Monday 28 July 2014

ချစ်သူနှင့် လက်ထပ်လိုက်သည့် တောင်ကိုရီးယား ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်

Photo: ချစ်သူနှင့် လက်ထပ်လိုက်သည့် တောင်ကိုရီးယား ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်
Monday, July 28, 2014

တောင်ကိုရီးယား လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်သည် ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက ၎င်း၏ ချစ်သူ ကင်မ်မင်ဂျီနှင့် လက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကင်မ်သည် SBS ၏ အစီအစဉ်ကြေညာသူ တစ်ဦးဖြစ်သည်။ ပါ့ခ်နှင့် ကင်မ်တို့၏ လက်ထပ်ပွဲကို SBS ၏ အခြား အစီအစဉ်မှူးတစ်ဦးဖြစ်သည့် ဘေဆွန်ဂျေးက ကြီးမှူးပေးခဲ့သည်။ ဘေသည် အဆိုပါစုံတွဲကို စတင်တွေ့ဆုံ မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်သည်။

ပါ့ခ်၏ လက်ထပ်ပွဲ အခမ်းအနားသည် တက်ရောက်လာသည့် နာမည်ကျော် ဧည့်ပရိသတ်များ စာရင်းကြောင့်လည်း လူအများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။ မင်္ဂလာပွဲသို့ PSY၊ လီဗြောင်ဟွန်းတို့ကဲ့သို့ အနုပညာလောကမှ နာမည်ကျော်များ၊ ရေကူးချန်ပီယံ ပါ့ခ်တေဟွန်းနှင့် ဘတ်စကက်ဘောသမား ပါ့ခ်ချန်ဟိုတို့ကဲ့သို့ အားကစား ကြယ်ပွင့်များ တက်ရောက် ချီးမြှင့်ခဲ့သည်။ ထို့အပြင် ပါ့ခ်ပါဝင်ခဲ့ဖူးသည့် ကိုရီးယား နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ် Running Man မှ ဝိုင်းတော်သားများလည်း မင်္ဂလာ ဧည့်ခံပွဲသို့ တက်ရောက်လာသည်။

အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ၌ ပါ့ခ်နှင့် အလွန်ရင်းနှီးခဲ့သည့် ပြင်သစ် ဘောလုံးသမား ပက်ထရစ် အီဗရာ၊ (၂၀၀၂)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တောင်ကိုရီးယားကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ဒတ်ခ်ျနည်းပြကြီး ဂူးစ်ဟစ်ဒင့်ခ်တို့လည်း ပါ့ခ်၏ မင်္ဂလာပွဲကို တက်ရောက် ချီးမြှင့်ခဲ့ကြသည်။

ပါ့ခ်သည် ၎င်း၏ ကစားသမားဘဝတွင် အတောက်ပဆုံးကာလများကို ဖြတ်သန်းခဲ့သည့် မန်ချက်စတာယူနိုက်တက်အသင်းကို အစွဲပြုပြီး အသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ကွင်းကြီး၏ ပုံစံငယ်ဖြင့် မင်္ဂလာဖိတ်စာကို စီစဉ်ခဲ့သည်။ ပါ့ခ်နှင့် ကင်မ်တို့၏ မင်္ဂလာပွဲကြို ဓာတ်ပုံများကို ဇူလိုင်လ အစောပိုင်းတွင် ကိုရီးယား မီဒီယာများထံ စတင်ဖော်ပြခွင့် ပြုခဲ့သည်။

ပါ့ခ်သည် ဂျပန်ကလပ် တိုကျိုပါးပဲလ်ဆန်ဂါတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အစပြုပြီးနောက် PSVအင်ဒိုဗန်၊ မန်ချက်စတာ ယူနိုက်တက်၊ ကွင်းပါ့ခ်ရိန်းဂျားစ် အသင်းများသို့ ကူးပြောင်းခဲ့သည်။ ၎င်းသည် ယခုနှစ် မေလတွင် အသက်(၃၃)နှစ် အရွယ်၌ ကစားသမား ဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ပါ့ခ်သည် တောင်ကိုရီးယား လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း(၁၀၀)ထိ ကစားပေးခဲ့သူလည်း ဖြစ်သည်။

