Monday 28 July 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်ကွင်းအထိ လမ်းလျှောက်ဆန္ဒပြ

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်ကွင်းအထိ လမ်းလျှောက်ဆန္ဒပြ 
Monday, July 28, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်အတွက် စမ်းချောင်းမြို့နယ် မြေနီကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ဘောလုံးကွင်းအထိ လူ ၃၀၀ နီးပါး ဇူလိုင်လ ၂၇ ရက်နေ့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူများက ပြောဆိုသည်။ 

ယင်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း အပြင် အခြေခံဥပဒေ ပြင်ဆင်ပေးရေး အတွက် ဗိုလ်စိန်မှန် ဘောလုံးကွင်းအတွင်း ဒုတိယ အကြိမ်မြောက် ဟောပြောပွဲများလည်း ပြုလုပ်ခဲ့သည်။ 

တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့များက ဦးဆောင် ဟောပြောခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင်းရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီသည် ပြည်သူလူထုက ပြင်ဆင်ရန် ဆန္ဒရှိသည့် ပုဒ်မများကို လျစ်လျူရှုထားသဖြင့် အယုံအကြည် မရှိကြောင်း ယင်းသို့ ဆန္ဒထုတ်ဖော်ရန် စာတင်ခဲ့သူ ဦးဆန်းလွင်ဦးက ဆိုသည်။ 

လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီတွင်လည်း ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ မပါဝင်ကြောင်း ၈၈ မျိုးဆက်မှ ဦးစိုးထွန်းက ဆိုသည်။ 

“ကျွန်တော် နားလည်တာ တစ်ခုပဲ။ ကျွန်တော် လူပီသချင်တယ်။ လူသားတစ်ယောက် အနေနဲ့ လူလိုနေချင်တယ်။ လူလိုသွားချင်တယ်။ ကျွန်တော် လူပီသရေး တစ်ခုပဲ” ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။ 

လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ စားဝတ်နေရေး ပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဆိုသော ကြွေးကြော်သံများ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ပြည်သူ့ဆန္ဒ လက်မှတ် ကောက်ယူခဲ့ရာ လူဦးရေ ၅ သန်းခန့် ရရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ 

မေလ တတိယပတ် အတွင်းကလည်း အဆိုပါ ဗိုလ်စိန်မှန်ကွင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းက ဟောပြောပွဲ ပြုလုပ်ခဲ့ကြသည်။ 

ယခု ဒုတိယအကြိမ် ပြုလုပ်သော ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်း မရှိဘဲ လာရောက် နားထောင်သူ ၂၀၀ ဝန်းကျင်ခန့် ရှိသည်။

The Voice Weekly
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်အတွက် စမ်းချောင်းမြို့နယ် မြေနီကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန် မှန် ဘောလုံးကွင်းအထိ လူ ၃၀၀ နီးပါး ဇူလိုင်လ ၂၇ ရက်နေ့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်း ဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူများက ပြောဆိုသည်။
ယင်းသို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း အပြင် အခြေခံဥပဒေ ပြင်ဆင်ပေးရေး အတွက် ဗိုလ်စိန် မှန် ဘော လုံး ကွင်းအတွင်း ဒုတိယ အကြိမ်မြောက် ဟောပြောပွဲများလည်း ပြုလုပ်ခဲ့သည်။

တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့များက ဦးဆောင် ဟောပြောခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင်းရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီသည် ပြည်သူလူထုက ပြင်ဆင်ရန် ဆန္ဒရှိသည့် ပုဒ်မ များ ကို လျစ်လျူရှုထားသဖြင့် အယုံအကြည် မရှိကြောင်း ယင်းသို့ ဆန္ဒထုတ်ဖော်ရန် စာတင်ခဲ့သူ ဦးဆန်းလွင်ဦး က ဆိုသည်။

လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီတွင်လည်း ပြည်သူ့ဆန္ဒကို ကိုယ် စားပြုနိုင် သည့် ကိုယ်စားလှယ်များ မပါဝင်ကြောင်း ၈၈ မျိုးဆက်မှ ဦးစိုးထွန်းက ဆိုသည်။

“ကျွန်တော် နားလည်တာ တစ်ခုပဲ။ ကျွန်တော် လူပီသချင်တယ်။ လူသားတစ်ယောက် အနေနဲ့ လူလိုနေ ချင်တယ်။ လူလိုသွားချင်တယ်။ ကျွန်တော် လူပီသရေး တစ်ခုပဲ” ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း မှ ဦးမင်းဇေယျက ပြောကြားသည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ်မှ လွတ်မြော က်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ တိုင်းရင်းသား တန်းတူညီမျှမှု ရရှိရေး အခြေခံဥပဒေ ပြင် ဆင်ရေး၊ ဒီမိုကရေစီရရှိရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ စားဝတ်နေရေး ပြေလည်ရေး အခြေခံဥပဒေ ပြင် ဆင်ပေး ဆိုသော ကြွေးကြော်သံများ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တို့ ပူးပေါင်းကာ ပြည်သူ့ဆန္ဒ လက်မှတ် ကောက်ယူခဲ့ရာ လူဦးရေ ၅ သန်းခန့် ရရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

မေလ တတိယပတ် အတွင်းကလည်း အဆိုပါ ဗိုလ်စိန်မှန်ကွင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းက ဟောပြောပွဲ ပြုလုပ်ခဲ့ကြသည်။

ယခု ဒုတိယအကြိမ် ပြုလုပ်သော ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်း မရှိဘဲ လာရောက် နားထောင်သူ ၂၀၀ ဝန်းကျင်ခန့် ရှိသည်။

The Voice Weekly

No comments:

Post a Comment