Friday 8 August 2014

ရှပ်ဝါခေါင်းဆောင် ထိုင်း မီဒီယာလုပ်ငန်းရှင်အား အာမခံရုပ်သိမ်းပြီး ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံရန် တရားရုံး အမိန့်ချမှတ်

Photo: ရှပ်ဝါခေါင်းဆောင် ထိုင်း မီဒီယာလုပ်ငန်းရှင်အား အာမခံရုပ်သိမ်းပြီး ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံရန် တရားရုံး အမိန့်ချမှတ်
Friday August 8, 2014 

ထိုင်းရှပ်ဝါ ဆန္ဒပြအဖွဲ့အား ထူထောင်သူ  မီဒီယာလုပ်ငန်းရှင်တစ်ဦးအား အယူခံတရားရုံးက အာမခံ ပေးထားမှု ရုပ်သိမ်းလိုက်ပြီး  သြဂုတ် ၇ က် တွင် ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံစေလိုက်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းတွင် မသမာမှုများ လုပ်ဆောင်ခဲ့ပုဒ်မများဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ၎င်း၏ရှေ့နေက ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာထံမှ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားစေခဲ့ပြီး ထိုင်းနိုင်ငံအား ဆယ်စုနှစ် တစ်ခုကြာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စေခဲ့သည့် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ သူ ဆွန်ဓီလင်သောင်ကူအား  ၁၉၉၀ ပြည့်လွန်နှစ်များက ‘လုံခြုံရေးနှင့် ငွေလဲလှယ်မှုအက်ဥပဒေ’ ချိုးဖောက်ခဲ့မှုဖြင့် ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သော်လည်း အာမခံဖြင့် လွှတ်ပေး ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်အား ပယ်ဖျက်ပေးရန် ၎င်း၏ရှေ့နေက တရားရုံးချုပ်တွင် လျှောက်ထားခဲ့ပြီးနောက် အယူခံတရားရုံးက အာမခံပေးထားမှုကို ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။

ဆွန်ဓီသည် အခြားအမှုများဖြင့်လည်း တရားရင်ဆိုင်နေရပြီး စွဲဆိုထားသည့် အမှုအများစုမှာ ထိုင်းနိုင်ငံ ရေးတွင် ပါဝင်မှုများနှင့် သက်ဆိုင်ကြောင်း သိရသည်။

ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ခေါ် ရှပ်ဝါအုပ်စုက ဘုရင့်သစ္စာခံ ဗိုက်ချုပ်ကြီးများက ၀န်ကြီးချုပ်ဟောင်း သက်ဆင်ထံမှ အာဏာသိမ်းရာတွင်  ကူညီထောက် ခံခဲ့ကြသည်။ သက်ဆင် သည် ဆွန်ဓီ၏ ရန်သူတော်တစ်ဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်က သက်ဆင်အား အသရေဖျက်မှုနှင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

Ref:AFP
ထိုင်းရှပ်ဝါ ဆန္ဒပြအဖွဲ့အား ထူထောင်သူ  မီဒီယာလုပ်ငန်းရှင်တစ်ဦးအား အယူခံတရားရုံးက အာမခံ ပေး ထားမှု ရုပ်သိမ်းလိုက်ပြီး  သြဂုတ် ၇ က် တွင် ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံစေလိုက်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းတွင် မသမာမှုများ လုပ်ဆောင်ခဲ့ပုဒ်မများဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ၎င်း၏ရှေ့နေက ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာထံမှ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားစေခဲ့ပြီး ထိုင်းနိုင်ငံအား ဆယ်စုနှစ် တစ်ခုကြာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်စေခဲ့သည့် ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ သူ ဆွန်ဓီလင်သောင်ကူအား  ၁၉၉၀ ပြည့်လွန်နှစ်များက ‘လုံခြုံရေးနှင့် ငွေလဲလှယ်မှုအက်ဥပဒေ’ ချိုးဖောက်ခဲ့ မှုဖြင့် ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သော်လည်း အာမခံဖြင့် လွှတ်ပေး ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်အား ပယ်ဖျက်ပေးရန် ၎င်း၏ရှေ့နေက တရားရုံးချုပ်တွင် လျှောက်ထားခဲ့ပြီးနောက် အယူခံ တရားရုံးက အာမခံပေးထားမှုကို ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။

ဆွန်ဓီသည် အခြားအမှုများဖြင့်လည်း တရားရင်ဆိုင်နေရပြီး စွဲဆိုထားသည့် အမှုအများစုမှာ ထိုင်းနိုင်ငံ ရေး တွင် ပါဝင်မှုများနှင့် သက်ဆိုင်ကြောင်း သိရသည်။

ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ခေါ် ရှပ်ဝါအုပ်စုက ဘုရင့်သစ္စာခံ ဗိုက်ချုပ်ကြီးများက ၀န်ကြီးချုပ်ဟောင်း သက်ဆင် ထံမှ အာဏာသိမ်းရာတွင်  ကူညီထောက် ခံခဲ့ကြသည်။ သက်ဆင် သည် ဆွန်ဓီ၏ ရန်သူတော် တစ်ဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်က သက်ဆင်အား အသရေဖျက်မှုနှင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသည်။

Ref:AFP

No comments:

Post a Comment