Monday 28 July 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အရေးပေါ်ခေါ်ဆိုမှု Hotline No. 1880

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အရေးပေါ်ခေါ်ဆိုမှု Hotline No. 1880
Monday, July 28, 2014  

စတင်ဖောက်လုပ်ပြီးစီးသည့်အချိန်မှစ၍ယခုအချိန်ထိယာဉ်မတော်တဆမှုများ၊လူသေဆုံးမှုများအများအပြားဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်နှင့်ပတ်သတ်သည့် ပြသနာများဖြစ်ပေါ်လာသောအခါ အရေးပေါ်ဆက်သွယ်ရန်အတွက် Hotline No.1880 ကို FOREVER GROUP နှင့် Blue Ocean Co.ltd တို့မှပူးပေါင်း၍ (၂၈.၇.၂၀၁၄)ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့သည်။
အမြန်လမ်းမကြီးတစ်လျောက်တွင် ယာဉ်နှင့်ပတ်သတ်သည့်မည်သည့်အန္တရာယ်မျိုးကိုကြုံတွေ့လာသည်ဖြစ်စေ 1880 hotline ကိုခေါ်ဆိုအကူအညီတောင်းနိုင်ကြောင်းနှင့် ၂၄နာရီပတ်လုံး ခေါ်ဆိုနိုင်ကြောင်းသိရသည်။
"ယာဉ်နဲ့ပတ်သတ်လာတဲ့မည်သည့်အကူအညီကိုမဆို 1880 hotline ကကူညီနိုင်ပါတယ်။ဆေးရုံ၊ရဲစခန်း၊မီးသတ်နဲ့စက်ပြင်ဌာနအားလုံးကိုတစ်ဆင့်ဆက်သွယ်ပေးမှာပါ"ဟု Forever group မှproject mananger ဦးမျိုးမြတ်သူကပြောသည်။
အဆိုပါhotlineခေါ်ဆိုမှုလုပ်ဆောင်ပုံမှာ အမြန်လမ်းတွင် Accident ဖြစ်ပွား ပါက 1880 hotline ကိုဆက်သွယ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ၅ မိနစ်အတွင်း ရောက်လာရန် 1880 မှ ကူညီဆက်သွယ်ပေးမှာဖြစ်ပြီး သတင်းအချက်အလက်များကို ခေါ်ဆိုအကူအညီတောင်းသူထံပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
လက်ရှိချိန်တွင်အမြန်လမ်းမကြီးအတွင်း အကူအညီတောင်းရန် စခန်း ၅ ခုရှိပြီး ၁၀ ခုထိထပ်မံတိုးချဲ့သွားနိုင်ရန် စီစဉ်နေပြီး စခန်းများကို Accident ဖြစ်ပွားမှုများသော ပဲခူးတိုင်းအတွင်းအဓိကတိုးချဲ့သွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၀၆ ခုနှစ်ကစတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကဖွင့်လှစ်ခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လက်ရှိအချိန်ထိ ယာဉ်မတော်တဆမှုများကြောင့်သေဆုံးသူ ၃၇၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
စတင်ဖောက်လုပ်ပြီးစီးသည့်အချိန်မှစ၍ယခုအချိန်ထိယာဉ်မတော်တဆမှုများ၊လူသေဆုံးမှုများအများအပြားဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်နှင့်ပတ်သတ်သည့် ပြသနာများဖြစ်ပေါ်လာသော အခါ အရေးပေါ်ဆက်သွယ်ရန်အတွက် Hotline No.1880 ကို FOREVER GROUP နှင့် Blue Ocean Co.ltd တို့မှပူးပေါင်း၍ (၂၈.၇.၂၀၁၄)ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့သည်။
အမြန်လမ်းမကြီးတစ်လျောက်တွင် ယာဉ်နှင့်ပတ်သတ်သည့် မည်သည့်အန္တရာယ်မျိုးကိုကြုံတွေ့ လာ သည်ဖြ စ်စေ 1880 hotline ကိုခေါ်ဆိုအကူအညီတောင်းနိုင်ကြောင်းနှင့် ၂၄နာရီပတ် လုံး ခေါ်ဆိုနိုင်ကြောင်းသိရသည်။

"ယာဉ်နဲ့ပတ်သတ်လာတဲ့မည်သည့်အကူအညီကိုမဆို 1880 hotline ကကူညီနိုင် ပါတယ်။ဆေးရုံ၊ ရဲစခန်း၊မီးသတ်နဲ့စက်ပြင်ဌာနအားလုံးကိုတစ်ဆင့်ဆက်သွယ်ပေးမှာပါ"ဟု Forever group မှproject mananger ဦးမျိုးမြတ်သူကပြောသည်။ 

အဆိုပါhotlineခေါ်ဆိုမှုလုပ်ဆောင်ပုံမှာ အမြန်လမ်းတွင် Accident ဖြစ်ပွား ပါက 1880 hotline ကိုဆက် သွယ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ၅ မိနစ်အတွင်း ရောက်လာရန် 1880 မှ ကူညီဆက် သွယ်ပေးမှာဖြစ်ပြီး သတင်းအချက်အလက်များကို ခေါ်ဆိုအကူအညီတောင်းသူထံပြန်လည်ပေးပို့မှာဖြစ် ပါတယ်။

လက်ရှိချိန်တွင်အမြန်လမ်းမကြီးအတွင်း အကူအညီတောင်းရန် စခန်း ၅ ခုရှိပြီး ၁၀ ခုထိထပ်မံတိုးချဲ့ သွားနိုင် ရန် စီစဉ်နေပြီး စခန်းများကို Accident ဖြစ်ပွားမှုများသော ပဲခူးတိုင်းအတွင်းအဓိက တိုးချဲ့ သွား မည်ဖြ စ်ကြောင်းသိရသည်။

၂၀၀၆ ခုနှစ်ကစတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကဖွင့်လှစ်ခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် လက်ရှိအချိန်ထိ ယာဉ်မတော်တဆမှုများကြောင့်သေဆုံးသူ ၃၇၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment