Friday 8 August 2014

အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်းထား

အများပြည်သူဝန်ဆောင်မှုမီဒီယာ (Public Service Media) ဥပဒေကြမ်းအား လွှတ်တော်တွင် ဆက် လက်ဆောင် ရွက်ခြင်းမပြုဘဲ ရပ်ဆိုင်းထားကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ သိရသည်။
PSM ဥပဒေကြမ်းအား ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲကာ လွှတ်တော် ဒသမအကြိမ်မြောက် အစည်း အဝေး သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာကော်မတီဖြစ်သည့် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ဦးဆောင်ကာ အတည်ပြုပြဌာန်းနို င်ရေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

သို့သော် ပြည်သူ့လွှတ်တော်ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေပြဌာန်းနိုင်ရန် မီဒီယာနယ်ပယ်မှ ပုဂ္ဂိုလ်များ၊စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့နောက် တွေ့ဆုံခြင်းမှရရှိလာသည့် စာနယ်ဇင်းနယ်ပယ်မှ နှီးနွှယ်သူများ၏ PSM အပေါ် အမြင်များ အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံ တင်ပြခဲ့ကြကြောင်း သိရသည်။

“ပြည်သူ့လွှတ်တော်ဥက္ကဌကြီးက လွှတ်တော်ကော်မတီ၊ ကော်မရှင်ဥက္ကဌတွပါဝင်တဲ့ အစည်းအဝေး တစ်ရပ်ကို ဇူလိုင် ၁၄ ရက်မှာ ခေါ်ယူခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ PSM အပါအဝင် ဥပဒေကြမ်းငါးခုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင်တစ်ဦးအနေနဲ့ ကျွန်တော်ပြောနိုင် တာကတော့ ကျွန်တော်တို့ ကော်မတီရယ်၊ ဥပဒေကြမ်းကော်မတီရယ်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ရယ် ပူးပေါင်းဆောင်ရွက်နေတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းသည် လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ခြင်းမရှိတဲ့ ရပ်ဆိုင်းထားတဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပြော ကြား သည်။

ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဝင် ဦးစိုးပိုင် က PSM ဥပဒေကြမ်းအား လွှတ်တော်မှ ဆောင်ရွက်နေမှုကို ရပ်ဆိုင်းထားသည်ဟု သိရကြောင်း၊ သို့သော် လည်း အစိုးရအဖွဲ့အား PSM ဥပဒေနှင့်ပတ်သက်၍ လုံးဝရပ်ဆိုင်းရန် ညွှန်ကြားခဲ့ခြင်းမျိုး မဟုတ်ကြောင်း ပြော ကြားသည်။

ထို့ပြင် ၎င်းအစည်းအဝေး၌ ပြည်သူ့လွှတ်တော်ဥက္ကဌက မှာကြားရာတွင် ဥပဒေများပြဌာန်းဆောင်ရွက် ရာတွင် ဥပဒေ၏အနှစ်သာရ Spirit of Law ကို လွှတ်တော်ကော်မတီများက ကိုင်တွယ်ဆောင် ရွက်ကြ ရန်နှင့် Letter of Law ကို ဥပဒေကြမ်းကော်မတီမှ ကိုင်တွယ်ဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု သိရ သည်။

လွှတ်တော်မှဥပဒေပြဌာန်းနိုင်ရန် ဆောင်ရွက်ရာတွင် အရေးကြီးဆောင်ရွက်ရမည့် ဥပဒေများ၊ အချိန်ယူစဉ်း စားပြင် ဆင်ကာ ပြည့်စုံအောင် ပြုလုပ်ဆောင်ရွက်ရမည့် ဥပဒေများ နှင့် ရေးဆွဲပြဌာန်းရန် မလိုသေးသည့် ဥပဒေများဟူ၍ သုံးမျိုးရှိကြောင်း၊ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းသည် ပြဌာန်းရန် မလို အပ်သေး သည့် ဥပဒေတစ်ရပ်ဖြစ်သည်ဟု သုံးသပ်ကြောင်း ဦးခိုင်မောင်ရည်က ပြောကြားသည်။

အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းအား လွှတ်တော်တွင် ရပ်ဆိုင်းထားခြင်း နှင့် ပတ်သက်၍ ပြန် ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အား မေးမြန်းခဲ့ရာ“အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ကိုယ်တိုင်တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံ ထားပြီးဖြစ်ပါတယ်။ ဥပဒေကြမ်းကို သုံးသပ်ခြင်း၊ ဆွေးနွေးခြင်းကတော့ လွှတ်တော်လုပ်ငန်း စဉ်ဖြစ်တဲ့ အတွက် ဘယ်အဆင့်ရောက်နေတယ်ဆိုတာ ကျွန်တော်တို့မသိပါ ဘူး”ဟု ပြန်လည်ဖြေကြား သည်။

Eleven Media Group

No comments:

Post a Comment