Friday 8 August 2014

အီဘိုလာရောဂါကြောင့် လိုက်ဘေးရီးယားနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာ

Photo: အီဘိုလာရောဂါကြောင့် လိုက်ဘေးရီးယားနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာ
Friday, August 8, 2014

အီဘိုလာ ရောဂါကပ်ဘေး ပြင်းထန်စွာ ကူးစက်လျက်ရှိသော အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်သော လိုက်ဘေးရီးယားတွင် နိုင်ငံတော်သမ္မတက တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သတ်မှတ်လိုက်သော အရေးပေါ် ကြေညာချက်ကြောင့် အရပ်သားများ၏ လွတ်လပ်ခွင့်အချို့ အတိုင်းအတာတစ်ခုအထိ ဆုံးရှုံးလိမ့်မည်ဟု သမ္မတအယ်လင် ဂျွန်ဆင်ဆာလိဖ်က သူမ၏ တယ်လီဗေးရှင်း မိန့်ခွန်း၌ ပြောကြားခဲ့သည်။

အီဘိုလာရောဂါပိုးသည် ဂီနီ၊ ဆာရာလီယွန်နှင့် နိုင်ဂျီးရီးယားတို့တွင် ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း သေဆုံးသူ ၉၃၀ ဦး ရှိသွားပြီ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အရာရှိများ ဂျီနီဗာမြို့တွင် အရေးပေါ် တွေ့ဆုံခဲ့ကြကာ ကူးစက်မှုကို တန်ပြန် တွန်းလှန်ရေးအတွက် နည်းလမ်းများ စဉ်းစားခဲ့ကြသည်။

နှစ်ရက်ကြာ အစည်းအဝေးကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး ယင်းအစည်းအဝေးမှသည် အီဘိုလာရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာသင့် မသင့် ဆုံးဖြတ်ကြမည် ဖြစ်သည်။

အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ရောဂါများသည် လူသားများအတွက် အဆိုးဝါးဆုံး ဖြစ်ပြီး ရောဂါကူးစက် ခံရပါက သေဆုံးမှုနှုန်းသည် ၅၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရှိပြီး လူနာ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များမှတစ်ဆင့် တစ်ပါးသူကို ကူးစက်ခြင်း ဖြစ်သည်။

အနောက်အာဖရိက နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း ၉၃၂ ဦး ရှိသွားပြီး ဖြစ်ကာ လိုက်ဘေးရီးယား နိုင်ငံတွင် ၂၈၂ ဦး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း WHO က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အရေးပေါ် အခြေအနေကို ရက်ပေါင်း ၉၀ သတ်မှတ်လိုက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် ပြည်သူများ အသက်အိုးအိမ်ကို ကာကွယ်ရေးအတွက် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း အမျိုးသမီးသမ္မတ ဆာလိဖ်က ပြောကြားခဲ့သည်။

“မသိနားမလည်မှု၊ ဆင်းရဲမှုနှင့် ယဉ်ကျေးမှု ထုံးတမ်း လုပ်ဆောင်မှုတွေကြောင့် ရောဂါကဆက်ပြီး ပြန့်ပွားနေတာပါ” ဟု လိုက်ဘေးရီးယား ခေါင်းဆောင်က ပြောကြားခဲ့သည်။

အီဘိုလာရောဂါ လိုက်ဘေးရီးယားတွင် ပျံ့နှံ့မှု ပိုဆိုးလာရခြင်းမှာ လူအများသည် ဝေဒနာ ခံစားရသော ဆွေမျိုးကို ဆေးရုံဆေးခန်းများရှိ သီးသန့်ကုသရေး စင်တာများကို မပို့ဘဲ အိမ်တွင် ကျိတ်ကုနေတတ်သည့် ဓလေ့ကြောင့် ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။

The Voice Weekly
အီဘိုလာ ရောဂါကပ်ဘေး ပြင်းထန်စွာ ကူးစက်လျက်ရှိသော အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်သော လိုက်ဘေးရီးယားတွင် နိုင်ငံတော်သမ္မတက တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သတ်မှတ်လိုက်သော အရေးပေါ် ကြေညာချက်ကြောင့် အရပ်သားများ၏ လွတ်လပ်ခွင့်အချို့ အတိုင်း အတာတစ်ခုအထိ ဆုံးရှုံးလိမ့်မည်ဟု သမ္မတအယ်လင် ဂျွန်ဆင်ဆာလိဖ်က သူမ၏ တယ်လီဗေးရှင်း မိန့်ခွန်း ၌ ပြော ကြား ခဲ့သည်။

အီဘိုလာရောဂါပိုးသည် ဂီနီ၊ ဆာရာလီယွန်နှင့် နိုင်ဂျီးရီးယားတို့တွင် ကူးစက်ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း သေ ဆုံးသူ ၉၃၀ ဦး ရှိသွားပြီ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အရာရှိများ ဂျီနီဗာမြို့တွင် အရေးပေါ် တွေ့ဆုံခဲ့ကြကာ ကူးစက်မှုကို တန်ပြန် တွန်းလှန်ရေးအတွက် နည်းလမ်းများ စဉ်းစားခဲ့ကြသည်။

နှစ်ရက်ကြာ အစည်းအဝေးကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး ယင်းအစည်းအဝေးမှသည် အီဘိုလာရော ဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာသင့် မသင့် ဆုံးဖြတ်ကြ မည် ဖြစ် သည်။

အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ရောဂါများသည် လူသားများအတွက် အဆိုးဝါးဆုံး ဖြစ် ပြီး ရောဂါကူးစက် ခံရပါက သေဆုံးမှုနှုန်းသည် ၅၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရှိပြီး လူနာ၏ ခန္ဓာကိုယ် မှ ထွက်သော အရည်များမှတစ်ဆင့် တစ်ပါးသူကို ကူးစက်ခြင်း ဖြစ်သည်။

အနောက်အာဖရိက နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း ၉၃၂ ဦး ရှိသွားပြီး ဖြစ်ကာ လိုက်ဘေးရီး ယား နိုင်ငံတွင် ၂၈၂ ဦး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း WHO က ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။

အရေးပေါ် အခြေအနေကို ရက်ပေါင်း ၉၀ သတ်မှတ်လိုက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် ပြည်သူများ အသက် အိုးအိမ်ကို ကာကွယ်ရေးအတွက် ယင်းသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း အမျိုးသမီးသမ္မတ ဆာလိဖ် က ပြောကြား ခဲ့သည်။

“မသိနားမလည်မှု၊ ဆင်းရဲမှုနှင့် ယဉ်ကျေးမှု ထုံးတမ်း လုပ်ဆောင်မှုတွေကြောင့် ရောဂါက ဆက်ပြီး ပြန့် ပွားနေတာပါ” ဟု လိုက်ဘေးရီးယား ခေါင်းဆောင်က ပြောကြားခဲ့သည်။

အီဘိုလာရောဂါ လိုက်ဘေးရီးယားတွင် ပျံ့နှံ့မှု ပိုဆိုးလာရခြင်းမှာ လူအများသည် ဝေဒနာ ခံစားရသော ဆွေ မျိုးကို ဆေးရုံဆေးခန်းများရှိ သီးသန့်ကုသရေး စင်တာများကို မပို့ဘဲ အိမ်တွင် ကျိတ်ကုနေတတ်သည့် ဓလေ့ကြောင့် ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။

The Voice Weekly 

No comments:

Post a Comment