Friday 8 August 2014

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် နှင့်တွေ့ဆုံခြင်း

Photo: မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် နှင့်တွေ့ဆုံခြင်း
Friday, August 8, 2014  

လက်ရှိ မြန်မာနိုင်ငံဒေသအချို့တွင် မိုးများဆက်တိုက်ရွာခြင်းကြောင့် ရေကြီးရေ လျှံခြင်းများဖြစ်ပေါ်လျက်ရှိနေသည်။ ယင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ မိုးလေဝသပညာရှင်များက ရေဖုံးလွှမ်းနိုင်ချေရှိသည့်ဒေသများကိုလည်း သတိပေးချက်များ ထုတ်ပြန်ထားခြင်းများလည်းရှိနေသည်။
ယင်းသို့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်းဒေသများတွင်မူ မိုးရွာသွန်းခြင်းမရှိသည့်အခြေအေ န များ ဖြစ်ပေါ်နေသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလေ ဗဒပ ညာ ရှင် ဒေါက်တာထွန်းလွင်နှင့် ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရေကြီးမှု သုံးကြိမ် ဖြစ်တယ်လို့သိရတယ်။ အခုရေကြီး မှုဖြစ် တာ က ဘယ် နှစ်ကြိမ်မြောက်လဲ ။ နောက်ဘယ် အချိန်လောက် မှ ဖြစ် နိုင်သေးလဲ။
ဖြေ။ ။ တစ်နှစ်ကို သုံးကြိမ်ဖြစ်ပါတယ်။ ဇွန်လမှာ တစ်ကြိမ်၊ ဇူလိုင် - ဩဂုတ်မှာ တစ်ကြိမ်၊ စက်တင်ဘာ-အောက်တိုဘာမှာ တစ်ကြိမ်ပါ။ အခုကြီးတာက ဒုတိ ယအကြိမ်ပါ။ တတိယရေကြီးကာလကျန်ပါသေးတယ်။ အခု ရေကြီးတာက မုတ်သုံမိုးကြောင့် ပါ။ မုန်တိုင်းမိုး မပါသေးပါဘူး။ အခုချိန်ထိ မုန်တိုင်းမဖြစ်သေး တဲ့အ တွက် နောက်ပိုင်းကျရင် မုန်တိုင်းမိုးလာမှာပါ။ မုတ်သုံ မိုးပါပေါင်း လိုက်ရင်တော့ ပိုဆိုးဖို့ပဲရှိပါတယ်။ ဒီဖြစ်စဉ် မျိုးတွေကလဲ အတိတ်မှာဖြစ်ခဲ့ဘူး ပါတယ်။ ၁၉၇၄ ခုနှစ် တုန်းကဖြစ်ခဲ့ဘူးတယ်။ မုတ်သုံအားကောင်းနေတုန်းမှာ အရှေ့ဘက်က တိုက်ဖုန်းမုန်တိုင်းအကြွင်းအကျန်တစ် ခုလာလိုက်တဲ့ အတွက် ရေကြီး မှုဖြစ်တယ်။ အများမှတ်မိ တဲ့ဖြစ်စဉ်တစ်ခုကိုပြောရရင် ဧရာ ဝတီမြစ်ရေ ကြီးပြီး ပြည်မြို့မှာရှိ တဲ့ ရွှေဆံတော်ဘုရားခြေရင်း မှာရှိ တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ခြေ ရင်း ဒီရေကြီးပြီး၊ တစ်မြို့ လုံး ရေကြီးမှုဖြစ် ခဲ့ပါတယ်။ ဖြစ်မယ်လို့ပြောတာမဟုတ်ပါဘူး။ ဖြစ်နိုင်တယ်လို့ပြောတာပါ။
ဖြစ်တတ်တဲ့ သဘာဝရှိတယ် လို့ပြောတာပါ၊ အဲ့ဒါကသတိထားသင့်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်အကြမ်း အားဖြင့် ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။
ဖြေ။ ။ အကြမ်းအားဖြင့်တော့ ငါးမျိုး၊ ခြောက်မျိုးလောက် ပဲရှိပါတယ်။ အသေအပျောက်အများဆုံးက မုန်တိုင်းပါ။ နောက်အပျက်အစီးအများဆုံး ကတော့ ရေကြီးတာပါပဲ။

http://www.dailydemocracytoday.com/2014-03-04-07-01-05/item/416-2014-08-08-04-29-14

