Monday 28 July 2014

ပြည်ထောင်စုကြီး မပြိုကွဲစေလို

လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး ဆွေးနွေးနေကြ တဲ့နေရာ မှာ အဟန့် အတားရှိနေတယ်လို့ ပြောကြဆိုကြတဲ့ အသံထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ခရီး ပေါက်ပြီ လဲ? တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွင်းထည့်ဖို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်း ထားတဲ့ NCCT ဘက်က တင်ပြထားတဲ့ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆို တဲ့အချက်ကိုလည်း အစိုးရဘက်က လက်မခံဘူးလို့ ပြောနေကြတာတွေလည်း ကြားနေရပါတယ်။ ဒါ့အပြင် သဘောတူစာ ချုပ်ထဲမှာ ဖက်ဒရယ် ဆိုတဲ့ စကားလုံးကိုမသုံးဖို့ အစိုးရဘက်ကပြောဆိုတာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အတားအဆီး ဖြစ်နေတယ်လို့ NCCT အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။
ဒါကြောင့် ငြိမ်းချမ်းရေးထက် အငြင်းပွားရေးကိုသာ ဦးတည်နေတယ်လို့ ဝေဖန်လိုက်ပါရစေ။ တိုင်းရင်းသား လက်နက်ကိုင် နဲ့ မြန်မာအစိုးရကြားမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ MPC က အကြွေ စေ့ကို တစ်ဖက်တစ်လှည့်စီ လှန်နေသလိုလုပ်နေကြတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် ဟာ အခက်အခဲအမျိုးမျိုး တွေ့နေရတယ်လို့ ဒီလ အတွက်ပြောသွားတဲ့ သမ္မတမိန့်ခွန်းထဲ မှာလည်း ပါပါတယ်။ ဒါကတော့ “ ငြိမ်းချမ်းရေးကိစ္စဟာ အလွန်ခက်ခဲ နက်ရှိုင်းပြီး နှစ်ပရိစ္ဆေဒ အလွန်ရှည်ကြာခဲ့ပြီဖြစ် တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခက်အခဲ အမျိုး မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေ ရ ပါတယ်၊ သို့သော်လည်း ပြည်သူများ ဆန္ဒပြင်းပြနေတဲ့ ငြိမ်းချမ်းရေးရရှိရေးကို ကျွန်တော့်အနေနဲ့ ကြိုး ပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား လက်နက် ကိုင်တွေအနေဖြင့် အမှန်တကယ် ဆန္ဒရှိရင် မခက်ခဲပါဘူး။ တကယ်တော့ မိမိတို့ရဲ့ အတ္တတွေ ကိုလျော့ပြီး ဒေသခံ ပြည်သူ တွေရဲ့ မျက်နှာကိုကြည့်ပြီး ဆောင်ရွက်လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။

ပထမဦးဆုံး မိမိဒေသ ငြိမ်းချမ်း အောင် အရင်ဆောင်ရွက်ပြီး တဖြည်ဖြည်းချင်း မိမိဒေသ မိမိပြည်သူများ အကျိုးစီးပွားအတွက် ဆောင်ရွက်လို့ရတဲ့ အနေ အထား တွေလည်း ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိပြည်နယ် မိမိလူမျိုးများ အုပ်ချုပ်ပြီး မိမိပြည်နယ် တိုးတက်ရေးအ တွက် ဆောင်ရွက် ရင်း ပြည်ထောင် စုကြီးအဖြစ် တည်ထောင်သွားသင့်ပါတယ်။ ဒါတွေကိုလျစ်လျူရှုပြီး လူနည်းစုရဲ့ အတ္တ တွေအရ ကိုယ်ပိုင်ပြဌာန်း ခွင့်တောင်းပြီး မိမိပြည်နယ်မှာရှိတဲ့ ပြည်သူတွေအပေါ် လွှမ်းမိုးချင်စိတ် မိမိအကျိုး စီးပွားတွေ ကို ရှေ့တန်းတင်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ဝေးကွာသွားနိုင် သလို ပြည်ထောင်စုကြီး ပြိုကွဲမယ့် အခြေအနေ တွေ ဖြစ်လာနိုင်ပါတယ်။ ဟိုအရင်တစ်ချိန်ကတည်း တိုင်းရင်းသားများ အားလုံး စုပေါင်းနေထိုင်ပြီး ချစ်စရာကောင်းတဲ့ ကျွန် တော်တို့ ပြည်ထောင်စုကြီး ပြိုကွဲမသွားအောင် ဖြစ်နိုင်တာတွေကိုပဲ စဉ်းစားပြီး စုပေါင်း၍ လုပ်ဆောင်ရမယ့် အချိန်တွေ ရောက်နေပါပြီ။