Ref: Allkpop
7Day DAILY
တောင်ကိုရီးယား လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်သည် ဇူလိုင်(၂၇)ရက်နံနက်ပိုင်းက ၎င်း၏ချစ်သူ ကင်မ်မင်ဂျီနှ င့် လက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကင်မ်သည် SBS ၏ အစီအစဉ်ကြေညာသူ တစ်ဦးဖြစ်သည်။ ပါ့ခ်နှင့် ကင်မ်တို့၏ လက်ထပ်ပွဲကို SBS ၏ အခြား အစီအစဉ်မှူးတစ်ဦးဖြစ် သည့် ဘေဆွန်ဂျေးက ကြီးမှူးပေးခဲ့သည်။ ဘေသည် အဆိုပါစုံတွဲကို စတင်တွေ့ဆုံ မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်သည်။

ပါ့ခ်၏ လက်ထပ်ပွဲ အခမ်းအနားသည် တက်ရောက်လာသည့် နာမည်ကျော် ဧည့်ပရိသတ်များ စာရင်းကြောင့်လည်း လူအများ၏ စိတ်ဝင် စားခြင်းကို ခံခဲ့ရသည်။ မင်္ဂလာပွဲသို့ PSY၊ လီဗြောင်ဟွန်းတို့ကဲ့သို့ အနုပညာလောကမှ နာမည်ကျော်များ၊ ရေကူးချန်ပီယံ ပါ့ခ်တေဟွန်းနှင့် ဘတ်စကက်ဘောသမား ပါ့ခ်ချန်ဟိုတို့ကဲ့သို့ အားကစား ကြယ်ပွင့်များ တက်ရောက် ချီးမြှင့်ခဲ့သည်။ ထို့အပြင် ပါ့ခ်ပါဝင်ခဲ့ဖူးသည့် ကိုရီးယား နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ် Running Man မှ ဝိုင်းတော်သားများလည်း မင်္ဂလာ ဧည့်ခံပွဲသို့ တက်ရောက်လာသည်။

အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ၌ ပါ့ခ်နှင့် အလွန်ရင်းနှီးခဲ့ သည့် ပြင်သစ် ဘော လုံးသမား ပက်ထရစ် အီဗရာ၊ (၂၀၀၂)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တောင်ကိုရီးယားကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ဒတ်ခ်ျနည်းပြကြီး ဂူးစ်ဟစ်ဒင့်ခ်တို့လည်း ပါ့ခ်၏ မင်္ဂလာပွဲကို တက်ရောက် ချီးမြှင့်ခဲ့ကြသည်။

ပါ့ခ်သည် ၎င်း၏ ကစားသမားဘဝတွင် အတောက်ပဆုံးကာလများကို ဖြတ်သန်းခဲ့သည့် မန်ချက်စတာယူနိုက်တက်အသင်းကို အစွဲပြုပြီး အသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ကွင်းကြီး၏ ပုံစံငယ်ဖြင့် မင်္ဂလာဖိတ်စာကို စီစဉ်ခဲ့သည်။ ပါ့ခ်နှင့် ကင်မ်တို့၏ မင်္ဂလာပွဲကြို ဓာတ်ပုံများကို ဇူလိုင်လ အစောပိုင်းတွင် ကိုရီးယား မီဒီယာများထံ စတင်ဖော်ပြခွင့် ပြုခဲ့သည်။

ပါ့ခ်သည် ဂျပန်ကလပ် တိုကျိုပါးပဲလ်ဆန်ဂါတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အစပြုပြီးနောက် PSVအင်ဒိုဗန်၊ မန်ချက်စတာ ယူနိုက်တက်၊ ကွင်းပါ့ခ်ရိန်းဂျားစ် အသင်းများသို့ ကူးပြောင်းခဲ့သည်။ ၎င်းသည် ယခုနှစ် မေလတွင် အသက်(၃၃)နှစ် အရွယ်၌ ကစားသမား ဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ပါ့ခ်သည် တောင်ကိုရီးယား လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း(၁၀၀)ထိ ကစားပေးခဲ့ သူလည်း ဖြစ်သည်။

Ref: Allkpop
7Day DAILY

No comments:

Post a Comment