Friday 8 August 2014

RSO သောင်းကျန်းသူများ မောင်တောသို့ လျှို့ဝှက်လာရောက်ခဲ့သည်ဆိုသော သတင်းများမမှန်

ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေး အဖွဲ့ (RSO) မှ အ ကြမ်းဖက်သောင်းကျန်းသူများ မောင်တောမြို့ နယ် တောင်ပိုင်း သို့ လျှို့ဝှက်ဝင်ရောက်လာ ကြောင်း ဖော်ပြထားသည့် အင် တာနက်သတင်းများမှာ မှန်ကန် ခြင်း မရှိကြောင်း သြဂုတ် ၇ ရက် နေ့စွဲဖြင့် ရခိုင်ပြည်နယ် အစိုးရအ ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုးကား၍ ထုတ်ပြန်သော သ တင်းထုတ်ပြန်ချက်တွင် Bravest Brakans အင်တာနက်သတင်း၌ ရေးသားထားသည့် RSO အဖွဲ့မှ ဘင်္ဂါလီအကြမ်းဖက်သောင်း ကျန်းသူ အသေခံ တိုက်ခိုက်ရေး သမားများ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချနှင့် သံဒါကျေးရွာများသို့ ပြီးခဲ့သည့် ရက်ပိုင်းက လျှို့ဝှက်ဝင်ရောက်လာကြောင်း သတင်းမှာ မှန်ကန်ခြင်း မရှိ ကြောင်း ဖော်ပြထားသည်။

ယင်းဒေသတွင် မြန်မာ့တပ် မတော် စစ်ကြောင်းများက လုံခြုံ ရေးတာဝန်ကို နေ့၊ ညမပြတ် ဆောင် ရွက်နေ ပြီး အထက်ပါသ တင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုး ကား၍ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။

နယ်မြေအခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီး ကောလာ ဟလသတင်းများကို မယုံကြည် ကြရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အ ရာရှိတစ်ဦးက ပြောသည်။ 

ထို့အပြင် ရခိုင်ပြည်နယ် အ စိုးရအဖွဲ့က Chit Thu Sky အင် တာနက်သတင်းတွင် ရေးသား ထားသော ကျောက်မန္ဒူကျေးရွာ မှ ဟိန္ဒူဘာသာဝင် တစ်ဦးကို ဘင်္ဂါလီလူမျိုးများက ၀ိုင်းဝန်း သတ်ဖြတ်ပြီး ကိုးရက် အကြာ၌ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ ကြောင်း သတင်းမှာလည်း မှန် ကန်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့ သည်။

7Day Daily

No comments:

Post a Comment