Monday 28 July 2014

သဲကုန်းမြို့နယ်တွင် ပုဒ်မ ၁၄၅ ထုတ်

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် အမှတ် (၃) သမဝါယမနှင့် ဒေသခံ လယ် သမားတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် လယ်မြေများကို လယ်သမားများ ဝင်ရောက်ခြင်း မပြုရန် သဲ ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၅ ထုတ်ကာ တားမြစ် လိုက်ကြော င်း ဒေသခံ လယ်သမားများက ပြောကြားသည်။
ပုဒ်မ ၁၄၅ မှာ မြေစသည်တို့နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေတန်ရာသော အငြင်းပွားမှုတွင် လိုက်နာရန် ကျင့်ထုံးဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် ဖော်ပြထားသည်။

အောင်ကုန်းကျေးရွာရှိ အမှတ် ၃ သမဝါယမပိုင် ကွင်းအမှတ် ၉၂၁၊ ၉၂၂၊ ၉၂၄ ကွင်းများမှ လယ်မြေဧက ၅၀၀ ကျော်အပေါ်တွင် သမဝန်ထမ်းများနှင့် ကျေးရွာသားများ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားနေသဖြင့် ဗဟိုမြေလွတ်မြေရိုင်း ခွင့်ပြုချက်နှင့် လန ၃၉ ရရှိထားပြီး အမှတ် ၃ သမဝါယမလီမိတက် အမည်ဖြင့် လက်ဝယ် ရှိထားသည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ ဝင်ရောက် နှောင့်ယှက်ခြင်း မပြုရန် ကျပ်တည်းစွာ တားမြစ်လိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ဇူလိုင်လ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ အောင်ကုန်းကျေးရွာရှိ သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည် ရယူလိုသည့် လယ်သမားများမှာ ဇူလိုင်လ ပထမပတ်က ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည်။

“နယ်ထိန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တားမြစ်စာကို လာပို့တယ်။ စာက ဇူလိုင်လ ၂၂ ဆိုပြီး ရက်စွဲ တပ်ထားပေမယ့် ဇူလိုင်လ ၂၃ မှ လယ်သမားတွေ လက်ထဲရောက်တယ်။ စာထုတ်ပြီး ကတည်းက ရဲအင် အား ၆၀ လောက် အဲဒီမြေတွေမှာ လုံခြုံရေး ချထားတယ်။ လယ်သမားတွေလည်း ထွန်ယက်မှု မရှိတော့ဘူး” ဟု အောင်ကုန်းကျေးရွာသို့ ရောက်ရှိနေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ မအူပင်မြို့နယ် ကိုယ်စားလှယ် ကိုမင်းမင်းဇော်က ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ထုတ်ပြန်သည့် ပုဒ်မ ၁၄၅ မှာ ဥပဒေကြောင်းအရ ရာဇဝတ် တရားသူကြီးကသာ ထုတ်ပြန်ခွင့် ရှိသည့်အပြင် လက်ရှိအခြေတွင် အငြင်းပွားနေသူ နှစ်ဦးနှစ်ဖက်၏ သက်ဆိုင်ရာ အထောက် အထားများ စစ်ဆေးပြီးမှ ထုတ်ပြန်သင့်သည့် ပုဒ်မဖြစ်ကြောင်း သဲကုန်းလယ်ယာမြေ အငြင်းပွားမှုနှင့် စပ်လျဉ်းပြီး တရားစွဲဆို ခံထားရသည့် လယ်သမားများဘက်က လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။

“အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာပေါ်ကို လွှမ်းမိုးနေတဲ့ ပုံစံဖြစ်နေတယ်။ လယ်သမား ကို နှိပ်ကွပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက် အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်လိုက်တယ်” ဟု ၎င်းကဆိုသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် ပုဒ်မ ၁၄၅ အမိန့်၏ မိတ္တူတစ်စောင်ကို ရာဇဝတ် တရားသူကြီးက ညွှန် ကြားသူ သို့မဟုတ် ညွှန်ကြားသူများအပေါ် သမ္မန်ချအပ်ရာတွင် ဥပဒေအရ ပြဋ္ဌာန်းထားသည့် နည်းလမ်း အတိုင်း ချအပ်ရမည့်အပြင် အနည်းဆုံး မိတ္တူတစ်စောင်ကို အငြင်းပွားသည့် အရပ်တွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ထင်ရှားသော နေရာတွင် ကပ်ခြင်းဖြင့် ကြေညာရ မည် ဖြစ်ကြော င်း ဖော်ပြ ထား သည်။

လယ်ယာမြေများ ပြန်လည်ရရှိရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ထွန်တုံး တိုက် ပွဲ ပြု လုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်က ထပ်မံ သပိတ်စခန်း ဖွင့်လှစ်ခဲ့ကာ ကျိန်စာတိုက်ပွဲများ၊ ဆုတောင်း ပွဲ များ ပြု လုပ်ခဲ့သဖြင့် လယ်သမားများနှင့် လယ်သမားရေး လှုပ်ရှားသူများကို ပုဒ်မ(၁၈)၊ ပုဒ်မ (၅၀၅) (ခ) ဖြင့် အမှုဖွင့်ခြင်းများလည်း ရှိပြီး လယ်သမားတစ်ဦးနှင့် ဗကသ ကျောင်းသားတစ်ဦးကို တရားခံပြေး အဖြစ် ကြေ ညာ ထားသည်။

The Voice Weekly

No comments:

Post a Comment