Monday 28 July 2014

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုမလုပ်နိုင်လျှင် ပြည်ထောင်စုဝန်ကြီးရာထူးမှ နုတ်ထွက်ရန်အထိကတိခံဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ထုတ်ဖော်ပြောကြား

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ် ဆောင်နေသည့် ပြည်ထောင်စုဝန် ကြီးများအနေဖြင့် မိမိတို့ ၏ဆောင် ရွက်ချက်များကို သတ်မှတ်ကာလအတွင်း မလုပ်ဆောင်နိုင်လျှင် ရာထူး မှနုတ်ထွက်ကြရန်အထိ ကတိခံဆောင် ရွက်နေပါကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက စစ်တွေတွင် တရားဝင်ထုတ်ဖော်ပြော ဆို လိုက် သည်ဟု သိရသည်။
နယ်စည်းမခြားဆရာဝန်များ အဖွဲ့ (AZG/MSF) ကို ရခိုင်ပြည် နယ်အတွင်း ဝင်ရောက်လုပ်ကိုင်ရန် အစိုးရက ပြန်လည်ခေါ်ယူလိုက်ခြင်း နှင့်ပတ်သက်ပြီး ဇူလိုင် ၂၇ရက်၊ နေ့လယ်ပိုင်းကရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတကာသံအမတ်သုံး ဦးအပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ်အစိုး ရတာဝန် ရှိသူများ၊ စစ်တွေမြို့မိမြို့ဖ များ၊ ဒေသတွင်းလူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများ ထံမှ သိရသည်။

''ဒီအဖွဲ့တွေကိုပြန်ခေါ်လိုက် တာနဲ့ပတ်သက်ပြီး ဦးစိုးသိန်း၊ ဦးခင်ရီတို့က သူတို့ကိုနားလည်ပေး ပါ။ ရခိုင်ပြည် နယ် ဖွံ့ဖြိုးဖို့အတွက် လုပ်ပေးတာပါ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် ဒီဇင်ဘာမှာစစ်တွေနဲ့ ပုဏ္ဏားကျွန်းကို လျှပ်စစ်မီးအပြည့် အဝပေးမယ်လို့ ကတိခံထားတာတွေ ရှိတယ်။ တကယ်လို့ ဒီဇင်ဘာမှာ မပေးနိုင်ရင် လျှပ်စစ်ဝန်ကြီးဦးခင် မောင်စိုးလည်း အလုပ်ကထွက်၊ ကျွန်တော်လည်း အလုပ်ကထွက်မယ် ဆိုပြီး ပြောထားတာတွေရှိပါတယ်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးဖို့အတွက် အဲဒီလိုတာဝန်ခံထားတာတွေရှိပါ တယ်လို့ ဦးစိုးသိန်းကပြောခဲ့တယ်''ဟု ဦးစိုးသိန်း ၏ပြောဆိုချက်ကို ကိုး ကား၍ စစ်တွေမြို့မိမြို့ဖ ဦးရွှေကျော် သာက ပြန်လည်ပြောကြားခြင်းဖြစ် သည်။ 

ယခုတွေ့ဆုံပွဲတွင် ပြည်ထောင် စုဝန်ကြီးအဆင့် ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့နှစ်ဦးတည်းသာပါရှိသော်လည်း ဦးစိုးသိန်းက ယခုကဲ့သို့ပြောဆို ခဲ့ခြင်းမှာဟုတ်မှန်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်း ထုတ် ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ် ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင် က အတည်ပြုပြောဆိုသည်။ ''အဲလိုပြောခဲ့တာဟုတ်ပါ တယ်။ အဲဒီမှာပဲ တရားဝင်ပြော တာ''ဟု ဦးဝင်းမြိုင်က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး အဆိုပါ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် လူမှုကွန်ရက်အဖွဲ့ဝင်တစ်ဦးက''သူ တို့ရဲ့ အဲဒီလိုပြောဆိုချက်တွေကို ဟုတ်၊ မဟုတ်စောင့်ကြည့်လိုက်ပါ့ မယ်''ဟု တုံ့ပြန်ပြောသည်။ 

လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရန်အစိုးရ၏တရားဝင်ဖိတ် ခေါ်ခြင်းခံထားရသည့် AZG/MSF အဖွဲ့မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် နှစ်ဖက်လူ့အဖွဲ့အစည်းအပေါ် ဘက်လိုက် လုပ်ဆောင်ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီလက မောင်တောမြို့ နယ်၊ ဒုချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း အသတ်ခံရမှု ကိစ္စတွင်လည်း ရခိုင် တိုင်းရင်းသားများက ဘင်္ဂါလီများ ကို တိုက်ခိုက်သတ်ဖြတ်နေသည်ဟု ဆိုကာ သတင်းဌာနများသို့ သတင်း မှားများထုတ်လွှင့်ခဲ့သည့် အပြင် နိုင်ငံရေး ၌လည်း ဝင်ရောက်စွက်ဖက် မှုများရှိလာသည်ဟုဆိုကာ အဆိုပါ အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် ဝင်ရောက်လုပ်ကိုင်နေမှုကို လုံးဝလက် မခံနိုင်တော့ကြောင်း ဒေသခံများက ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ ထိုင်သပိတ်ပြုလုပ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။

ယင်းနောက်ပိုင်း အဆိုပါအ ဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းလုပ် ကိုင်ခွင့်ကို အစိုးရကတားမြစ်ခဲ့ သော်လည်း ယခုအခါ အဆိုပါအ ဖွဲ့နှင့် အစိုးရတို့ နားလည်မှုစာချွန် လွှာ(MoU) ထိုးကာပြန်လည် လက်ခံ လိုက်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ယခုနောက်ပိုင်းလုပ်ငန်း များလုပ်ဆောင်ရာတွင် မမှန်မကန် လုပ်ရပ် များ ဆက်လက်လုပ်ဆောင် ပါက အစိုးရအနေဖြင့် သည်းခံတော့မည်မဟုတ်ကြော င်း၊ ပြည်ထော င် စု ဝန်ကြီးများကပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်သူများ၏ပြောကြားချက်များအရသိရသည်။
''အဲဒီလို မဟုတ်မမှန်တွေမလုပ် ရအောင် သူတို့က Control လုပ် ပေးပါ့မယ်။ အကြောင်းအမျိုးမျိုး ကြောင့် အခုလိုလက်ခံလိုက်ရတာ ပါလို့ ဝန်ကြီးတွေကပြောခဲ့တယ်''ဟု စစ်တွေမြို့မိမြို့ဖဦးသာပွင့်က ဆိုသည်။ 

သို့သော် နယ်စည်းမခြားဆရာ ဝန်များအဖွဲ့(AZG/MSF)ကို အစိုး ရက ထပ်မံခေါ်ယူလိုက်ခြင်း အပေါ် ဒေ သ ခံ များ အနေဖြင့် လုံးဝလက်မ ခံနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးများမှတစ်ဆင့် သမ္မတထံ အိတ် ဖွင့် ပေးစာ တစ်စောင်ပေးပို့ခဲ့ကြောင်း လည်း သိရ သည်။

အဆိုပါ AZG/MSF အဖွဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ၂ဝ၁၄ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ခေတ္တရပ် နားခဲ့စဉ်က ပြည်နယ်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအတွက် ယင်း အဖွဲ့ က ထောက် ပံ့ပေးနေ သည့် ART ဆေးဝါးများပြတ်လပ်သွားခဲ့သည်အထိ အခက်အခဲ တချို့ ဖြစ်ပေါ် ခဲ့သေးသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများလုပ်ဆောင်ရန် AZG/MSF အပါအဝင် အခြား အိုင် အင်န်ဂျီအို အဖွဲ့အစည်းများကိုလည်း ဇူလိုင် ၂၃ရက် ရက်စွဲဖြင့် အစိုးရက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် တရား ဝင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

Democracytoday
Yangon Media Group

No comments:

Post a Comment