Yangon Media Group
လက်ရှိ မြန်မာနိုင်ငံဒေသအချို့တွင် မိုးများဆက်တိုက်ရွာခြင်းကြောင့် ရေကြီးရေ လျှံခြင်းများဖြစ်ပေါ် လျက်ရှိနေ သည်။ ယင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ မိုးလေဝသပညာရှင်များက ရေဖုံးလွှမ်း နိုင်ချေရှိသည့်ဒေသ များကိုလည်း သတိပေးချက်များ ထုတ်ပြန်ထားခြင်းများလည်းရှိနေသည်။
ယင်းသို့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသော်လည်း အလယ် ပိုင်းဒေသများတွင်မူ မိုးရွာသွန်းခြင်းမရှိသည့်အခြေအေ န များ ဖြစ်ပေါ်နေသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလေ ဗဒပ ညာ ရှင် ဒေါက်တာထွန်းလွင်နှင့် ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ ပါသည်။

မေး။ ။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရေကြီးမှု သုံးကြိမ် ဖြစ်တယ်လို့သိရတယ်။ အခုရေကြီး မှုဖြစ် တာ က ဘယ် နှစ်ကြိမ်မြောက်လဲ ။ နောက်ဘယ် အချိန်လောက် မှ ဖြစ် နိုင်သေးလဲ။

ဖြေ။ ။ တစ်နှစ်ကို သုံးကြိမ်ဖြစ်ပါတယ်။ ဇွန်လမှာ တစ်ကြိမ်၊ ဇူလိုင် - ဩဂုတ်မှာ တစ်ကြိမ်၊ စက်တင်ဘာ-အောက်တိုဘာမှာ တစ်ကြိမ်ပါ။ အခုကြီးတာက ဒုတိ ယအကြိမ်ပါ။ တတိယရေကြီးကာလ ကျန်ပါသေးတယ်။ အခု ရေကြီးတာက မုတ်သုံမိုးကြောင့် ပါ။ မုန်တိုင်းမိုး မပါသေးပါဘူး။ အခုချိန်ထိ မုန်တိုင်းမဖြစ်သေး တဲ့အ တွက် နောက်ပိုင်းကျရင် မုန်တိုင်းမိုးလာမှာပါ။ မုတ်သုံ မိုးပါပေါင်း လိုက်ရင်တော့ ပိုဆိုးဖို့ပဲရှိပါတယ်။ ဒီဖြစ်စဉ် မျိုးတွေကလဲ အတိတ်မှာဖြစ်ခဲ့ဘူး ပါတယ်။ ၁၉၇၄ ခုနှစ် တုန်းကဖြစ်ခဲ့ဘူး တယ်။ မုတ်သုံအားကောင်းနေတုန်းမှာ အရှေ့ဘက်က တိုက်ဖုန်းမုန်တိုင်းအကြွင်းအကျန်တစ် ခုလာလိုက် တဲ့ အတွက် ရေကြီး မှုဖြစ်တယ်။ အများမှတ်မိ တဲ့ဖြစ်စဉ်တစ်ခုကိုပြောရရင် ဧရာ ဝတီမြစ်ရေ ကြီးပြီး ပြည်မြို့မှာ ရှိ တဲ့ ရွှေဆံတော်ဘုရားခြေရင်း မှာရှိ တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ခြေ ရင်း ဒီရေကြီးပြီး၊ တစ်မြို့ လုံး ရေကြီးမှုဖြစ် ခဲ့ပါတယ်။ ဖြစ်မယ်လို့ပြောတာမဟုတ်ပါဘူး။ ဖြစ်နိုင်တယ်လို့ပြောတာပါ။
ဖြစ်တတ်တဲ့ သဘာဝရှိတယ် လို့ပြောတာပါ၊ အဲ့ဒါကသတိထားသင့်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်အကြမ်း အားဖြင့် ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။
ဖြေ။ ။ အကြမ်းအားဖြင့်တော့ ငါးမျိုး၊ ခြောက်မျိုးလောက် ပဲရှိပါတယ်။ အသေအပျောက်အများဆုံးက မုန်တိုင်းပါ။ နောက်အပျက်အစီးအများဆုံး ကတော့ ရေကြီးတာပါပဲ။

http://www.dailydemocracytoday.com/2014-03-04-07-01-05/item/416-2014-08-08-04-29-14

Yangon Media Group

No comments:

Post a Comment