Friday 8 August 2014

ဒလနေပြည်သူများ၏ နေ့စဉ်ဘ၀ကို ဗြိတိန်သံအမတ် ကွင်းဆင်းလေ့လာ

မစ်တစ်ဖက်ကမ်းမှ ရန်ကုန်မြို့သို့ လာရောက်အလုပ် လုပ်သော ဒလမြို့နေပြည်သူများ ၏အခြေအနေကို ခံစားသိရှိနိုင်ရန် ဒလမြို့သို့သွားရောက်လေ့လာခဲ့ ပြီး လုပ်ငန်းခွင်ဝင်ရန် ခရီးဝေးလံ သော ခက်ခဲမှု ကို မြင်တွေ့ခဲ့ရ ကြောင်း ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်က ပြောသည်။
ဗြိတိန်သံအမတ်သည် ဒလ မြို့မှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်ကြသူများ၏ ခရီး သွားလာမှုကို သိရှိနိုင်ရန် သြဂုတ် ၆ ရက်က သွားရောက်လေ့လာခဲ့ ခြင်း ဖြစ်သည်။

‘‘မနက်တိုင်း ကျွန်တော်အ လုပ်လာတဲ့အခါ မြစ်ကူးသင်္ဘော ပေါ်ကနေ လူတွေ ကမ်းနားလမ်းမ ပေါ် ဖြတ် ကူးလာတာ မြင်ရ တယ်။ သူတို့ ဘယ်လိုလာခဲ့ကြ တယ်ဆိုတာ ကျွန်တော်သိချင်ခဲ့ တယ်။ တချို့လူတွေက အရမ်း ဝေးတဲ့ ရွာတွေက လာရတယ်လို့ ကျွန်တော်ကြားဖူးတယ်။ အဲဒါ တွေက ဘယ်လိုပုံစံရှိမလဲဆိုတာ ကိုယ်တိုင်မြင်တွေ့ချင်ခဲ့တာပါ’’ ဟု ဒလမြို့သို့ သွားရောက်လေ့ လာရန် စိတ်ကူးရရှိခဲ့မှုကို ဗြိတိန် သံအမတ်က ပြောသည်။

ဗြိတိန်သံအမတ်သည် မြစ် ကူးသင်္ဘောပေါ်မှ ပြည်သူများ၊ ဒလမြို့ရှိ ဆိုက်ကားဆရာအပါ အ၀င် ဒေသခံ များနှင့် တွေ့ဆုံ စကားပြောခွင့်ရရှိခဲ့ပြီး ၎င်းတို့၏ အမြင်များကို နားထောင်ရသည် မှာ စိတ်ဝင်စား စရာ  ကောင်း ကြောင်း ပြောကြားသည်။

‘‘လုပ်ငန်းခွင်ဝင်ဖို့  ခရီးအကြာကြီး သွားရတာက ခက်ခဲ တယ်ဆိုတာ ရှင်းလင်းနေပါ တယ်။ ဒလမှာ အလုပ် လုပ်နေ တဲ့ ပြည်သူတွေက ၀င်ငွေအများကြီး မရကြဘူး။ ဥပမာ-ကလေးတွေ ပညာရေး အတွက် ငွေကြေး အသုံး ပြုဖို့ ခက်ခဲပါတယ်။ ဒီနိုင်ငံရဲ့ နေ ရာဒေသ အတော်များများမှာ ဒီလို ပြဿနာတွေ ဖြစ်နေတယ် ဆိုတာ သေချာပါတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့နဲ့ တခြား နိုင်ငံတွေက မြန်မာခေါင်းဆောင် တွေနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့ ဆောင်ရွက်နေတာပါ။ အချိန်တော့ ယူရပါလိမ့်မယ်’’ဟု ဗြိတိန်သံအမတ် အင်ဒရူးပက်ထ ရစ်က ပြောသည်။

နိုင်ငံတစ်နိုင်ငံအကြောင်း သိရှိနားလည်လာစေရန် သာမန် ပြည်သူများနှင့် တွေ့ဆုံခြင်း၊ ဘ၀ နေထိုင်မှုနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို တွေ့မြင်ခြင်းမှာ အရေးကြီးသည်ဟု ထင်မြင်၍ ယခုကဲ့သို့ လေ့လာရေး ခရီးများ ထပ်မံသွားရောက်လို ကြောင်း ဗြိတိန်သံအမတ်က ပြောသည်။

7Day DAILY

No comments:

Post a Comment