Monday 28 July 2014

လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်း ရွာသူ၊ ရွာသားများ ကျူးကျော် ဝင်ရောက်ပြီး လေးခွနှင့် ခဲများဖြင့် ပစ်ပေါက် သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာများ ရရှိ

စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်း ဇူလိုင် ၂၆ရက်က မိုးကြိုးပြင် အလယ်ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ ကျူးကျော် ဝင်ရောက်ပြီး လေးခွ၊ ခဲများဖြင့် ပစ်ပေါက် ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင် ၂၆ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း အနောက်ဘက် မျက်နှာစာ လုံခြုံရေး ဆောင်ရွက်နေသည့် ရဲကင်း၏ ယာယီ ခြံစည်းရိုး အပြင်ဘက် ပေ ၂ဝခန့်အကွာ စီမံကိန်း ဧရိယာအတွင်းသို့ မိုးကြိုးပြင် အလယ်ရွာနေ ဒေါ်ဝ ၃၅ နှစ် အပါအဝင် အမျိုးသမီး ၁၅ ဦးခန့်က နွားအကောင် ၇ဝ ခန့် အား လာကျောင်း ခဲ့ကြောင်း၊ ထို့နောက် အဆိုပါကျေးရွာမှ အမျိုးသား ၃၅ဦး၊ အမျိုးသမီး ၃ဝခန့်က နွားအကောင် ၈ဝခန့်ဖြင့် ထပ်မံရောက်ရှိ လာပြီး ခြံစည်းရိုး ကာရံ ထားသည့် အတွင်းသို့ ဝင်ရောက် နွားကျောင်း လိုကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင် များအား လာရောက် ပြောကြားခဲ့ရာ တပ်ဖွဲ့ဝင်များက စီမံကိန်း ဧရိယာဖြစ်၍ အန္တရာယ် ရှိသဖြင့် အပြင်တွင်သာ ကျောင်းရန် ရှင်းပြသည်ကို လက်မခံဘဲ ဆဲဆိုပြီး ခြံစည်းရိုးအား အတင်းတွန်းလှဲ ဖျက်ဆီးကာ နွားများကိုမောင်းသွင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မောင်းသွင်းသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နွားများ စီမံကိန်း ဧရိယာအတွင်း မဝင်ရောက် နိုင်စေ ရန် တားဆီးပြီး ပြန်လည် မောင်းနှင်ခဲ့ရာ အဆိုပါ ရွာသူ၊ ရွာသား များက တပ်ဖွဲ့ဝင် များအား လေးခွများ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မြို့နယ် ရဲတပ်ဖွဲ့ မှူး၏ နဖူးတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိ ခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီခန့်တွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က အဆိုပါ နေရာသို့ ရောက်ရှိလာပြီး အခြေ အနေကို ထိန်းသိမ်း ဆောင်ရွက်သော်လည်း ရွာသူရွာသား ၈ဝခန့်က နွားများကို အကာအကွယ်ယူ၍ လေးခွ၊ ခဲများဖြင့် ဆက်လက် ပစ်ခတ်ပြီးနောက် ထွက်ခွာ သွား ခဲ့ကြောင်း၊ ယင်းနောက် ရွာသူ ရွာသားများသည် စီမံကိန်းနယ်မြေ အတွင်းရှိ လိပ်ခွံတောင် အနီးတွင် ပြန်လည်စုစည်းပြီး ယင်းတောင်ပေါ်ရှိ ရဲကင်း၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား လေးခွ၊ ခဲများဖြင့် မိနစ် ၂ဝခန့် ပစ်ခတ်ခဲ့ပြီး ဘန်ကာ အနီးသို့ ရောက်ရှိ လာသဖြင့် ၁၂ဗို့သေ နတ်ဖြင့် နှစ်ချက် သတိပေး ပစ်ခတ် ခဲ့မှသာ လူစုကွဲပြီး ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

ရွာသူ ရွာသားများ၏ လေးခွနှင့် ခဲများဖြင့် ပစ်ပေါက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ ဆေးရုံကြီးနှင့် ဆားလင်းကြီး ပြည်သူ့ ဆေးရုံတို့သို့ ပို့ဆောင် ကုသ ပေးလျက် ရှိကြောင်း၊ ယင်းဖြစ် စဉ်နှင့် ပတ်သက်၍ ဆားလင်းကြီး မြို့မ ရဲစခန်းက ဥပဒေ နှင့်အညီ အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment