Friday 8 August 2014

အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် သမ္မတ တိုက်တွန်း

အာဆီယံနိုင်ငံ များကြား အာဆီယံ နိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံများ အကြား ချောမွေ့စွာ ဆက်သွယ်နိုင်ရေး အတွက် အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်း ကို မဖြစ်မနေ အကောင်အထည်ဖော်ရေး အတွက် တိုက်တွန်းလိုကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။
စီမံကိန်းမှာ ရုပ်ဝတ္တု အခြေခံအဆောက်အအုံ ဆက်သွယ်မှု ပြည်သူများ အချင်းချင်းဆက်သွယ်မှု အဖွဲ့အစည်း ဆိုင်ရာ အချင်းချင်းဆက်သွယ်မှု တွေ ပါဝင်ပြီး စီံမံကိန်းအကောင်အထည်ဖော်ရေး အတွက် ငွေကြေးလိုအပ်ချက် များစွာ လိုအပ်ကြောင်း အစိုးရ အချင်းချင်းမှဖြစ်စေ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများ မှဖြစ်စေ ပြည်သူ ပိုင်ကဏ္ဍ ပုဂလိက ကဏ္ဍ အကြားမှ ဖြစ်စေ ငွေကြေး ရရှိအောင် ဦးစားပေး ကြိုးစားရမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးတွေ ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန ၁ မှာ ကနေ့ မနက် ၉နာရီ က စပြီး ကျင်းပနေပြီဖြစ်ပါတယ်။ယနေ့ဟာ အာဆီယံ တည်ထောင်တာ ၄၇ နှစ်မြောက် နေ့လည်းဖြစ်ပါတယ်။

၄၇ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း ဖွင့်ပွဲ အခမ်းအနားအပြီးမှာ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ မြန်မာ နိုင်ငံသမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံပွဲ၊ အာဆီယံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ ကနဦး ထုတ်ပြန်ကြေညာခြင်း လုပ်ငန်းစဉ် အစည်းအဝေး၊ အာဆီယံ နိုင် ငံခြားရေး ၀န်ကြီးများ ရဲ့ အာဆီယံ အစိုးရခြင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ် များ အစည်းအဝေး ၊အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အလွတ်သဘော အစည်းအဝေးတွေကို ကျင်းပသွား မှာဖြစ်ပါတယ်။

အာဆီယံ အသိုင်းအ၀န်းထူထောင်ရေး အတွက် အကောင်အထည်ဖော်ရာမှာ အာဆီယံ နိုင်ငံများကြား အကောင်အထည်ဖော်မှုမှာလက်ရှိအချိန်ထိ ၈၀ ရာခိုင်နူန်းခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း လာမယ့် ၁၂လအတွင်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

Author-နန်းလွင်
Kumudra

No comments:

Post a Comment