Friday 8 August 2014

ဆေးရွက်ကြီးမှ လေယာဉ်ဆီ ထုတ်လုပ်ရန်အတွက် ဘိုအင်းနှင့် တောင်အာဖရိ က လေကြောင်းလိုင်း ပူးပေါင်း

ဘိုးအင်းကုမ္ပဏီသည် ဆေးရွက်ကြီး အမျိုးအစားသစ်တစ်မျိုးမှ လေ ယာဉ် လောင်စာဆီ ထုတ်လုပ်ရန် အတွက် တောင်အာဖရိက လေကြောင်းလိုင်း၊ ဒတ်ခ်ျလေယာဉ် ဇီဝလောင်စာဆီ ကုမ္ပဏီ SkyNRG တို့နှင့် ပူးပေါင်းခဲ့သည်။
ထိုကဲ့သို့ ဆေးရွက်ကြီးမှ လေယာဉ်ဆီထုတ်လုပ်ရန် ကြိုးပမ်းခြင်းသည် တောာင်အာဖရိကရှိ ကျေးလက် စီးပွားရေးကို အထောက်အပံ့ဖြစ်စေပြီး လေထုညစ်ညမ်းမှု လျှော့ချပေးနိုင်လိမ့် မည် ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီများက ပြောကြားခဲ့သည်။

အပင်နှင့် ရေညှိကဲ့သို့သော သဘာဝရင်းမြစ်များမှ ထုတ်လုပ်သည့် ဇီဝလောင်စာဆီများသည် ကာဘွန် ထုတ်လွှတ်မှုကို ရေနံမှ ထုတ်လုပ်သည့် လောင်စာဆီများထက် ၈၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အဆို ပါ ကုမ္ပဏီများက ဆိုခဲ့သည်။

တောင်အာဖရိကရှိ လယ်သမားများသည် Solaris ဟုခေါ်သော SkyNRG ၏ ဆေးရွက်ကြီးပင်ကို စတင် စိုက်ပျိုးဖွယ်ရှိသည်။ Solaris အပင်သည် ဆေးရွက်ကြီးပင်များတွင် တွေ့ရှိရသော သုံးစွဲသူကို စွဲလမ်း မှု ဖြစ်ပေါ်စေသည့် နီကိုတင်းဓာတ် လုံးဝမပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် Solaris အပင် စမ်းသပ်စိုက်ပျိုးခြင်းကို ပြုလုပ်လျက်ရှိပြီး လာမည့်နှစ် အနည်းငယ်တွင် ၎င်း အပင် ၏ အစေ့များမှ ဆီကို လောင်စာဆီထုတ်လုပ်မှုအဖြစ် စတင်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီများက ပြောကြားခဲ့သည်။ အထက်ပါ သဘောတူညီချက်သည် ကမ္ဘာတစ်ဝန်း ကာဘွန် သုံးစွဲမှု လျှော့ ချနိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

Ref: LATimes

No comments:

Post a Comment