Monday 28 July 2014

ဦးကျော်နေ၀င်းမှ နိုင်ငံတော်သို့ တင်ပြထားသောအမြန်ယာဉ်ကြောစနစ် (BRT) အား မကြာခင် ခွင့်ပြုသွားမည်ဟုဆို

ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းမှ (OMNI FOCUS CO-MPANY LIMITED) နိုင် ငံတော်အစိုးရထံ တင်ပြထားသော BRT စနစ်အား (အမြန်ယာဉ်ကြောစနစ်) မကြာခင်ခွင့်ပြုသွားနိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
မကြာခင်တော့ ပြီးသွားမှာပါ။ BRT စနစ်က ချက်ချင်းပေးလို့တော့မရဘူး၊ လမ်းကြောင်းအခြေ အနေလေးေ တွ၊ ယာဉ်ကြော အခြေအနေလေး တွေ ပြန်ဆန်းစစ်ဖို့လိုနေ တော့အဲဒါတွေ သုံးသပ်ပြီးမှပဲ ဖြစ်မယ့် အနေအထားဖြစ်ပါတယ်ဟု မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက The Messenger Media သို့ပြောသည်။ ဦးအောင်နိုင်ဦးသည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် အတွင်း ရေးမှူးအဖြစ်တာဝန်ယူထားသူ လည်းဖြစ် သည်။

အများပြည်သူ သွားလာမှု လွယ်ကူရေးအတွက် အမြန်ယာဉ်ကြောစနစ်အား နိုင်ငံတော်အစိုးရမှ ယခုလတွင် ခွင့်ပြုခဲ့ပါက နှစ်လခွဲနှင့် သုံးလအတွင်း လမ်းကြောပေါ်တွင် အမြန်ယာဉ်ကြော စနစ်ပြေးဆွဲသွားမည် ဖြ စ်ကြော င်း ဦးကျော်နေ၀င်းနှင့် The Messenger Media တို့ သီးသန့် မေးမြန်းမှုတွင် ဖြေကြားထားသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ခွင့်ပေး ဖို့ပဲရှိတော့တာ ကားတွေ ကလည်း အဆင်သင့်ပဲ။ ကုမ္ပဏီက အသင့်ပါ။ တိုင်းဒေသကြီးအစိုးရ ကလည်း ဒါလုပ်သင့်ပါတယ် ဆိုတဲ့ ထောက်ခံစာလည်းပို့ ထားပါတယ် ဟု ၎င်း ကဆိုသည်။ 

ယင်းကဲ့သို့ အမြန်ယာဉ်ကြော စနစ်အား နိုင်ငံတော်မှ ခွင့်ပြုပေး ခဲ့ပါက ပြည်လမ်းမကြီးတွင် သုံးမိနစ်လျှင် တစ်စီးဖြင့် ပြေးဆွဲသွားမည် ဖြစ် ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွင် အများ ဆုံးဖြစ်နေသော စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကန်ဒေါ် လာ (၂ ဒသမ ၃) ဘီလီယံ ရှိခဲ့ပြီး ဦးကျော်နေ၀င်းမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ(၄ ဒသမ ၉) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ သွားမည့် အပေါ် အများ ပြည်သူမှလည်း စိတ်ဝင်စားမှုများရှိနေခဲ့သည်။

Messenger News Journal

No comments:

Post a Comment