Friday 8 August 2014

ငြိမ်းချမ်းရေးအတွက် သမ္မတထံတင်ပြပေးရန် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံ တောင်းဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏မြန်မာနိုင်ငံခရီးစဉ်အတွင်း တိုင်းရင်း သားဒေသများတွင် စစ်ပွဲများရပ်တန့် ပေးရေး သမ္မတဦးသိန်းစိန်ထံ တင်ပြပေးရန် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း များမှတောင်း ဆို လိုက်ကြောင်း သိရ သည်။
အဆိုပါ တောင်းဆိုချက်ကို သြဂုတ် ၇ ရက်နေ့တွင် တောင်းဆို လိုက်ခြင်းဖြစ်ပြီး ရွှေ့ပြောင်းအလုပ် သမားများဖက်ဒရေးရှင်း၊ ရှမ်းလူ့အခွင့် အရေးဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊
ရှမ်းအမျိုးသမီးများ လှုပ်ရှားမှုကွန် ရက်၊ ရှမ်းလူငယ်ကွန်ရက်အဖွဲ့၊ ရှမ်း လူငယ်အဖွဲ့(တောင်ကြီး)စသည့်ရှမ်း လူမှုအခြေပြုအဖွဲ့များမှ တောင်းဆို ခဲ့ခြင်းဖြစ်သည်။ 

SSPP/SSA နှင့် အစိုးရတို့ လက်မှတ်ရေးထိုးထားသည့် အပစ် အခတ်ရပ်စဲရေးသဘောတူညီမှု စာချုပ် ချုပ်ဆို ထားသော်လည်း ကျေး သီး၊ မိုင်းရှူး၊ တန့်ယန်းမြို့နယ်များ တွင် ဇွန်လမှစတင်ကာ မြန်မာ့တပ် မ တော်မှ တပ်အင်အား တိုးချဲ့ချထား သည့်အတွက် ဒေသခံကျေးရွာများမှ ရွာသား ၃ဝဝကျော် ထွက်ပြေးနေ ရ ကြောင်း၊ ဒေသခံ ၈ဝဝကျော်၏ လုံ ခြုံရေးကို စိုးရိမ်နေရကြောင်း အိတ် ဖွင့်ပေးစာ၌ ထည့်သွင်းဖော်ပြထား သည်။ 

နေပြည်တော်တွင်ကျင်း ပမည့် အာဆီယံဒေသတွင်းလုံခြုံရေးဖိုရမ် သို့ တက်ရောက်ရန် အမေရိကန် နိုင် ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ သည် သြဂုတ်လ ၈ ရက်နေ့မှ ၁၁ ရက် နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် မည်ဟု သိရသည်။

Yangon Media Group

No comments:

Post a Comment