Monday 28 July 2014

အဖြေမထွက်သေးသည့်အမှတ် (၁) ဈေးမီးလောင်မှု

Photo: အဖြေမထွက်သေးသည့်အမှတ် (၁) ဈေးမီးလောင်မှု
Monday, July 28, 2014

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁) အနော် မာတုပ်ကွက်ရှိအမှတ် (၁) ဈေး ကြီး၌ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများပူးပေါင်း ငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီးကနဦးစုံမစ်းမှုအရဈေး ရုံ (င) ဆောင် ဆိုင်အမှတ် (၂၀) ဖိနပ်ဆိုင်မှစတင်လောင်ကျွမ်း ကြောင်း သိရပြီးမည်သည့်မီး ကြောင့်လောင်ကျွမ်းကြောင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်သလိုဆိုင်ပိုင်  ရှင်ကိုအောင်နိုင်စိုးကိုလည်း စစ် ဆေးဆဲဖြစ်ကြောင်း ပ ၃၄၉/၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။ မီးလောင် ကျွမ်းမှုကြောင့် ဖိနပ်ဆိုင်၊ ကော် ပစ္စည်းမျိုးစုံအရောင်းဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုင်အစရှိသည့်   အရောင်းဆိုင် (၃၉) ဆိုင် မီးသင့် ခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးအတိအကျကို မသိရသေးဘဲခန့်မှန်း ၉၁ သိန်းဖိုး ခန့်ရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်  ပတ်သက်ပြီး ဈေးသာယာရေး ကော်မတီဥက္ကဋ္ဌဦးထွန်းနိုင်က “ဒီနေ့ကဥပုသ်နေ့ဖြစ်လို့ဈေးနေ့ တစ်ဝက်ပိတ်တယ်။ မီးလောင်တာ   သိသီချင်းပြေးသွားတော့ မြောင်း ထဲကရေနဲ့ ၀ိုင်းငြှိမ်းနေတာတွေ တယ်။ တဖြည်းဖြည်းမီးကများလာ လို့စားအုန်းဆီဆိုင်ကယ်ကိုမီးမကူး အောင်လည်းလုပ်ရတယ်။ မိုးက လည်းတစ်နေကုန်ရွာထားတော့ ဈေးထဲမှာလည်း ရေလျှံနေတယ်။ လောင်တဲ့အချိန်မှာလည်း မိုးက သဲသဲမဲမဲရွာဆိုတော့ ဒီလောက်  ဖြစ်တာပဲတော်သေးတာပေါ့။ ညမှောင်ကလောင်တာဆိုရင်အား  လုံးကုန်မှာပဲ”ဟုပြောသည်။

မီးလောင်မှုကိုစတင်တွေ့ရှိ သောကိုမျိုးနိုင်က “ကျွန်တော်က ဈေးထဲမှာ ရေလိုက်ထည့်တယ်။ ကျွန်တော့်ဆိုင်လည်းရှိတယ်။ ရေထည့်ရင်းနဲ့ မီးခိုးတွေထွက်တာ မြင်လို့ကိုပြုံးချိုကိုခေါ်ပြီးပြေးပြီး သွားကြည့်တာဖိနပ်ဆိုင်ထဲက မီး ခိုးတွေထွက်တာမြင်နေရတယ်။ အဲဒါနဲ့ မီးလောင်နေတယ်လို့အော် လည်းအော်၊ မြောင်းထဲကရေနဲ့ လည်းခပ်ပက်လုပ်နေရင်းနဲ့ မီးက များလာတာ။ ဘယ်ကစလောင် တာလဲဆိုတာ ကျွန်တော့်အထင် ပြောရရင်တော့ဝါယာရှောစ်မဖြစ် နိုင်ဘူး။ ဈေးကနေ့တစ်ဝက်ပိတ်  မှာဆိုတော့ ၁၂ နာရီမထိုခင်က တည်းက မီးကာမြတ်တာထုံးစံပဲ။ မိန်းခလုတ်ခုံကလည်းသော့နဲ့ အဖွင့်အပိတ်လုပ်ရတာလေ။ ဆိုင်ထဲမှာ တစ်ခုခုထွန်းထားလို့ များလားတော့မသိဘူး”ဟုပြော သည်။

ဈေးအများစု မီးလောင်မှု ဖြစ်စဉ်တွင်ဝါယာရှောစ့်ကြောင့် အဖြစ်များပြီး ယခုအမှတ် (၁) ဈေးမြစ်စဉ်ကိုလည်း ၀ါယာရှောစ့် ကြောင့်မြစ်ကြောင်း (၂၇) ရက် ထုတ်သတင်းစာ၌ရေးသားမှုရှိပြီး ဈေးအတွင်း၌စည်းစနစ်တကျမီး သွယ်ယူတားမှုမရှိဘဲဆိုင်ခန်းများ က မီးပိုသယ်တန်းမှုများရှိကြောင်း၊ လျှပ်စစ်အန္တရာယ်စိုးရိမ်စရာဖြစ် ကြောင်း ဝေဖန်ပြောကြားမှုများ  လည်းရှိသည်။     

