Friday 8 August 2014

ဗာမေလန် ထွက်ခွာဖွယ်ရှိကြောင်း ဝင်းဂါးပြောကြား ~ ယူနိုက်တက်က ကမ်းလှမ်းထားကြောင်းလည်း အတည်ပြု

Photo: ဗာမေလန် ထွက်ခွာဖွယ်ရှိကြောင်း ဝင်းဂါးပြောကြား ~ ယူနိုက်တက်က ကမ်းလှမ်းထားကြောင်းလည်း အတည်ပြု
Friday, August 8, 2014

သောမတ်စ် ဗာမေလန် အသင်းမှ ထွက်ခွာဖွယ် ရှိနေကြောင်းနှင့် ဖြစ်နိုင်မည် ဆိုပါက ကစားသမားကို ပြည်ပသို့သာ ရောင်းချသွားလိုကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်နှင့် ဘာစီလိုနာ အသင်းများသည် အာဆင်နယ် အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူကို အပြိုင်ကမ်းလှမ်းနေသည်ဟု ယူဆရသည်။ ဝင်းဂါးက ဗာမေလန်ကို အမ်းမရိတ်စ်တွင် ဆက်လက် ထိန်းသိမ်းထားရန် ဖြစ်နိုင်ခြေ နည်းနေပြီဟု အရိပ်အမြွက် ဝန်ခံခဲ့သလို ဗာမေလန်ကို ကမ်းလှမ်းနေသည့် အသင်းများတွင် ယူနိုက်တက် ပါဝင်ကြောင်းလည်း ရိပ်ဖမ်းသံဖမ်း ပြောကြားခဲ့သည်။ ယူနိုက်တက်သည် ပက်ထရစ်အီဗရာ၊ နီမန်ယာဗီဒစ်နှင့် ရီယိုဖာဒီနန်တို့ကို လက်လွှတ်လိုက်သည့်နောက် ခံစစ်ကြောင်းကို အားဖြည့်ရန် အရေးတကြီး လိုအပ်နေသည်။

ဝင်းဂါးက “ဗာမေလန်အတွက် ကမ်းလှမ်းမှုတွေ ရသလားဆိုတော့ ရတယ်လို့ ပြောရပါမယ်။ ဘယ်သူတွေ ကမ်းလှမ်းတယ် ဆိုတာတော့ မပြောချင်ဘူး။ ဒါပေမဲ့ သိပ်မကြာခင် သိရမှာပါ”ဟု ဆိုသည်။ သတင်းထောက်များက ကမ်းလှမ်းထားသည့် အသင်းများတွင် ယူနိုက်တက် ပါမပါ မေးမြန်းသည့်အခါ “မန်ချက်စတာ ယူနိုက်တက်လား။ ကမ်းလှမ်းထားတဲ့ အဖွဲ့တွေထဲမှာ သူတို့လည်း ပါတယ်လို့တော့ ကျွန်တော်ထင်ပါတယ်”ဟု ဝင်းဂါးက ဖြေကြားခဲ့သည်။ ၎င်းက ဗာမေလန် အသင်းမှ ထွက်မထွက်နှင့် ပတ်သက်ပြီးမူ “အဲဒါက ဖြစ်နိုင်ပါတယ်။ ဒါကို ရာသီကြိုကာလ အစောပိုင်းကတည်းက ကျွန်တော် ပြောပြီးသားပါ။ သူက ပွဲများများ ကစားဖို့ လိုအပ်နေတယ်လေ။ သူ့မှာက စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးချယ်စရာတွေ ရှိနေတဲ့အခါ သူ့လမ်းမှာ ကျွန်တော်တို့ ပိတ်ရပ်နေဖို့ ခက်ပါတယ်။ ကျွန်တော်တို့ သူ့အနာဂတ်ကို အသေအချာ ဆွေးနွေးပြီးပါပြီ”ဟု ပြောဆိုခဲ့သည်။

