Monday 28 July 2014

ညောင်တုန်း ရေနံဓာတ်ငွေ့ရည် စက်ရုံကို ဖက်စပ် လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၁၁ ခုကို ပဏာမ ရွေးချယ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်တွင် ရှိသော ဧရာဝတီ တိုင်းဒေ သ ကြီး၊ ညောင်တုန်းမြို့နယ်၊ ရိုးကြီးရွာအနီးရှိ ညောင်တုန်း ရေနံဓာတ်ငွေ့ရည် စက်ရုံကို ဖက်စပ် လုပ်ကိုင်ရန်အတွက် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကုမ္ပဏီ ၁၁ ခုကို ပဏာမ ရွေးချယ်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။
ပဏာမ ရွေးချယ်ခံရသည့် ကုမ္ပဏီများမှာ အမေရိကန်ပြည်ထောင်စုမှ Myan Amer Energy, LLc၊ ဂျပန်နိုင်ငံမှ Mitsui & Co., Ltd နှင့် Sojitz Corporation၊ ထိုင်းနိုင်ငံမှ PTT Public Co., Ltd.၊ ကိုရီးယားနိုင်ငံမှ NK Co.,Ltd၊ အင်ဒိုနီးရှားနိုင်ငံမှ PT Titis Sampurna၊ စင်ကာပူနိုင်ငံမှ PUMA Energy Group Pte., Ltd.၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ SPEC Energy DMCC၊ တရုတ်နိုင်ငံမှ Langfang CNPC Huayu Petro-Chemical Engineering၊ ဟောင်ကောင်မှ Goldfarm (International) နှင့် Andaman Capital Partners တို့ ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

ညောင်တုန်း ရေနံဓာတ်ငွေ့ရည် စက်ရုံသည် လက်ရှိအချိန်တွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ သန်းမှ ၁၆ သန်း ချက်လုပ်၍ ရေနံဓာတ်ငွေ့ရည် တန် ၃၀ ခန့် ထုတ်လုပ်နိုင်ပြီး ပုဂ္ဂလိက ကုမ္ပဏီများ ကို ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းတွင် ဖက်စပ်လုပ်ကိုင်ရန် အတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဖက်စပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ လျှောက်ထားကြသည့် ကုမ္ပဏီ ၂၂ ခုအနက်မှ အရည် အချင်း ပြည့်မီသည့် ကုမ္ပဏီ ၁၁ ခုကို ပဏာမ ရွေးချယ်ခြင်း ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်းက ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment