Friday 8 August 2014

ဆူနာမီမှာ ပျောက်ဆုံးသွားတဲ့ သမီးလေး ၁၀ နှစ်ကြာမှပြန်တွေ့

Photo: ဆူနာမီမှာ ပျောက်ဆုံးသွားတဲ့ သမီးလေး ၁၀ နှစ်ကြာမှပြန်တွေ့
Friday, August 8, 2014

၂၀၀၄ခုနစ် ဆူနာမီရေလှိုင်းတွေနဲ့အတူ ပါဝင်ပျောက်ဆုံးသွားတယ်လို့ ယူဆထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကလေးမလေးဟာ အခုအခါ သူ့မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံ သွားပါပြီ၊ အဲ့ဒီတုန်းက အသက် ၄ နှစ်ဘဲရှိသေးတဲ့ Raudhatul Jannah  နဲ့ အသက် ၇နှစ်အရွယ် သူတို့မောင်နှမနှစ်ယောက် ၂၀၀၄ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆူနာမီရေလှိုင်းတွေ အနောက် အာချေးက သူတို့ရဲ့အိမ်ကို လွှမ်းသွားတုန်းက ကွဲကွာသွားခဲ့ကြတာပါ၊

ဂျွန်လတုန်းက သူနဲ့ ချွတ်စွပ်တူတဲ့ မိန်းကလေးတယောက်ကို တခြားရွာမှာ သူ့ရဲ့ ဦင်္းလေးက တွေ့ခဲ့တဲ့ အချိန် အထိ ဂျာနာ ကိုသေဆုံးသွားပြီလို့ အားလုံးက ယူဆ ထားခဲ့ကြပါတယ်၊ တံငါသည်လေးတယောက်က ဂျာနာ့ကို ရေထဲက ကယ်ဆယ်လာပြီး သူ့မိသားစုက ဆက်ပြီးစောင့်ရှောက်ထားကြတာပါ၊ ဂျာနာနဲ့ အတူပျောက်ဆုံး သွားခဲ့တဲ့ သူ့ရဲ့ အကိုကိုတော့ အခုထိ ရှာလို့ မတွေ့သေးပါဘူး၊

ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment