Friday 8 August 2014

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်မှု နစ်နာမှုများ မရှိအောင် ဆောင် ရွက်မည်ဟုဆို

Photo: ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်မှု နစ်နာမှုများ မရှိအောင် ဆောင် ရွက်မည်ဟုဆို
Friday, August 8, 2014 

ရန်ကုန်မြို့၊ ဘူတာကြီးအတွင်းရှိ မြို့ပတ်ရထားစီးနင်းရန် စောင့်ဆိုင်းနေကြသည့် ခရီးသည်များကို ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ

ဂျပန်နိုင်ငံ ဂျိုက်ကာအကူအညီဖြင့် အဆင့်မြှင့်တင်မည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ပတ်ဝန်းကျင်ရှိ ပြည်သူများထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်မည်ဟု မြို့ပတ်ရထားလမ်းစီမံကိန်း အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

သြဂုတ်လ ၇ရက်က အေးရှားပလာဇာဟိုတယ်တွင် ပြုလုပ်ခဲ့သော ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရထားလမ်းပတ်ဝန်းကျင်မှာ ရှိတဲ့အိမ်၊ ဈေးဆိုင်၊လယ်ကွင်းအစရှိတဲ့နေရာတွေကို သုတေသနလုပ်မယ်။စီမံကိန်းမှာ လုပ်မယ့် မြေတွေက မြန်မာ့မီးရထားမြေစစ်စစ်ဟုတ် မဟုတ်ကြည့်မယ်။ မီးရထားပိုင် မဟုတ်တဲ့ မြေတွေကိုလည်း ဌာနဆိုင်ရာအဆင့်ဆင့် တင်ပြပြီး ဒေသပေါက်ဈေးနဲ့ လျော်ကြေးပေးဖို့ စဉ်းစားထားပါတယ်”ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

ယင်းလမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအပြင် မီးရထားများကိုလည်း ယခုထက် မြန်နှုန်းမြင့်သော ရထားများဖြင့် ပြေးဆွဲသွားမည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်မှုမရှိစေရန် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများပါ တည်ဆောက်သွားရန် စီစဉ်ထားသည်။

စစ်မှန်သော အချက်အလက်များရရှိစေရန် သုတေသနများ လုပ်ဆောင်ရမည်ဖြစ်ခြင်းကြောင့် စီမံကိန်းကို ၂၀၁၅ မှသာ စတင်နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင် သံလမ်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ တာဘောင် ပြုပြင်ထိန်းသိမ်းခြင်း၊လမ်းအဖြောင့်ဆွဲခြင်း၊ ကားလမ်းကူးဂိတ်တံခါးများကို အလိုအလျောက်စနစ် ဂိတ်တံခါးအဖြစ် ပြောင်းလဲခြင်း၊ဘူတာရုံအဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ဗဟိုထိန်းချုပ်မှုစနစ်တစ်ခုကို ထည့်သွင်းထားပြီး အချက်ပြ၊ ဆက်သွယ်ရေးနှင့် ရထားလည်ပတ်ခြင်းစနစ်များ အဆင့်မြှင့်တင် လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော E-Gurad မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက “ရထားလမ်း တည်ဆောက်လျှင် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ပတ်ဝန်းကျင်နေထိုင်သူတွေကို အသိပညာပေး ဟောပြောမယ်။သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဖို့ သုတေသနတွေ လုပ်ပြီး အစီရင်ခံစာတင်မယ်။အဲဒီအစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို တင်ပြပြီး အကြံဉဏ်ယူမယ်”ဟု ဆိုသည်။