ဝင်းဂါးက “ဗာမေလန်အတွက် အင်္ဂလန် ပြင်ပက ကမ်းလှမ်းမှုတွေကိုလည်း ကျွန်တော်တို့ လက်ခံရရှိထားပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် သူ့ကို နိုင်ငံခြားမှာပဲ သွားကစားစေချင်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Ref: Goal
Soccer Myanmar
သောမတ်စ်ဗာမေလန်အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်းနှင့် ဖြစ်နိုင်မည်ဆိုပါက ကစားသမားကို ပြည်ပ သို့သာ ရောင်းချသွားလိုကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားခဲ့ သည်။
မန်ချက်စတာ ယူနိုက်တက်နှင့် ဘာစီလိုနာ အသင်းများသည် အာဆင်နယ် အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူကို အပြိုင်ကမ်းလှမ်းနေသည်ဟု ယူဆရသည်။ ဝင်းဂါးက ဗာမေလန်ကို အမ်းမရိတ်စ်တွင် ဆက်လက် ထိန်းသိမ်းထားရန် ဖြစ်နိုင်ခြေ နည်းနေပြီဟု အရိပ်အမြွက် ဝန်ခံခဲ့သလို ဗာမေလန်ကို ကမ်းလှမ်းနေသည့် အသင်းများတွင် ယူနိုက်တက် ပါဝင်ကြောင်းလည်း ရိပ်ဖမ်းသံဖမ်း ပြောကြားခဲ့သည်။ ယူနိုက်တက်သည် ပက်ထရစ်အီဗရာ၊ နီမန်ယာဗီဒစ်နှင့် ရီယိုဖာဒီနန်တို့ကို လက်လွှတ်လိုက်သည့်နောက် ခံစစ်ကြောင်းကို အားဖြည့်ရန် အရေးတကြီး လိုအပ်နေသည်။

ဝင်းဂါးက “ဗာမေလန်အတွက် ကမ်းလှမ်းမှုတွေ ရသလားဆိုတော့ ရတယ်လို့ ပြောရပါမယ်။ ဘယ်သူတွေ ကမ်းလှမ်းတယ် ဆိုတာတော့ မပြောချင်ဘူး။ ဒါပေမဲ့ သိပ်မကြာခင် သိရမှာပါ”ဟု ဆိုသည်။ သတင်းထောက်များက ကမ်းလှမ်းထားသည့် အသင်းများတွင် ယူနိုက်တက် ပါမပါ မေးမြန်းသည့်အခါ “မန်ချက်စတာ ယူနိုက်တက်လား။ ကမ်းလှမ်းထားတဲ့ အဖွဲ့တွေထဲမှာ သူတို့လည်း ပါတယ်လို့တော့ ကျွန်တော်ထင်ပါတယ်”ဟု ဝင်းဂါးက ဖြေကြားခဲ့သည်။ ၎င်းက ဗာမေလန် အသင်းမှ ထွက်မထွက်နှင့် ပတ်သက်ပြီးမူ “အဲဒါက ဖြစ်နိုင်ပါတယ်။ ဒါကို ရာသီကြိုကာလ အစောပိုင်းကတည်းက ကျွန်တော် ပြောပြီး သားပါ။ သူက ပွဲများများ ကစားဖို့ လိုအပ်နေတယ်လေ။ သူ့မှာက စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးချယ်စရာတွေ ရှိနေတဲ့အခါ သူ့လမ်းမှာ ကျွန်တော်တို့ ပိတ်ရပ်နေဖို့ ခက်ပါတယ်။ ကျွန်တော်တို့ သူ့အနာဂတ်ကို အသေအချာ ဆွေးနွေးပြီးပါပြီ”ဟု ပြောဆိုခဲ့သည်။

ဝင်းဂါးက “ဗာမေလန်အတွက် အင်္ဂလန် ပြင်ပက ကမ်းလှမ်းမှုတွေကိုလည်း ကျွန်တော်တို့ လက်ခံရရှိထား ပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် သူ့ကို နိုင်ငံခြားမှာပဲ သွားကစားစေချင်ပါတယ်”ဟုလည်း ဖွင့်ဟ သွား သည်။

Ref: Goal
Soccer Myanmar

No comments:

Post a Comment