Monday 28 July 2014

MH17 လေယာဉ်ပျက် နေရာသို့ နိုင်ငံတကာတပ်များ စေလွှတ်ရန် မဖြစ်နိုင်ဟု နယ်သာလန် ဝန်ကြီးချုပ်ဝန်ခံ

 Photo: MH17 လေယာဉ်ပျက် နေရာသို့ နိုင်ငံတကာတပ်များ စေလွှတ်ရန် မဖြစ်နိုင်ဟု နယ်သာလန် ဝန်ကြီးချုပ်ဝန်ခံ
Monday, July 28, 2014 

MH17 လေယာဉ်ပျက်ကျသည့် နေရာတွင် နိုင်ငံတကာ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး လုံခြုံရေးယူရန် ဆိုသောကိစ္စသည် လက်တွေ့ မဖြစ်နိုင်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတေးက ဝန်ခံ ပြောကြားခဲ့သည်။

စစ်မက်ဖြစ်ပွားနေသည့် ယူကရိန်း အရှေ့ပိုင်း ဒေသသို့ နိုင်ငံတကာ တပ်ဖွဲ့များ ဝင်ရောက်နေရာယူပြီး လေယာဉ်ပျက်နှင့် ပတ်သက်သည့် မှတ်တမ်းများ ရယူနေသော ပညာရှင်များအား အကာအကွယ် ပေးလိုက်ခြင်းဖြင့် ယူကရိန်းသူပုန်များကို ဆွပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ယူကရိန်း အစိုးရကို ဆန့်ကျင်နေသည့် ခွဲထွက်ရေး သူပုန်များသည် MH17ကို စစ်ဘက်လေယာဉ် တစ်စီးနှင့် မှားယွင်းပစ်ချခဲ့ခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ လေယာဉ်ပျက်  တည်ရှိသည့် နေရာကိုလည်း သူပုန်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။ မကြာသေးမီက ဟော်လစ်ဗ်ကာကို သူပုန်တို့လက်မှ ပြန်လည် သိမ်းယူရန် ကြိုးစားရင်း ယူကရိန်းစစ်တပ်မှ (၁၃)ဦး ကျဆုံးခဲ့သည်။

 MH17 ပျက်ကျမှုတွင် စုစုပေါင်း (၂၉၈)ဦး သေဆုံးခဲ့ပြီး အများစုသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ကျွမ်းကျင်သူများက စစ်ဆေးနေသည့်တိုင် တသီးတခြား စုံစမ်းမှုမျိုး လုပ်ဆောင်နိုင်ခြင်း မရှိသေးချေ။

ဝန်ကြီးချုပ် မစ္စတာရူတေးက “ယူကရိန်း စစ်တပ်က အဲဒီဧရိယာမှာ စစ်ရေးအသာစီး ရလာပြီး နိုင်ငံတကာ တပ်တွေကိုပါ စေလွှတ်လာနိုင်ဖို့ ဆိုတာက ကျွန်တော်တို့ရဲ့ ကောက်ချက်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ကျတဲ့ အမှန်တရားတော့ မဟုတ်ဘူး”ဟု ဟိဂ်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက “တကယ်လို့ နိုင်ငံတကာ တပ်တွေကို စေလွှတ်ခဲ့တယ် ဆိုရင် သူပုန်တွေကို ရန်စလိုက်သလို ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို သူတို့က အနှောင့်အယှက် ပေးလာနိုင်ပါတယ်”ဟုလည်း ဆိုသည်။ အစောပိုင်းက နယ်သာလန်၊ မလေးရှားနှင့် ဩစတြေးလျတို့ ဦးဆောင်ပါဝင်သည့် နိုင်ငံတကာ တပ်ဖွဲ့များသည် အဆိုပါ ဒေသကို လုံခြုံရေးယူ စောင့်ကြပ်ရန် ယူကရိန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ အရင်းအနှီး ကြီးသွားနိုင်တဲ့ စွန့်စားမှုမျိုးကို လုပ်လို့မရပါဘူး”ဟု ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)မှ ပညာရှင် တစ်ဦးဖြစ်သော အလက်ဇန္ဒားဟက်ဂ်က မှတ်ချက်ပြုခဲ့သည်။ သူပုန်များက နိုင်ငံတကာ ရဲတပ်ဖွဲ့များကိုမူ အဆိုပါ နေရာသို့ ဝင်ရောက်ခွင့် ပေးထားသည့်အတွက် ဩစတြေးလျနှင့် နယ်သာလန်တို့က ရဲတပ်ဖွဲ့ဝင် (၄၉)ဦးကို ပူးပေါင်းစေလွှတ်ရန်မူ စီစဉ်နေဆဲ ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းရှိ သူပုန်တပ်များ ထိန်းချုပ်ထားသည့် ဒိုးနက်စ်ခ်နှင့် လူဟန့်စ်ခ်ဒေသများတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများ အရှိန်မြင့်တက် ပြင်းထန်လာနေကြောင်းလည်း သိရှိရသည်။

_Ref: BBC
7Day DAILY
MH17 လေယာဉ်ပျက်ကျသည့် နေရာတွင် နိုင်ငံတကာ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး လုံခြုံရေးယူရန် ဆိုသော ကိစ္စသည် လက်တွေ့ မဖြစ်နိုင်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတေးက ဝန်ခံ ပြောကြားခဲ့သည်။
စစ်မက်ဖြစ်ပွားနေသည့် ယူကရိန်း အရှေ့ပိုင်း ဒေသသို့ နိုင်ငံတကာတပ်ဖွဲ့များဝင်ရောက်နေရာယူ ပြီး လေ ယာဉ်ပျက်နှင့် ပတ်သက်သည့် မှတ်တမ်းများ ရယူနေသော ပညာရှင်များအား အကာအကွယ် ပေး လိုက်ခြင်းဖြင့် ယူကရိန်းသူပုန်များကို ဆွပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ယူကရိန်း အစိုးရကို ဆန့်ကျင်နေသည့် ခွဲထွက်ရေး သူပုန်များသည် MH17ကို စစ်ဘက်လေယာဉ် တစ် စီးနှင့် မှားယွင်းပစ်ချခဲ့ခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ လေယာဉ်ပျက်  တည်ရှိသည့် နေရာကိုလည်း သူပုန်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။ မကြာသေးမီက ဟော်လစ်ဗ်ကာကို သူပုန်တို့လက်မှ ပြန်လည် သိမ်းယူရန် ကြိုးစားရင်း ယူကရိန်းစစ်တပ်မှ (၁၃)ဦး ကျဆုံးခဲ့သည်။

 MH17 ပျက်ကျမှုတွင် စုစုပေါင်း (၂၉၈)ဦး သေဆုံးခဲ့ပြီး အများစုသည် နယ်သာလန် နိုင်ငံသား များ ဖြစ်ကြ သည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ကျွမ်းကျင်သူများက စစ်ဆေးနေသည့်တိုင် တသီးတခြား စုံစမ်းမှုမျိုး လုပ်ဆောင်နိုင်ခြင်း မရှိသေးချေ။

ဝန်ကြီးချုပ် မစ္စတာရူတေးက “ယူကရိန်း စစ်တပ်က အဲဒီဧရိယာမှာ စစ်ရေးအသာစီး ရလာပြီး နိုင်ငံတကာ တပ်တွေကိုပါ စေလွှတ်လာနိုင်ဖို့ ဆိုတာက ကျွန်တော်တို့ရဲ့ ကောက်ချက်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ကျတဲ့ အမှန်တရားတော့ မဟုတ်ဘူး”ဟု ဟိဂ်မြို့တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက “တကယ်လို့ နိုင်ငံတကာ တပ်တွေကို စေလွှတ်ခဲ့တယ် ဆိုရင် သူပုန်တွေကို ရန်စလိုက် သလို ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို သူတို့က အနှောင့်အယှက် ပေး လာနိုင် ပါတယ်”ဟုလည်း ဆိုသည်။ အစောပိုင်းက နယ်သာလန်၊ မလေးရှားနှင့် ဩစတြေးလျတို့ ဦးဆောင်ပါဝင်သည့် နိုင်ငံတကာ တပ်ဖွဲ့များသည် အဆိုပါ ဒေသကို လုံခြုံရေးယူ စောင့်ကြပ်ရန် ယူကရိန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ အရင်းအနှီး ကြီးသွားနိုင်တဲ့ စွန့်စားမှုမျိုးကို လုပ်လို့မရပါဘူး”ဟု ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)မှ ပညာရှင် တစ်ဦးဖြစ်သော အလက်ဇန္ဒားဟက်ဂ်က မှတ်ချက်ပြုခဲ့ သည်။ သူပုန်များက နိုင်ငံတကာ ရဲတပ်ဖွဲ့များကိုမူ အဆိုပါ နေရာသို့ ဝင်ရောက်ခွင့် ပေးထားသည့်အတွက် ဩစတြေးလျနှင့် နယ်သာလန်တို့က ရဲတပ်ဖွဲ့ဝင် (၄၉)ဦးကို ပူးပေါင်းစေလွှတ်ရန်မူ စီစဉ်နေဆဲ ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းရှိ သူပုန်တပ်များ ထိန်းချုပ်ထားသည့် ဒိုးနက်စ်ခ်နှင့် လူဟန့်စ်ခ်ဒေသများတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများ အရှိန်မြင့်တက် ပြင်းထန်လာနေကြောင်းလည်း သိရှိရသည်။

_Ref: BBC
7Day DAILY

No comments:

Post a Comment