Monday 28 July 2014

မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်

 Photo: မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်
Monday, July 28, 2014

မယ်စကြ၀ဠာ (မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီအစဉ်နှင့် ပတ် သက် ၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့် အလှမယ်မှာလည်း ပရိသတ်အားပေးမှုနှင့် လွဲချော် ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အလှမယ်ပြိုင်ပွဲ အများစုတွင် ဆန်ခါတင်ဆယ်ဦးရွေးချယ်ခြင်းကို နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်သည့် ညနေခင်း ၀တ်စုံယှဉ်ပြိုင်ပြီးချိန်မှသာ ရွေးချယ်ပေးလေ့ရှိသော်လည်း ယင်းပြိုင်ပွဲတွင်မူ ဒုတိယယှဉ်ပြိုင်မှုအစီအစဉ်ဖြစ် သည့် ရေကူးဝတ်စုံဝတ်ဆင်၍ ယှဉ်ပြိုင်ပြီးချိန်တွင် ရွေးချယ်ခဲ့သောကြောင့် ရွေးချယ်သည့်ဒိုင်များအနေဖြင့် အချိန်အနည်းငယ်အတွင်း မည်ကဲ့သို့ဆုံးဖြတ်ခဲ့သည်ကို သိလိုကြောင်း မယ်စကြ၀ဠာ(မြန်မာ)ရွေးချယ်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးကဆိုသည်။

ထို့အပြင် အကဲဖြတ်အဖွဲ့ဝင်များ၌ ထိုင်းမှ ပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှ အလှမယ်ထက်သာသည့်သူကို ရွေးချယ်မည်လားဆိုသည့်အကြောင်းကို သိလိုသလို နောက် ဆုံး ဆန်ခါတင် ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့သောကြောင့် အဆိုပါဒိုင်များ အနေဖြင့် မည် ကဲ့ သို့ မှတ်ချက်ပေးခဲ့သည်ကိုသိချင်ကြောင်း ယင်းပြိုင်ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက  ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။ အစ်မတို့အဖွဲ့ အစည်း လုပ်တာကိုင်တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေကပြောသည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲဝင်များကို ပရိသတ်များအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာ ဝေဖန်မှုများရှိခဲ့သလို ပရိသတ်အားပေးမှုအများဆုံး အလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့် ဝေဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သျှားထွဋ်အိန္ဒြာသည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည်ပခရီးစဉ်တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေး ချယ် ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသောကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကို ကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

‘‘တစ်ယောက်တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ်သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆော က်နိုင် တယ်။ Elegant ဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင်ကြတယ်။ ဒါက သူ့ရဲ့အား သာ ချက်တွေ ပါ။ သျှားထွဋ်ကကျတော့လည်း တက်ကြွတယ်။ ယုံကြည်မှုရှိတယ်။ Active ဖြစ်တယ်။  တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့်ပတ်သက် ၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုးစက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှသာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ်သောကြောင့် သျှားထွဋ်အိန္ဒြာကိုလည်း ချစ်ခင်အားပေးသည့်ပရိသတ် များလာမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၃တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ၀ဠာပြိုင်ပွဲသည် ပြင်ဆင်ချိန်နည်းခဲ့သောကြောင့် လိုအပ်ချက်များစွာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ်ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာတွေ ကမ္ဘာမှာလည်း နောက်ထပ် Taste အသစ်တစ်မျိုး ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့်မှုများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပို င်နိုင်ငံ များသို့ သွားရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

7Day DAILY 

ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ် ရမည့်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာအမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ် ရမည့်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာ အမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
မယ်စကြ၀ဠာ (မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီအစဉ်နှင့် ပတ် သက် ၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့် အလှမယ်မှာလည်း ပရိသတ်အားပေးမှုနှင့် လွဲချော် ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။အလှမယ်ပြိုင်ပွဲ အများစုတွင် ဆန်ခါတင်ဆယ်ဦးရွေးချယ်ခြင်းကို နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်သည့် ညနေခင်း ၀တ်စုံယှဉ်ပြိုင်ပြီးချိန်မှသာ ရွေးချယ်ပေးလေ့ရှိသော်လည်း ယင်းပြိုင်ပွဲတွင်မူ ဒုတိယယှဉ်ပြိုင်မှုအစီအစဉ်ဖြစ် သည့် ရေကူးဝတ်စုံဝတ်ဆင်၍ ယှဉ်ပြိုင်ပြီးချိန်တွင် ရွေးချယ်ခဲ့သောကြောင့် ရွေးချယ်သည့်ဒိုင်များအနေဖြင့် အချိန်အနည်းငယ်အတွင်း မည်ကဲ့သို့ဆုံးဖြတ်ခဲ့သည်ကို သိလိုကြောင်း မယ်စကြ၀ဠာ(မြန်မာ)ရွေးချယ်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးကဆိုသည်။

ထို့အပြင် အကဲဖြတ်အဖွဲ့ဝင်များ၌ ထိုင်းမှ ပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှ အလှမယ်ထက်သာသည့်သူကို ရွေးချယ်မည်လားဆိုသည့်အကြောင်းကို သိလိုသလို နောက် ဆုံး ဆန်ခါတင် ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့သောကြောင့် အဆိုပါဒိုင်များ အနေဖြင့် မည် ကဲ့ သို့ မှတ်ချက်ပေးခဲ့သည်ကိုသိချင်ကြောင်း ယင်းပြိုင်ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက  ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။ အစ်မတို့အဖွဲ့ အစည်း လုပ်တာကိုင်တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေကပြောသည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲဝင်များကို ပရိသတ်များအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာ ဝေဖန်မှုများရှိခဲ့သလို ပရိသတ်အားပေးမှုအများဆုံး အလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့် ဝေဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သျှားထွဋ်အိန္ဒြာသည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည်ပခရီးစဉ်တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေး ချယ် ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသောကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကို ကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

‘‘တစ်ယောက်တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ်သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆော က်နိုင် တယ်။ Elegant ဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင်ကြတယ်။ ဒါက သူ့ရဲ့အား သာ ချက်တွေ ပါ။ သျှားထွဋ်ကကျတော့လည်း တက်ကြွတယ်။ ယုံကြည်မှုရှိတယ်။ Active ဖြစ်တယ်။  တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့်ပတ်သက် ၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုးစက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှသာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ်သောကြောင့် သျှားထွဋ်အိန္ဒြာကိုလည်း ချစ်ခင်အားပေးသည့်ပရိသတ် များလာမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၃တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ၀ဠာပြိုင်ပွဲသည် ပြင်ဆင်ချိန်နည်းခဲ့သောကြောင့် လိုအပ်ချက်များစွာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ်ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာတွေ ကမ္ဘာမှာ လည်း နောက်ထပ် Taste အသစ်တစ်မျိုး ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့်မှုများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပို င်နိုင် ငံ များသို့ သွားရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

7Day DAILY

No comments:

Post a Comment