Friday 8 August 2014

ဆိုးရွားစွာရေကြီးရေလျှံမှုကြောင့် ဩဂုတ် ၆ရက်က တောင်ကုတ် မြို့နယ်ရှိ အသက် ၁၄နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၇- ဆိုးရွားစွာရေ ကြီး ရေလျှံမှုကြောင့် ဩဂုတ်၆ရက် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ်ရှိ အသက် ၁၄နှစ် အရွယ် အမျိုး သမီးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ ရေကြီးရေလျှံမှုမှာ ရခိုင်ပြည်နယ်ရှိ သံတွဲမြို့နယ်နှင့် တောင် ကုတ်မြို့ နယ် တို့တွင် ဆိုးရွား စွာ ဖြစ်ပွားနေခြင်းဖြစ်ကာ အဆိုပါ သေဆုံးခဲ့သည့် အမျိုး သမီး ငယ် သည် တောင်ကုတ်မြို့နယ် ၊ အေး သာယာ ကျေးရွာ တွင် နေထိုင် သူဖြစ်ကြောင်း တောင်ကုတ်မြို့နယ်၊ ရဲစခန်းမှသိရ သည်။

''ဩဂုတ် ၆ရက် နံနက်၈နာရီ ခွဲလောက်မှာ ရေနစ်သေဆုံးတာ ပါ။ ဈေးသွား ဝယ်တာမှာ တံတား ကို ဖြတ်ကူးရင်းရေ စီးနဲ့မျောပါပြီး ရေ နစ်သေတာပါ။ အလောင်းကိုဆယ် ယူထားပါပြီ''ဟု အဆိုပါ ရဲတပ်ဖွဲ့ရုံး မှတာဝန်ရှိသူက ထပ်မံပြော သည်။

ယမန်နေ့က တောင်ကုတ်မြို့ နယ်နှင့် သံတွဲမြို့နယ်တို့တွင် ဆိုးရွား စွာ ရေကြီးခြင်းကြောင့် တောင် ကုတ်မြို့ နယ် ၏ မြေနိမ့်ပိုင်း ရပ်ကွက် များရေမြုပ်ခဲ့ပြီး သံတွဲမြို့နယ်တွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ကာ ရေ အမြင့်ပေ ၅ပေမှ ရပေခန့် ထိရောက် ရှိခဲ့ခြင်းကြောင့် ကျောင်းများ ဈေး များကို ပိတ်ထား ခဲ့ရကြောင်း၊ ရေ ဘေးသင့်ဒုက္ခသည် ၄၀ဝကျော်ထိ ရှိခဲ့ပြီး ဘုန်းကြီးကျောင်း များတွင် ဒုက္ခသည် စခန်းများဖွင့်လှစ်ထားရှိ လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သံတွဲမြို့ နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုနေဇော် က''ရေကျ သွားပါပြီ။ စိုးရိမ်ရေ မှတ် အောက် နှစ်ပေလောက် ကျသွားပြီ တဲ့။ ကျောင်းတွေဈေးတွေပြန် ဖွင့် ထား ပေမယ့် ကျောင်းတွေ က ပြန်တက်လို့ မရသေး ဘူး။ နုန်းတွေ ပြန်ရှင်းနေ ရတယ်။ သောက်သုံးရေ အခက်အ ခဲဖြစ်နေ တယ်။ ရေတွင်းတွေကိုလဲ ပြန်ပြင်နေရတယ်။ ရခိုင်အင်အားစု ပါတီနဲ့ သက်ဆိုင် ရာဌာနတွေကတော့ အကူအညီပေးနေကြတယ်''ဟု ပြော သည်။

ရေကြီးခြင်း သဘာဝဘေးအန္တ ရာယ်ကြောင့် အဆိုပါဒေသရှိ အိမ် ထောင်စု ၃ဝကျော် ခန့်မှာ ဒုက္ခသည် စခန်းများ တွင် နေထိုင် လျက် ရှိ ကြောင်း၊ လက်ရှိ (ဩဂုတ် ရရက်)တွင် တောင်ကုတ်နှင့် သံတွဲ တို့၌ ရေကျဆင်းသွားပြီဖြစ်ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment