Friday 8 August 2014

နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု ယမန်နှစ်ထက် ငါးသိန်းဝန်းကျင်အထိ မြင့်တက်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း နှစ်စဉ် တိုးတက်လာခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံခြားခရီးသွား ဧည့် သည် ဝင်ရောက်မှုကို ယခုနှစ်နှင့် ယမန်နှင့် ယမန်နှစ် နှိုင်းယှဉ်ပါက ငါးသိန်းဝန်းကျင်အထိ မြင့်တက် ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည့် ၁၁ သိန်းကျော် သာ ဝင်ရောက်ခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဝင်ရောက်မှုမှာ ၁၆ သိန်းကျော်အထိ ဝင်ရောက်ခဲ့ရာ ရာခိုင်နှုန်းအနေဖြင့် ၄၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံအုပ်ချုပ်မှုပုံစံ ပြောင်းလဲပြီး နောက်ပိုင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပြင် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို လာရောက်ခြင်းများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များကြောင့် နိုင်ငံတကာတွင် လူသိမှု ပိုများပြားလာကြောင်း၊ ယင်းအပြင် ဂျပန်၊ ကိုရီးယား အစရှိ သည့် နိုင်ငံများသို့လည်း လေကြောင်းလိုင်းဖြင့် တိုက်ရိုက် သွားလာနိုင်ခြင်းနှင့် နိုင်ငံ တကာ လေကြောင်း လိုင်းများ ပြေးဆွဲလာ၍ သွားလာရ လွယ်ကူခြင်းများကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် မှု မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးအေးကျော်က ပြောကြားသည်။

“ဝင်လာတဲ့အထဲမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေလည်း ပါတယ်။ ခရီးသည် အဝင် တိုးတာကတော့ လျော့စရာ အကြောင်းတော့ မရှိဘူး။ ဒါပေမဲ့ ဒီမှာ ဟိုတယ်ခတွေက အိမ်နီးချင်း နိုင်ငံတွေထက် သုံးဆလောက် မြင့်နေ တယ်။ အဲဒါကတော့ ပြဿနာတစ်ခုပဲ” ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှ စ၍ နှစ်စဉ် တိုးတက်လာပြီး ၂၀၁၄ ခုနှစ်တွင် ခရီးသွားဧည့်သည် ၃ သန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၅ သန်းအထိ ဝင်ရောက်လာရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက မျှော်မှန်းထားသည်။

The Voice Weekly

No comments:

Post a Comment