Hot News Journal
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁) အနော် မာတုပ်ကွက်ရှိအမှတ် (၁) ဈေး ကြီး၌ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများ ပူးပေါင်း ငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီးကနဦးစုံမစ်းမှုအရဈေး ရုံ (င) ဆောင် ဆိုင်အမှတ် (၂၀) ဖိနပ်ဆိုင်မှ စတင်လောင် ကျွမ်း ကြောင်း သိရပြီးမည်သည့်မီး ကြောင့်လောင်ကျွမ်းကြောင်းကို စုံစမ်းစစ်ဆေးဆဲဖြစ် သလို ဆိုင်ပိုင်  ရှင်ကိုအောင်နိုင်စိုးကိုလည်း စစ် ဆေးဆဲဖြစ်ကြောင်း ပ ၃၄၉/၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။ မီးလောင် ကျွမ်းမှုကြောင့် ဖိနပ်ဆိုင်၊ ကော် ပစ္စည်းမျိုးစုံအရောင်းဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုင်အစရှိသည့်   အရောင်းဆိုင် (၃၉) ဆိုင် မီးသင့် ခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးအတိအကျကို မသိရသေးဘဲခန့်မှန်း ၉၁ သိန်းဖိုး ခန့်ရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်  ပတ်သက်ပြီး ဈေးသာယာရေး ကော်မတီဥက္ကဋ္ဌဦးထွန်းနိုင်က “ဒီနေ့က ဥပုသ်နေ့ဖြစ် လို့ဈေးနေ့ တစ်ဝက်ပိတ်တယ်။ မီးလောင်တာ   သိသီချင်းပြေးသွားတော့ မြောင်း ထဲကရေနဲ့ ၀ိုင်းငြှိမ်းနေတာတွေ တယ်။ တဖြည်းဖြည်းမီးကများလာ လို့စားအုန်းဆီဆိုင်ကယ်ကို မီးမကူး အောင်လည်း လုပ်ရတယ်။ မိုးက လည်းတစ်နေကုန်ရွာထားတော့ ဈေးထဲမှာ လည်း ရေလျှံနေတယ်။ လောင်တဲ့အချိန်မှာ လည်း မိုးက သဲသဲမဲမဲရွာဆိုတော့ ဒီလောက်  ဖြစ်တာပဲတော်သေးတာပေါ့။ ညမှောင်ကလောင်တာဆိုရင် အား  လုံးကုန်မှာပဲ”ဟုပြောသည်။

မီးလောင်မှုကိုစတင်တွေ့ရှိ သောကိုမျိုးနိုင်က “ကျွန်တော်က ဈေးထဲမှာ ရေလိုက်ထည့်တယ်။ ကျွန်တော့် ဆိုင်လည်းရှိတယ်။ ရေထည့်ရင်းနဲ့ မီးခိုးတွေထွက်တာ မြင်လို့ကိုပြုံးချိုကိုခေါ်ပြီးပြေးပြီး သွားကြည့်တာ ဖိနပ် ဆိုင်ထဲက မီး ခိုးတွေထွက်တာမြင်နေရတယ်။ အဲဒါနဲ့ မီးလောင်နေတယ်လို့အော် လည်းအော်၊ မြောင်းထဲ ကရေနဲ့ လည်းခပ်ပက်လုပ်နေရင်းနဲ့ မီးက များလာတာ။ ဘယ်ကစလောင် တာလဲဆိုတာ ကျွန်တော့် အထင် ပြောရရင်တော့ဝါယာရှောစ်မဖြစ် နိုင်ဘူး။ ဈေးကနေ့တစ်ဝက်ပိတ်  မှာဆိုတော့ ၁၂ နာရီမထိုခင်က တည်းက မီးကာမြတ်တာထုံးစံပဲ။ မိန်းခလုတ်ခုံကလည်းသော့နဲ့ အဖွင့်အပိတ်လုပ်ရတာလေ။ ဆိုင်ထဲမှာ တစ်ခုခုထွန်းထားလို့ များလားတော့မသိဘူး”ဟုပြော သည်။

ဈေးအများစု မီးလောင်မှု ဖြစ်စဉ်တွင်ဝါယာရှောစ့်ကြောင့် အဖြစ်များပြီး ယခုအမှတ် (၁) ဈေးမြစ်စဉ်ကိုလည်း ၀ါယာရှောစ့် ကြောင့်မြစ်ကြောင်း (၂၇) ရက် ထုတ်သတင်းစာ၌ရေးသားမှု ပြီး ဈေးအတွင်း၌ စည်းစနစ် တကျမီး သွယ်ယူတားမှုမရှိဘဲဆိုင်ခန်းများ က မီးပိုသယ်တန်းမှုများရှိကြောင်း၊ လျှပ်စစ်အန္တရာယ်စိုးရိမ် စရာဖြစ် ကြောင်း ဝေဖန်ပြောကြားမှုများ  လည်းရှိသည်။    

Hot News Journal

No comments:

Post a Comment