Monday 28 July 2014

ထိုင်းနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များကို စစ်ဆေးရန်အတွက် မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ ဆိပ်ကမ်းများတွင် (FDA) ရုံးခန်းများ ဖွင့်လှစ်သွားမည်

Photo: ထိုင်းနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များကို စစ်ဆေးရန်အတွက် မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ ဆိပ်ကမ်းများတွင် (FDA) ရုံးခန်းများ ဖွင့်လှစ်သွားမည်
Monday, July 28, 2014 

ထိုင်းနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များကို စစ်ဆေးရန်အတွက် မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ ဆိပ်ကမ်းများတွင် (FDA) ရုံးခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ထိုင်းနိုင်ငံမှ အဓိကကုန်သွယ်မှု ပြုလုပ်နေရသည့် မြိတ်နယ်စပ်ကုန်သွယ်ရေးနှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် ၀င်ရောက်လာမည့် ကုန်စည်များကို ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိက စစ်ဆေးမှာကတော့ အချိုရည်တွေကိုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ထိုင်းနိုင်ငံလုပ် ကုန်စည်တွေက အတော်များများ စိတ်ချရပါတယ်။ ကျန်းမာရေးအတွက် လျော်ညီဖို့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအတိုင်းဖြစ်ဖို့ ဆောင်ရွက်တာပါ။ ကော့သောင်းနဲ့မြိတ်ကို တင်သွင်းလာမယ့် စားသောက်ကုန်တွေကို အရင်ရန်ကုန်ကို ပို့ဆောင်ပြီး စစ်ဆေးရပါတယ်။ အခု မြိတ်နဲ့ကော့သောင်းမှာ ရုံးခန်းလာဖွင့်မယ်ဆိုတော့ အချိန်ကုန်၊ ငွေကုန် သက်သာသွားပါမယ်” လို့ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ရေထွက်ကုန်များကို ထိုင်းနိုင်ငံမှ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သော်လည်း ထိုင်းနိုင်ငံမှတင်သွင်းလာသည့် စားသောက်ကုန်များကိုမူ စစ်ဆေးနိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။ အချိုရည်များနှင့် အစားအသောက်အသစ်များကို ရန်ကုန်မြို့ရှိ (FDA) ရုံးသို့ပို့ကာ ရရှိလာသည့်ရလဒ်များကို ပြန်ရလာမှ တင်သွင်းမှုများ ပြုလုပ်ခဲ့ရသည့်အတွက် အချိန်ကုန်၊ ငွေကုန်မှုများရှိနေကြောင်း သိရသည်။

“ဇူလိုင်လ တတိယအပတ်မှာလုပ်ဖို့ လျာထားပေမယ့် သြဂုတ်လအတွင်းမှာပဲဖြစ်ဖို့ များသွားပါပြီ။ ရုံးခန်းဖွင့်မယ့် နေရာတွေ၊ ၀န်ထမ်းတွေကို နေရာချပေးဖို့ စီစဉ်နေပါတယ်” လို့ ဦးထွန်းထွန်းက ဆိုသည်။ မြိတ်နှင့် ကော့သောင်းမြို့များမှာ ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်နေပြီး ရေလမ်းခရီး တစ်ခုတည်းဖြင့်သာ ကုန်သွယ်မှုပြုလုပ်နေသောကြောင့် ဆိပ်ကမ်းများတွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group  

ပြည်တွင်း၊ ပြည်ပ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ရေယာဉ်များ ဆိုက်ကပ်သည့် မြိတ်ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်
ပြည်တွင်း၊ ပြည်ပ ရေကြောင်းကုန်စည်ပို့ဆောင်ရေး ရေယာဉ်များ ဆိုက်ကပ်သည့် မြိတ်ဆိပ်ကမ်း တစ်နေ ရာ ကို တွေ့ရစဉ်
ထိုင်းနိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များကို စစ်ဆေးရန်အတွက် မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ ဆိပ်ကမ်းများတွင် (FDA) ရုံးခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MCCI မှ တာဝန်ရှိသူတစ်ဦး က ပြောကြား ခဲ့သည်။
သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ထိုင်းနိုင်ငံမှ အဓိကကုန်သွယ်မှု ပြုလုပ်နေရသည့် မြိတ်နယ် စပ်ကုန်သွယ်ရေးနှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် ၀င်ရောက်လာမည့် ကုန်စည်များကို ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိက စစ်ဆေးမှာကတော့ အချိုရည်တွေကိုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ထိုင်းနိုင်ငံလုပ် ကုန်စည်တွေက အတော်များများ စိတ်ချရပါတယ်။ ကျန်းမာရေးအတွက် လျော်ညီဖို့ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေအတိုင်းဖြစ်ဖို့ ဆောင်ရွက်တာပါ။ ကော့သောင်းနဲ့မြိတ်ကို တင်သွင်းလာမယ့် စားသောက် ကုန်တွေကို အရင်ရန်ကုန်ကို ပို့ဆောင်ပြီး စစ်ဆေးရပါတယ်။ အခု မြိတ်နဲ့ကော့သောင်းမှာ ရုံးခန်း လာဖွင့်မယ် ဆိုတော့ အချိန်ကုန်၊ ငွေကုန် သက်သာသွားပါမယ်” လို့ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သည့် ရေထွက်ကုန်များကို ထိုင်းနိုင်ငံမှ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သော်လည်း ထိုင်းနိုင်ငံမှတင်သွင်းလာသည့် စားသောက်ကုန်များကိုမူ စစ်ဆေးနိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။ အချိုရည်များနှင့် အစားအသောက်အသစ်များကို ရန်ကုန်မြို့ရှိ (FDA) ရုံးသို့ပို့ကာ ရရှိလာသည့်ရလဒ်များ ကို ပြန်ရလာမှ တင်သွင်းမှုများ ပြုလုပ်ခဲ့ရသည့်အတွက် အချိန်ကုန်၊ ငွေကုန်မှုများရှိနေကြောင်း သိရသည်။

“ဇူလိုင်လ တတိယအပတ်မှာလုပ်ဖို့ လျာထားပေမယ့် သြဂုတ်လအတွင်းမှာပဲဖြစ်ဖို့ များသွားပါပြီ။ ရုံးခန်းဖွင့် မယ့် နေရာတွေ၊ ၀န်ထမ်းတွေကို နေရာချပေးဖို့ စီစဉ်နေပါတယ်” လို့ ဦးထွန်းထွန်းက ဆိုသည်။ မြိတ်နှ င့် ကော့သောင်းမြို့များမှာ ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်နေပြီး ရေလမ်းခရီး တစ်ခုတည်းဖြင့်သာ ကုန်သွယ်မှုပြုလုပ်နေသောကြောင့် ဆိပ်ကမ်းများတွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment