Friday 8 August 2014

တရုတ်နှင့်အာဆီယံအကြား ဗျာများရမယ့် မြန်မာ

Photo: တရုတ်နှင့်အာဆီယံအကြား ဗျာများရမယ့် မြန်မာ
Friday August 8, 2014

လာမည့်စနေနေ့တွင် အရှေ့တောင်အာရှ နိုင်ငံများ   အသင်း အာဆီယံ၏ဒေသတွင်းအစည်း အဝေးကို လက်ခံကျင်းပရန် မြန် မာကအားယူနေချိန် နိုင်ငံ၏ အနေအထားသည် ကံဆိုး၊ ကံကောင်း နှစ်ခုစလုံး  ရောထွေးနေသည်ကို တွေ့ရပါလိမ့်မည်။ မြန်မာက သူ၏   အာဆီယံဥက္ကဋ္ဌအဖြစ် ထင်ရှားလာသည့်အနေအထားကို ကြိုဆိုနေသလို ထိုနေရာ၏ လုပ်ရကိုင်ရခက်သည့် ဖိအားများကလည်း တိုးလာနေသည်။ တောင်တရုတ်ပင်လယ်ကရေပိုင်နက်ပြဿနာသည် အာဆီယံအစည်းအဝေးတွင် တရုတ်နိုင်ငံကို လို လားသူနှင့် မလိုလားသူအဖွဲ့များကြားတွင် တိုက်ပွဲတစ်ခုအဖြစ် ပုံစံ ပြောင်းသွားနိုင်ပါသည်။

၂၀၁၁ တွင် မြန်မာက အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၁၃ ၌ တာဝန် ယူမည့်အကြောင်းကြေညာခဲ့စဉ် က တိုင်းပြည်ကိုရှေ့တန်းရောက်စေသည့် အဓိကအဆင့်ကြီးတစ်ခု အဖြစ်မြင်ကြသည်။

သို့ရာတွင် ၂၀၁၁ တွင် မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲရေးများလုပ်လာသောအခါ မြန်မာအပေါ်ထားရှိသည့် နိုင်ငံခြားရေးရာမူဝါဒများလည်း  ပြောင်းလဲခဲ့သည်။ မြန်မာကို ၂၀၁၄ ခုနှစ်အာဆီယံ ဥက္ကဋ္ဌပေးအပ်ခြင်းသည် မြန်မာ၏ပြောင်းလဲတိုးတက်မှုများနှင့် ရှေ့ဆက်ပြီးပြုပြင်ပြောင်းလဲရေး များလုပ်ဆောင်ရန် ချီးမြှင့်မှုတစ်ခုဆိုသည်မှာထင်ရှားသည်။

အာဆီယံအတွင်းရေးမှူးချုပ် လီလွန်မင်းက

‘‘မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌနေရာဟာ အာဆီယံအဖွဲ့ ဝင်တွေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ ကြီးမားတဲ့ထောက်ခံမှု ကိုရနေတဲ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ဒီမိုကရေစီပြောင်းလဲရေးနှင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေကြားမှာ ပေါ်လာတာပဲ’’ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးများ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သလဲဟု မေးခွန်းထုတ်စရာရှိလာ သော်လည်း ထိုအချက်သည် နိုင် ငံခြားရေးမူဝါဒအပေါ်တွင် သက် ရောက်မှုရှိခဲ့သည်ဆိုသည်ကို ငြင်း ပယ်၍မရနိုင်ပါ။ မြန်မာ၏အာဆီ ယံဥက္ကဋ္ဌနေရာက အသီးအပွင့် ရလဒ်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှာ သူ၏အသွင်သစ်လည်းဖြစ်၏။ နောက်ထပ်သိသာထင်ရှားသည့် အချက်က ပြီးခဲ့သည့်သုံးနှစ်အ တွင်း အမေရိကန်နှင့်ဆက်ဆံရေး သိသိသာသာကောင်းလာခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် သမ္မတအိုဘားမားပင် မြန်မာ နိုင်ငံကို   လာရောက်ခဲ့သည်။ အနှစ် ၂၀ အတွင်းပထမဆုံးအမေ ရိကန်သံအမတ်ကိုလည်း ပြန် လည်ခန့်အပ်ခဲ့သည်။

အနောက်နိုင်ငံများအကြား မြန်မာ၏ရေပန်းစားမှုက တရုတ် နိုင်ငံကို  စိုးရိမ်ပူပန်စေသည်။ တရုတ်က မြန်မာအထီးကျန်နေ စဉ်မှာ ပြိုင်ဘက်မရှိမြန်မာကိုစိုး မိုးခွင့်ရခဲ့သူဖြစ်သည်။ တကယ် တမ်းတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ခဲ့ခြင်းမှာ မြန် မာနိုင်ငံ၏တရုတ်နိုင်ငံအပေါ် မှီခို အားထားမှုကို  လျှော့ချလိုသည့် မြန်မာခေါင်းဆောင်များကြောင့် တရုတ်က မြန်မာနှင့်ဆက်သွယ်မှု များ လျှော့ချလာသည်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ အတွင်း တရုတ်က မြန်မာတွင် သူ၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ၉၀ ရာခိုင်နှုန်းလျှော့ချခဲ့သည်။ ခေါင်းဆောင်ပိုင်းအဆင့် ခရီးစဉ်များကိုလည်း လျှော့လိုက်၏။

ပြောရမည်ဆိုလျှင် မြန်မာ ၏အာဆီယံဥက္ကဋ္ဌနေရာက ခေါင်းအကြီးအကျယ်ခဲစရာဖြစ်သည်။ အာဆီယံဥက္ကဋ္ဌအနေဖြင့် အာဆီ ယံအစည်းအဝေးများမှာ တွင် ကျယ်သလို တရုတ်လိုလားသူ နှင့်မလိုလားသူများကြားမှာ အိမ် ရှင်နိုင်ငံအဖြစ်  ဖိအားများစွာပေးခြင်းခံရရန်ရှိသည်။

ဥပမာဆိုရလျှင် ၂၀၁၀ ပြည့်နှစ်က အာဆီယံဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်က တောင်တရုတ်ပင် လယ်အငြင်းပွားမှုကို ဒေသတွင်း ထိပ်သီးအစည်းအဝေးမှာ အဓိက ပြဿနာအဖြစ်တင်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဆန့်ကျင်ဘက် ဖြစ်၏။ သူက ရေပိုင်နက်ပြဿနာ ကို အစည်းအဝေးတွင်လွှမ်းမိုး ခွင့်မပြု။ မြန်မာအပေါ်တွင်တော့ ထိုဖိအားတွေက နှစ်ဆဖြစ်လာ သည်။ တစ်ဖက်မှာလည်း တရုတ်က မြန်မာ၏အကြီးဆုံးကုန်သွယ် ဖက်နှင့်   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်ထားသည့်နိုင်ငံ ဖြစ်နေသည်။ တရုတ်ဆန့်ကျင် ရေးအာဆီယံအစည်းအဝေး သည် မြန်မာ၏စီးပွားရေးနှင့် နိုင်ငံရေးတွင် မကောင်းသော  အကျိုး ဆက်များပေးလာနိုင်သည်။

သို့သော် ပြီးခဲ့သည့်မေလက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာသည် တရုတ်နှင့်ဗီယက်နမ်အကြားတွင် သံတမန်နည်းအရ  ခက်ခက်ခဲခဲ ဖြတ်သန်းစီမံနိုင်ခဲ့သည်။

ယခုအခါတွင် တောင်တ ရုတ်ပင်လယ် ရေပိုင်နက်ပြဿ နာသည် လာမည့်အာဆီယံအစည်း အဝေးတွင် မြန်မာ၏ နိုင်ငံခြား ရေးမူဝါဒကို နောက်တစ်ခါအား စမ်းရန် ခြိမ်းခြောက်တာစူနေပါ ပြီ။

(The Diplomat စာစောင်ပါ ဆောင်းပါးရှင် Shannon Tiezzi ၏ Myanmar, ASEAN, and the China Challenge ဆောင်းပါးကို ထားထားမြင့်  ဘာသာပြန်ဆို သည်။)

7Day DAILY 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပမည့်  MICC(2)ရှေ့မှဝန်ထမ်းနှစ်ဦး (ဓာတ်ပုံ− စိုးဇေယျာထွန်း/ ရိုက်တာ)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပမည့်  MICC(2)ရှေ့မှဝန်ထမ်းနှစ်ဦး (ဓာတ်ပုံ− စိုးဇေယျာထွန်း/ ရိုက်တာ)
လာမည့်စနေနေ့တွင် အရှေ့တောင်အာရှ နိုင်ငံများ   အသင်း အာဆီယံ၏ဒေသတွင်းအစည်း အဝေးကို လက်ခံ ကျင်းပရန် မြန် မာကအားယူနေချိန် နိုင်ငံ၏ အနေအထားသည် ကံဆိုး၊ ကံကောင်း နှစ်ခု စလုံး  ရောထွေးနေသည်ကို တွေ့ရပါလိမ့်မည်။ မြန်မာက သူ၏   အာဆီယံဥက္ကဋ္ဌအဖြစ် ထင်ရှားလာသည့် အနေ အထားကို ကြိုဆိုနေသလို ထိုနေရာ၏ လုပ်ရကိုင်ရခက်သည့် ဖိအားများကလည်း တိုးလာနေ သည်။ တောင်တရုတ်ပင်လယ်ကရေပိုင်နက်ပြဿနာသည် အာဆီယံအစည်းအဝေးတွင် တရုတ်နိုင်ငံကို လို လားသူနှင့် မလိုလားသူအဖွဲ့များကြားတွင် တိုက်ပွဲတစ်ခုအဖြစ် ပုံစံ ပြောင်းသွားနိုင်ပါသည်။
၂၀၁၁ တွင် မြန်မာက အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၁၃ ၌ တာဝန် ယူမည့်အကြောင်းကြေညာခဲ့စဉ် က တိုင်းပြည်ကိုရှေ့တန်းရောက်စေသည့် အဓိကအဆင့်ကြီးတစ်ခု အဖြစ်မြင်ကြသည်။

သို့ရာတွင် ၂၀၁၁ တွင် မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲရေးများလုပ်လာသော အခါ မြန်မာအပေါ်ထားရှိ သည့် နိုင် ငံခြားရေး ရာမူဝါဒများလည်း  ပြောင်းလဲခဲ့သည်။ မြန်မာကို ၂၀၁၄ ခုနှစ်အာဆီယံ ဥက္ကဋ္ဌပေး အပ်ခြင်းသည် မြန်မာ၏ပြောင်းလဲတိုးတက်မှုများနှင့် ရှေ့ဆက်ပြီးပြုပြင်ပြောင်းလဲရေး များလုပ်ဆောင်ရန် ချီးမြှင့်မှုတစ်ခုဆိုသည်မှာထင်ရှားသည်။

အာဆီယံအတွင်းရေးမှူးချုပ် လီလွန်မင်းက
‘‘မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌနေရာဟာ အာဆီယံအဖွဲ့ ဝင်တွေနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ ကြီးမားတဲ့ထောက်ခံမှု ကိုရနေတဲ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ဒီမိုကရေစီပြောင်းလဲရေးနှင့်ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် တွေကြားမှာ ပေါ်လာတာပဲ’’ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးများ မည်သည့်အကြောင်းကြောင့်ဖြစ်ပေါ်လာ သလဲဟု မေး ခွန်း ထုတ်စရာရှိလာ သော်လည်း ထိုအချက်သည် နိုင် ငံခြားရေးမူဝါဒအပေါ်တွင် သက် ရောက်မှုရှိခဲ့သည် ဆိုသည်ကို ငြင်း ပယ်၍မရနိုင်ပါ။ မြန်မာ၏အာဆီ ယံဥက္ကဋ္ဌနေရာက အသီးအပွင့် ရလဒ် တစ် ခုဖြစ်ပြီး နိုင်ငံတကာမှာ သူ၏အသွင်သစ်လည်းဖြစ်၏။ နောက်ထပ်သိသာထင်ရှားသည့် အချက်က ပြီးခဲ့ သည့် သုံးနှစ်အ တွင်း အမေရိကန်နှင့်ဆက်ဆံရေး သိသိသာသာကောင်းလာခြင်း ဖြစ်သည်။ အမေရိ ကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် သမ္မတအိုဘားမားပင် မြန်မာ နိုင်ငံကို   လာရောက်ခဲ့ သည်။ အနှစ် ၂၀ အတွင်းပထမဆုံးအမေ ရိကန်သံအမတ်ကိုလည်း ပြန် လည်ခန့်အပ်ခဲ့သည်။

အနောက်နိုင်ငံများအကြား မြန်မာ၏ရေပန်းစားမှုက တရုတ် နိုင်ငံကို  စိုးရိမ်ပူပန်စေသည်။ တရုတ် က မြန်မာ အထီးကျန်နေ စဉ်မှာ ပြိုင်ဘက်မရှိမြန်မာကိုစိုး မိုးခွင့်ရခဲ့သူဖြစ်သည်။ တကယ် တမ်းတွင် ဒီမို ကရေစီပြုပြင် ပြောင်းလဲရေးလုပ်ခဲ့ခြင်းမှာ မြန် မာနိုင်ငံ၏တရုတ်နိုင်ငံအပေါ် မှီခို အားထားမှုကို  လျှော့ချလို သည့် မြန်မာခေါင်းဆောင်များကြောင့် တရုတ်က မြန်မာနှင့်ဆက်သွယ်မှု များ လျှော့ချလာသည်။ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၂ အတွင်း တရုတ်က မြန်မာတွင် သူ၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ၉၀ ရာခိုင်နှုန်းလျှော့ ချခဲ့သည်။ ခေါင်းဆောင်ပိုင်းအဆင့် ခရီးစဉ်များကိုလည်း လျှော့လိုက်၏။

ပြောရမည်ဆိုလျှင် မြန်မာ ၏အာဆီယံဥက္ကဋ္ဌနေရာက ခေါင်းအကြီးအကျယ်ခဲစရာဖြစ်သည်။ အာဆီယံ ဥက္ကဋ္ဌအနေဖြင့် အာဆီ ယံအစည်းအဝေးများမှာ တွင် ကျယ်သလို တရုတ်လိုလားသူ နှင့်မလိုလား သူများကြား မှာ အိမ် ရှင်နိုင်ငံအဖြစ်  ဖိအားများစွာပေးခြင်းခံရရန်ရှိသည်။

ဥပမာဆိုရလျှင် ၂၀၁၀ ပြည့်နှစ်က အာဆီယံဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်က တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဒေသတွင်း ထိပ်သီးအစည်းအဝေးမှာ အဓိက ပြဿနာအဖြစ်တင်ပြခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဆန့်ကျင်ဘက် ဖြစ်၏။ သူက ရေပိုင်နက်ပြဿနာ ကို အစည်းအဝေးတွင် လွှမ်းမိုး ခွင့်မပြု။ မြန်မာအပေါ်တွင်တော့ ထိုဖိအားတွေက နှစ်ဆဖြစ်လာ သည်။ တစ်ဖက်မှာလည်း တရုတ်က မြန်မာ၏အကြီးဆုံးကုန်သွယ် ဖက်နှင့်   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ထား သ ည့်နိုင်ငံ ဖြစ်နေသည်။ တရုတ်ဆန့်ကျင် ရေးအာဆီယံအစည်းအဝေး သည် မြန်မာ၏စီးပွားရေးနှင့် နိုင်ငံရေး တွင် မကောင်းသော  အကျိုး ဆက်များပေးလာနိုင်သည်။

သို့သော် ပြီးခဲ့သည့်မေလက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာသည် တရုတ်နှင့်ဗီယက်နမ်အကြားတွင် သံတမန်နည်းအရ  ခက်ခက်ခဲခဲ ဖြတ်သန်းစီမံနိုင်ခဲ့သည်။

ယခုအခါတွင် တောင်တ ရုတ်ပင်လယ် ရေပိုင်နက်ပြဿ နာသည် လာမည့်အာဆီယံအစည်း အဝေးတွင် မြန်မာ၏ နိုင်ငံခြား ရေးမူဝါဒကို နောက်တစ်ခါအား စမ်းရန် ခြိမ်းခြောက်တာစူနေပါ ပြီ။

(The Diplomat စာစောင်ပါ ဆောင်းပါးရှင် Shannon Tiezzi ၏ Myanmar, ASEAN, and the China Challenge ဆောင်းပါးကို ထားထားမြင့်  ဘာသာပြန်ဆို သည်။)

7Day DAILY

No comments:

Post a Comment