Monday 28 July 2014

ယူကရိန်းဘက်သို့ ရုရှားလက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများဖြင့် အမေရိကန် သက်သေပြ

Photo: ယူကရိန်းဘက်သို့ ရုရှားလက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများဖြင့် အမေရိကန် သက်သေပြ
Monday, July 28, 2014 

ယူကရိန်းဘက်သို့ ရုရှား၏ လက်နက်ကြီးများ ပစ်ခတ်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို အမေရိကန်က ထုတ်ဖော် ပြသလိုက်ပြီး ၎င်းတို့၏ စွပ်စွဲမှု ခိုင်မာကြောင်း သက်သေပြခဲ့သည်။

အမေရိကန်က ရုရှားသည် ယူကရိန်း သူပုန်တပ်ဖွဲ့များကို ထောက်ပံပေးနေပြီး ယူကရိန်း စစ်တပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စွပ်စွဲခဲ့ရာ ရုရှားက ငြင်းဆိုထားသည်။ သို့သော်လည်း ဇူလိုင်(၂၇)ရက်တွင်မူ အမေရိကန်က နယ်ခြားကို ဖြတ်ကျော်ကာ ရုရှားတို့က ယူကရိန်းတပ်များကို ပစ်ခတ်နေသည့် ဂြိုဟ်တုဓာတ်ပုံ (၄)ပုံကို ပြသခဲ့သည်။

 ဓာတ်ပုံ(၂)ပုံတွင် ရုရှားပိုင်နက်ဘက်၌ နေရာယူထားသည့် လက်နက်ကြီး ယူနစ်နှစ်ခုက ယူကရိန်းစစ်ကြောင်းများ၏ တပ်ဦးပိုင်းသို့ ဒုံးကျည်အတော်များများဖြင့် ပစ်ခတ်နေသည်ကို တွေ့ရှိရကြောင်း အမေရိကန်က ဆိုသည်။ ဓာတ်ပုံ တစ်ပုံမှာ ဟောင်ဝစ်ဇာ စက်အမြောက်များကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ထို့အပြင် ဓာတ်ပုံတစ်ပုံ၌ ရုရှားတို့ ထောက်ပံ့ထားသည့် လက်နက်ကြီး ယူနစ်တစ်ခုဖြင့် ယူကရိန်း သူပုန်များက ယူကရိန်း ပိုင်နက်ဘက်မှ ပစ်ခတ်နေသည်ကို တွေ့နိုင်ကြောင်း အမေရိကန်က စွပ်စွဲထားသည်။

ရုရှားအစိုးရကမူ မိမိတို့သည် ယူကရိန်းအရေးတွင် ကြားဝင်မှု လုံးဝမရှိကြောင်း တွင်တွင် ငြင်းဆိုနေဆဲ ဖြစ်သည်။ ယူကရိန်း ခွဲထွက်ရေး သူပုန်တပ်ဖွဲ့များက မိမိတို့တွင် ဒုံးကျည်လက်နက်ကြီးများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ဝန်ခံခဲ့သော်လည်း မည်သည့်နိုင်ငံက ထောက်ပံ့သည်ကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိချေ။

_Ref: Channelnewsasia
7Day DAILY
ယူကရိန်းဘက်သို့ ရုရှား၏ လက်နက်ကြီးများ ပစ်ခတ်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို အမေရိကန်က ထုတ်ဖော် ပြသလိုက်ပြီး ၎င်းတို့၏ စွပ်စွဲမှု ခိုင်မာကြောင်း သက်သေပြခဲ့သည်။
အမေရိကန်က ရုရှားသည် ယူကရိန်း သူပုန်တပ်ဖွဲ့များကို ထောက်ပံပေးနေပြီး ယူကရိန်း စစ်တပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စွပ်စွဲခဲ့ရာ ရုရှားက ငြင်းဆိုထားသည်။ သို့သော်လည်း ဇူလိုင်(၂၇) ရက် တွင်မူ အမေရိကန်က နယ်ခြားကို ဖြတ်ကျော်ကာ ရုရှားတို့က ယူကရိန်းတပ်များကို ပစ်ခတ်နေသည့် ဂြိုဟ်တုဓာတ်ပုံ (၄)ပုံကို ပြသခဲ့သည်။

 ဓာတ်ပုံ(၂)ပုံတွင် ရုရှားပိုင်နက်ဘက်၌ နေရာယူထားသည့် လက်နက်ကြီး ယူနစ်နှစ်ခုက ယူကရိန်း စစ်ကြောင်း များ၏ တပ်ဦးပိုင်းသို့ ဒုံးကျည်အတော်များများဖြင့် ပစ်ခတ်နေသည်ကို တွေ့ရှိရကြောင်း အမေရိကန် က ဆိုသည်။ ဓာတ်ပုံ တစ်ပုံမှာ ဟောင်ဝစ်ဇာ စက်အမြောက်များကို ရိုက်ကူးထားခြင်း ဖြစ် သည်။ ထို့အပြင် ဓာတ်ပုံတစ်ပုံ၌ ရုရှားတို့ ထောက်ပံ့ထားသည့် လက်နက်ကြီး ယူနစ်တစ်ခုဖြင့် ယူကရိန်း သူပုန်များက ယူကရိန်း ပိုင်နက်ဘက်မှ ပစ်ခတ်နေသည်ကို တွေ့နိုင်ကြောင်း အမေရိကန်က စွပ်စွဲ ထားသည်။

ရုရှားအစိုးရကမူ မိမိတို့သည် ယူကရိန်းအရေးတွင် ကြားဝင်မှု လုံးဝမရှိကြောင်း တွင်တွင် ငြင်းဆိုနေ ဆဲ ဖြစ် သည်။ ယူကရိန်း ခွဲထွက်ရေး သူပုန်တပ်ဖွဲ့များက မိမိတို့တွင် ဒုံးကျည်လက်နက်ကြီးများ ရှိနေကြော င်း ပြီးခဲ့သည့် သီတင်းပတ်က ဝန်ခံခဲ့သော်လည်း မည်သည့်နိုင်ငံက ထောက်ပံ့သည်ကိုမူ ထည့်သွင်းပြော ဆို သွားခြင်း မရှိချေ။

_Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment