Monday 28 July 2014

ပါတော်မူဇာတ်ကို အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ ကပြတင်ဆက်မည်

 Photo: ပါတော်မူဇာတ်ကို အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ ကပြတင်ဆက်မည်
Monday, July 28, 2014

အနော်မာ သုခုမအနုပညာဝန်ဆောင်မှု လုပ်ငန်း၏ ပွဲဦးထွက်ဖြစ်သည့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ကပြနိုင်ရန် စီစဉ်နေသည်ဟု အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က မဇ္ဈိမကို ပြောသည်။ ယင်း အနုပညာဖျော်ဖြေပွဲကို သြဂုတ်လ ၃ဝ ရက်နှင့် ၃၁တို့ တွင် အလုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ည ၇ နာရီမှ စတင်ကာ ကပြဖျော်ဖြေကြမည် ဖြစ်သည်။

" စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကပြဖျော်ဖြေရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အနော်မာသုခုမ အနုပညာဝန်ဆောင်မှုလုပ်ငန်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က "အထိမ်းအမှတ်တော့ အထွေအထူးမရှိပါဘူး။ ပြီးခဲ့တဲ့ ဂရိတ်ဦးဖိုးစိန် နှစ် ၁ဝဝ ပြည့်ပွဲလဲ အစ်မတို့ပဲ လုပ်ခဲ့တာလေ။ အဲဒီတော့ ပါတော်မူနဲ့ စိန်မဟာသဘင်ဆိုတာ တစ်ခေတ်တစ်ခါက တွဲရက်ပဲလေ။ အရမ်းအောင် မြင်ကျော်ကြားခဲ့တဲ့ ဇာတ်တော်ကြီးပေါ့။ အဲဒါက ပရိသတ်ကြားမှာ ကွယ်ပျောက်နေတာလဲ ကြာပြီ။ နောက်ပြီးတော့ ပါတော်မူ ဇာတ်တော်ကြီးက သမိုင်းဖြစ်ရပ်မှန်လည်းဖြစ်တယ်။ အခုခေတ်လူငယ်တော် တော်များများလည်း မသိသလိုမျိုးတောင်ဖြစ်နေပြီ။ ဒါကို ပြန်ဖော်ထုတ်ချင်တဲ့ အနေနဲ့ ပြန်လည်တင်ဆက်ဖို့ စီစဉ်တာပါ။" ဟုပြောသည်။

ယင်းပါတော်မူဇာတ်သဘင် ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း၏ ငယ်ဘဝမှအစပြုကာ နောက်ဆုံးအင်္ဂလိပ်များက ခေါ်ဆောင်သွားသည်များကို အလွမ်းအဆွေး ရသများကို ပေါင်းစပ်ပြီး ခမ်းနားထည်ဝါစွာဖြင့် ယင်းဇာတ်ထုပ်တစ်ခုတည်းသာ ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

" စိန်မဟာသဘင်၏ ပါတော်မူဇာတ်" တွင် သဘင်ပညာရှင်များဖြစ်သော မိုးဝင်း၊ မိုးမင်း၊ ချမ်းသာ၊ ဇံဟိန်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ နန်းခင်မွှေး၊ တင်ဇာမိုးဝင်း နှင့် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေ ကြမည်ဖြစ်သည်။

အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းကို ၂ဝ၁၄ ခုနှစ် မေလက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အနုပညာဝန်ဆောင်မှုများ အနေဖြင့် ဧည့်ခံပွဲများ၊ ဖျော်ဖြေရေးပွဲများကို အလုပ်အနေဖြင့် လက်ခံကပြခဲ့သော်လည်း ပွဲကြီး အနေဖြင့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ပွဲဦးထွက် စတင်ကပြဖျော်ဖြေခြင်း ဖြစ်သည်။ " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ၏ လက်မှတ်ဈေး နှုန်းများသည် ၃ဝဝဝဝကျပ်၊ ၂၅ဝဝဝကျပ်၊ ၂ဝဝဝဝကျပ်၊ ၁ဝဝဝဝကျပ် သတ်မှတ်ထားပြီး ဖုန်း ဝ၉ ၅ဝ၄၄၄၃၉ တွင် ဆက်သွယ်ဝယ်ယူနိုင်သည်။