ယင်းစီမံကိန်းတွင် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်းရှိနိုင်မည်ဖြစ်သည်။ အဓိကဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ခုံးကျော်တံတားများ အဆင့်မြှင့်တင်ရာတွင် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှ ဆူညံသံများ မဖြစ်ပေါ်စေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ လက်ရှိအနေအထားအရ ဒေတာအစစ်အမှန်များ ကောက်ခံမရရှိခြင်းကြောင့် မြန်မာ့မီးရထားက ဘတ်ဂျက်အနေအထားကိုမူ ပြောပြနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စီမံကိန်းကို၂၀၁၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့်၂၀၁၈ ခုနှစ်တွင် မြန်နှုန်းမြင့် ရထားများ၊ အဆင့်မြင့် ဘူတာရုံများ၊ ဘူတာရုံတွင်း ဈေးဝယ်စင်တာများပါဝင်လာမည်ဖြစ်သည်။ လက်မှတ်စနစ်များကိုလည်း နောက်ပိုင်းကာလတွင် စမတ်ကတ်များဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ ဘူတာကြီးအတွင်းရှိ မြို့ပတ်ရထားစီးနင်းရန် စောင့်ဆိုင်းနေကြသည့် ခရီးသည်များကို ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ရန်ကုန်မြို့၊ ဘူတာကြီးအတွင်းရှိ မြို့ပတ်ရထားစီးနင်းရန် စောင့်ဆိုင်းနေကြသည့် ခရီးသည်များကို ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ဂျပန်နိုင်ငံ ဂျိုက်ကာအကူအညီဖြင့် အဆင့်မြှင့်တင်မည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ပတ်ဝန်း ကျင်ရှိ ပြည် သူများ ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်မည်ဟု မြို့ပတ်ရထားလမ်းစီမံကိန်း အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
သြဂုတ်လ ၇ရက်က အေးရှားပလာဇာဟိုတယ်တွင် ပြုလုပ်ခဲ့သော ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်မှု စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရထားလမ်းပတ်ဝန်းကျင်မှာ ရှိတဲ့အိမ်၊ ဈေးဆိုင်၊လယ်ကွင်းအစရှိတဲ့နေရာတွေကို သုတေ သန လုပ်မယ်။စီမံကိန်းမှာ လုပ်မယ့် မြေတွေက မြန်မာ့မီးရထားမြေစစ်စစ်ဟုတ် မဟုတ်ကြည့်မယ်။ မီးရထားပိုင် မဟုတ်တဲ့ မြေတွေကိုလည်း ဌာနဆိုင်ရာအဆင့်ဆင့် တင်ပြပြီး ဒေသပေါက်ဈေးနဲ့ လျော်ေ ကြးပေး ဖို့ စဉ်းစားထားပါတယ်”ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

ယင်းလမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအပြင် မီးရထားများကိုလည်း ယခုထက် မြန်နှုန်းမြင့်သော ရထား များဖြင့် ပြေးဆွဲသွားမည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်မှုမရှိစေရန် ငလျင် ဒဏ်ခံနိုင်သည့် အဆောက်အအုံများပါ တည်ဆောက်သွားရန် စီစဉ်ထားသည်။

စစ်မှန်သော အချက်အလက်များရရှိစေရန် သုတေသနများ လုပ်ဆောင်ရမည်ဖြစ်ခြင်းကြောင့် စီမံကိန်းကို ၂၀၁၅ မှသာ စတင်နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင် သံလမ်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ တာဘောင် ပြုပြင် ထိန်း သိမ်းခြင်း၊လမ်းအဖြောင့်ဆွဲခြင်း၊ ကားလမ်းကူးဂိတ်တံခါးများကို အလိုအလျောက် စနစ် ဂိတ်တံခါးအဖြစ် ပြောင်းလဲခြင်း၊ဘူတာရုံအဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ဗဟိုထိန်းချုပ်မှုစနစ်တစ်ခုကို ထည့်သွင်းထားပြီး အချက်ပြ၊ ဆက်သွယ်ရေးနှင့် ရထားလည် ပတ်ခြင်း စနစ်များ အဆင့်မြှင့်တင် လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော E-Gurad မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက “ရထားလမ်း တည်ဆောက် လျှင် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ပတ်ဝန်းကျင်နေထိုင်သူတွေကို အသိပညာပေး ဟောပြော မယ်။သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဖို့ သုတေသနတွေ လုပ်ပြီး အစီရင်ခံစာတင် မယ်။အဲဒီအစီရင်ခံစာကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို တင်ပြပြီး အကြံဉဏ်ယူမယ်”ဟု ဆိုသည်။

ယင်းစီမံကိန်းတွင် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်းရှိနိုင်မည်ဖြစ်သည်။ အဓိကဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ခုံးကျော်တံတားများ အဆင့်မြှင့်တင် ရာတွင် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှ ဆူညံသံများ မဖြစ်ပေါ်စေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ လက်ရှိအနေအထား အရ ဒေတာအစစ် အမှန် များ ကောက်ခံမရရှိခြင်းကြောင့် မြန်မာ့မီးရထားက ဘတ်ဂျက်အနေအထားကိုမူ ပြောပြနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စီမံကိန်းကို၂၀၁၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့်၂၀၁၈ ခုနှစ်တွင် မြန်နှုန်းမြင့် ရထားများ၊ အဆင့်မြင့် ဘူတာရုံများ၊ ဘူတာရုံတွင်း ဈေးဝယ်စင်တာများပါဝင်လာမည်ဖြစ်သည်။ လက်မှတ်စနစ်များကိုလည်း နောက်ပိုင်း ကာလတွင် စမတ်ကတ်များဖြင့် လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment