Friday 8 August 2014

ရှစ်လေးလုံး (၂၆)နှစ်ပြည့်အထိမ်းအမှတ် ပန်းခွေချခြင်းနှင့် ရင်ပြင်နီအထိမ်းအမှတ်များပြုလုပ်


ယနေ့နံနက်ပိုင်းက ဆူးလေစေတီအနီးတွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်- ရှစ်လေးလုံးအရေးတော်ပုံ (၂၆)နှစ်ပြည့်အမှတ်တရအဖြစ် အရေးတော်ပုံအတွင်း ကျဆုံး သွားသော သူများအား ပန်းခွေချအလေးပြုခြင်းနှင့် ရင်ပြင်နီ အထိမ်းအမှတ်ကို ယနေ့နံနက်က ဆူးလေစေ တီ အနီးတွင် ပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံ၌ပါဝင်ခဲ့သူများနှင့် ပြည်သူ ၁၀၀ ခန့်ပါဝင်ခဲ့ပြီး အထိမ်း အမှတ်ပွဲတွင် ကျဆုံးသွားသောသူများအား အလေးပြုခြင်း၊ ပန်းခွေချခြင်း၊ သီချင်းများသီဆိုခြင်း၊ ရင်ပြင်နီ အထိမ်း အမှတ်အဖြစ် သရုပ်ဖော်ပြသခြင်း စသည်တို့ပြုလုပ်ခဲ့ကြသည်။

ယနေ့ ညနေ ၃ နာရီတွင်လည်း ရှစ်လေးလုံးအရေးအခင်းတွင်ပါဝင်ခဲ့သူများနှင့် ပြည်သူများက တာမွေမြို့ နယ် ရှိ တာမွေဈေးအနီးတွင် လမ်းလျှောက် အမှတ်တရပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment