဟု ဦးရွှေ ထွန်းမောင်ကပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်၌ စာတိုက်လုပ်ငန်းသည် အပြောင်းအလဲ ဖြစ်လာမည်ဟု ခန့်မှန်းရပြီး မည်သို့ ပြောင်း လဲ လာမည်ကို မသိရသေးကြောင်း ဦးရွှေထွန်းမောင်က ဆိုသည်။ မြန်မာနှင့် ဂျပန်သည် စာ တိုက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် နည်းစနစ် အကူအညီပေးရန် နှစ်ဘက်သော ၀န်ကြီးဌာန သဘောတူညီထားသည်ဟု သိရသည်။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလအတွင်း ဂျပန် စာတိုက်လုပ်ငန်းများကို နှစ်ရက်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး စာတိုက်လုပ်ငန်းအတွက် ဂျပန်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

Internet Journal

No comments:

Post a Comment