Friday 8 August 2014

ရှစ်လေးလုံးအထိမ်းအမှတ် သံဃာ ၈၈ ပါးကို လှူဒါန်းမယ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၂၆)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကလေးမြို့ပေါ် စာသင်တိုက် ခြောက်တိုက်မှ သံဃာတော် ၈၈ ပါးကို သြဂုတ်လ ၈ ရက်နေ့ မနက် ၉ နာရီမှာ ဆွမ်းလောင်း လှူသွားမှာ ဖြစ်တယ်လို့ ရှစ်လေးလုံးအင်အားစု အဖွဲ့ဝင် ဦးမိုက်ကယ်ဝင်းကျော် က ဆိုပါတယ်။
ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်က စံပြ သင်္ကန်းပရိက္ခရာ ဆိုင်ရှေ့မှာ လောင်းလှူ ကြမှာဖြစ်ပြီး ဒီလှူဒါန်းမှုကို ၈၈ မျိုးဆက် ကျောင်းသားများ (ကလေးမြို့)နဲ့ ရှစ်လေးလုံးအင်အားစုတို့ ပူးပေါင်းစီစဉ်ကြတာဖြစ်ပြီး ဘယ်သူမဆို လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ကလေးမြို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ သွေးသစ် အရုဏ်စာကြည့် တိုက် ဖွင့်ပွဲကိုလည်း သြဂုတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး မန္တလေးရှိ နာမည်ကျော်စာရေးဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ ညီပုလေး၊ နေဝင်းမြင့် တို့က ဟောပြောပွဲ ပြုလုပ်သွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

The Voice Weekly

No comments:

Post a Comment