Mizzima - News in Burmese
အနော်မာ သုခုမအနုပညာဝန်ဆောင်မှု လုပ်ငန်း၏ ပွဲဦးထွက်ဖြစ်သည့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ကပြနိုင်ရန် စီစဉ်နေသည်ဟု အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က မဇ္ဈိမကို ပြောသည်။ ယင်း အနုပညာဖျော်ဖြေပွဲကို သြဂုတ်လ ၃ဝ ရက်နှင့် ၃၁တို့ တွင် အလုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ည ၇ နာရီမှ စတင်ကာ ကပြဖျော်ဖြေကြမည် ဖြစ်သည်။
" စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကပြဖျော်ဖြေရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အနော်မာသုခုမ အနုပညာဝန်ဆောင်မှုလုပ်ငန်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က "အထိမ်းအမှတ်တော့ အထွေအထူးမရှိပါဘူး။ ပြီးခဲ့တဲ့ ဂရိတ်ဦးဖိုးစိန် နှစ် ၁ဝဝ ပြည့်ပွဲလဲ အစ်မတို့ပဲ လုပ်ခဲ့တာလေ။ အဲဒီတော့ ပါတော်မူနဲ့ စိန်မဟာသဘင်ဆိုတာ တစ်ခေတ်တစ်ခါက တွဲရက်ပဲလေ။ အရမ်းအောင် မြင်ကျော်ကြားခဲ့တဲ့ ဇာတ်တော်ကြီးပေါ့။ အဲဒါက ပရိသတ်ကြားမှာ ကွယ်ပျောက်နေတာလဲ ကြာပြီ။ နောက်ပြီးတော့ ပါတော်မူ ဇာတ်တော်ကြီးက သမိုင်းဖြစ်ရပ်မှန်လည်းဖြစ်တယ်။ အခုခေတ်လူငယ်တော် တော်များများလည်း မသိသလိုမျိုးတောင်ဖြစ်နေပြီ။ ဒါကို ပြန်ဖော်ထုတ်ချင်တဲ့ အနေနဲ့ ပြန်လည်တင်ဆက်ဖို့ စီစဉ်တာပါ။" ဟုပြောသည်။

ယင်းပါတော်မူဇာတ်သဘင် ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း၏ ငယ်ဘဝမှအစပြုကာ နောက်ဆုံး အင်္ဂလိပ်များက ခေါ်ဆောင်သွားသည်များကို အလွမ်းအဆွေး ရသများကို ပေါင်းစပ်ပြီး ခမ်းနားထည်ဝါစွာဖြင့် ယင်းဇာတ်ထုပ်တစ်ခုတည်းသာ ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

" စိန်မဟာသဘင်၏ ပါတော်မူဇာတ်" တွင် သဘင်ပညာရှင်များဖြစ်သော မိုးဝင်း၊ မိုးမင်း၊ ချမ်းသာ၊ ဇံဟိန်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာ မိုးဝင်း၊ နန်းခင်မွှေး၊ တင်ဇာမိုးဝင်း နှင့် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေ ကြမည်ဖြစ်သည်။

အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းကို ၂ဝ၁၄ ခုနှစ် မေလက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အနုပညာဝန်ဆောင်မှုများ အနေဖြင့် ဧည့်ခံပွဲများ၊ ဖျော်ဖြေရေးပွဲများကို အလုပ်အနေဖြင့် လက်ခံကပြခဲ့သော်လည်း ပွဲကြီး အနေဖြင့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ပွဲဦးထွက် စတင်ကပြဖျော်ဖြေခြင်း ဖြစ်သည်။ " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ၏ လက်မှတ်ဈေး နှုန်းများသည် ၃ဝဝဝဝကျပ်၊ ၂၅ဝဝဝကျပ်၊ ၂ဝဝဝဝကျပ်၊ ၁ဝဝဝဝကျပ် သတ်မှတ်ထားပြီး ဖုန်း ဝ၉ ၅ဝ၄၄၄၃၉ တွင် ဆက်သွယ်ဝယ်ယူနိုင်သည်။

Mizzima - News in Burmese

No comments:

Post a Comment