Friday 8 August 2014

ရုရှားဟက်ကာတွေပြုလုပ်ခဲ့တဲ့ အကြီးမားဆုံး ဆိုက်ဘာရာဇ၀တ်မှု

Photo: ရုရှားဟက်ကာတွေပြုလုပ်ခဲ့တဲ့ အကြီးမားဆုံး ဆိုက်ဘာရာဇ၀တ်မှု
Friday, August 8, 2014

မကြာသေးမီကပဲ ရုရှားဟက်ကာအဖွဲ့တစ်ခုဟာ ကမ္ဘာအနှံ့က သုံးစွဲသူတွေရဲ့usernames နဲ့password ၁.၂ ဘီလျံကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။
ရုရှားဟက်ကာအဖွဲ့တစ်ခုဟာ အမေရိကန်ထိပ်သီးကုမ္ပဏီတွေအပါအ၀င် ကမ္ဘာအနှံ့က ၀က်ဆိုက်တွေဆီက သုံးစွဲသူများစွာရဲ့ usernames နဲ့ password စုစုပေါင်း ၁.၂ ဘီလျံကို ခိုးယူခဲ့တယ်လို့ အမေရိကန်လုံခြုံရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
 
CyberVor လို့ အမည်ပေးထားတဲ့ အဲ့ဒီအဖွဲ့ဟာ အင်တာနက်ဝက်ဆိုက်ပေါင်း လေးသိန်းနှစ်သောင်းက သုံးစွဲသူတွေရဲ့ အကောင့်တွေကို ခိုးယူခဲ့တာဖြစ်တယ်လို့ အမေရိကန်လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာ လုံခြုံရေးအဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့အချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ဘယ်သူမဆို ဒီချိုးဖောက်မှုရဲ့ ဓားစားခံဖြစ်နိုင်နေတယ်လို့လည်း လုံခြုံရေးအဖွဲ့က သတိပေးခဲ့ပါတယ်။ 
 
အီးမေးလ်နဲ့password တွေလည်း ခိုးယူခံရတဲ့အထဲမှာ ပါဝင်နေပြီး ဟက်ကာတွေဟာ အချက်အလက်တွေကိုစုဆောင်းရုံသက်သက်သာအာရုံစိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်မှာ ရုရှားလိုသူခိုးလို့အဓိပ္ပါယ်ရတဲ့ vor ဆိုတဲ့စကားလုံးပါဝင်နေတဲ့အပြင် နယူးယောက်တိုင်းမ်ကလည်း ချိုးဖောက်မှုဟာ ရုရှားမြောက်ပိုင်းကနေ ပြုလုပ် ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

MRTV-4
မကြာသေးမီကပဲ ရုရှားဟက်ကာအဖွဲ့တစ်ခုဟာ ကမ္ဘာအနှံ့က သုံးစွဲသူတွေရဲ့usernames နဲ့password ၁.၂ ဘီလျံကို ခိုးယူခဲ့တယ်လို့ သိရပါတယ်။
ရုရှားဟက်ကာအဖွဲ့တစ်ခုဟာ အမေရိကန်ထိပ်သီးကုမ္ပဏီတွေအပါအ၀င် ကမ္ဘာအနှံ့က ၀က်ဆိုက်တွေဆီ က သုံး စွဲ သူ များစွာ ရဲ့ usernames နဲ့ password စုစုပေါင်း ၁.၂ ဘီလျံကို ခိုးယူခဲ့တယ်လို့ အမေရိကန် လုံခြုံရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

CyberVor လို့ အမည်ပေးထားတဲ့ အဲ့ဒီအဖွဲ့ဟာ အင်တာနက်ဝက်ဆိုက်ပေါင်း လေးသိန်းနှစ်သောင်းက သုံးစွဲသူတွေရဲ့ အကောင့်တွေကို ခိုးယူခဲ့တာဖြစ်တယ်လို့ အမေရိကန်လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာ လုံခြုံရေး အဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့အချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ဘယ်သူမဆို ဒီချိုးဖောက်မှုရဲ့ ဓားစားခံဖြစ်နိုင်နေတယ်လို့လည်း လုံခြုံရေးအဖွဲ့က သတိပေးခဲ့ပါတယ်။

အီးမေးလ်နဲ့password တွေလည်း ခိုးယူခံရတဲ့အထဲမှာ ပါဝင်နေပြီး ဟက်ကာတွေဟာ အချက်အလက်တွေ ကို စုဆောင်းရုံသက်သက်သာအာရုံစိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်မှာ ရုရှားလို သူခိုးလို့ အဓိပ္ပါယ်ရတဲ့ vor ဆိုတဲ့စကားလုံးပါဝင်နေတဲ့အပြင် နယူးယောက်တိုင်းမ်ကလည်း ချိုးဖောက်မှု ဟာ ရုရှားမြောက်ပိုင်းကနေ ပြုလုပ် ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

MRTV-4

No comments:

Post a Comment