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ အရင်တုန်းက ဆန္ဒမျိုးစုံ၊ သဘောထား မျိုးစုံ၊ အတ္တမျိုး စုံဖြင့် တည်ထောင်လာကြပြီး နောက်ပိုင်းတော့ လူအင်အား၊ လက်နက်အင်အားတွေ များပြားလာတဲ့အတွက် နိုင်ငံရေးအရ အမြဲတမ်းရပ်တည်လို့ရအောင် ဆောင်ရွက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေများပါတယ်။ အမှန်တကယ်တော့ မိမိပြည်နယ်၊ မိမိလူမျိုး ကောင်းစားရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းကနည်းပါတယ်။ ဒါကြောင့် ခုချိန်မှာ အရင်တုန်းက အတ္တတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဘေးဖယ်ထားပြီး မိမိပြည်သူတွေ ကောင်းစားရေးအတွက် ငြိမ်းချမ်းရေးဆိုတဲ့ စကား လုံးကို ခုတုံးလုပ်ပြီး တစ်ကိုယ်တည်းကောင်းစားရေးကို လျော့ချကာ ငြိမ်းချမ်းရေး မဖြစ်မနေ ရရှိအောင်သာ ဆောင်ရွက် သင့်ပါတယ်။

မြန်မာနိုင်ငံလောက် ပြည်တွင်းစစ် ရှည်ကြာနေတာ ကမ္ဘာမှာ မရှိတော့ဘူး။ အပေါ်ယံဖြေရှင်းရုံလောက်၊ ဟန်ပြ လုပ်ပြရုံ လောက်နဲ့ ပြဿနာကို ဖြေရှင်းလို့မရနိုင်ပါ။ အဓိကကျတဲ့ အခြေခံကျတဲ့ အကြောင်းရင်း ကို ဖြေရှင်းချင်တဲ့ စိတ်ရှိကြမှသာ အမှန်အကန် ငြိမ်းချမ်းရေးဆိုတာ ပေါ်ပေါက်လာမှာပါ။ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့လည်း မိမိ လူမျိုးကို အမှန်တကယ် အေးအေး ချမ်းချမ်း နေထိုင် လိုရင်တော့ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတိုင်ဟာ လက်တစ်ကမ်းမှာပဲရှိပါ တယ်။ ပြဿနာရဲ့ အရင်းအမြစ် ကို ပြန်ကြည့်မယ်ဆိုရင် တန်းတူရေး မရှိခဲ့လို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရခဲ့ကြလို့၊ လူ့အခွင့် အရေးတွေ ချိုးဖောက်ခံရလို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းအားဖြင့် ဖြေရှင်းခွင့်မရခဲ့လို့၊ ပင်လုံသဘော တူညီ ချက် ကတိကဝတ်တွေကို အကောင်အထည်မဖော်ဘဲ လစ်လျူရှုခဲ့ကြလို့ဆိုတဲ့ အကြောင်းရင်းတွေကြောင့် လို့ လျှောက် ပြောနေကြပါတယ်။ ခုလိုပြောနေကြတဲ့သူတွေဟာ ကျွန်တော်တို့တိုင်းရင်းသား လူမျိုးများအတွက် ဘာတွေများ လုပ်ဆောင် ပေးခဲ့ကြလို့လဲ မေးလိုက်ချင်ပါတယ်။ ဒါကိုနားမလည်ဘဲ အာဏာ ကို မတရားရယူခဲ့ကြတဲ့ အုပ်စိုးသူ တိုင်းရင်းသား ခေါင်း ဆောင်များ အဆက်ဆက်ဟာ အမှန်တရားကို ဖုံးကွယ်ပြီး တိုင်းရင်းသားပြည်သူများနဲ့ နိုင်ငံတော်အစိုးရကြားမှာ တစ်ဖက် နိုင်ငံက သပ်လျှို တာ၊ သွေးခွဲတာ၊ အခွင့်အရေးပေး မြှောက်ပင့်ပြီး ပြည်ထောင်စုကြီး ပြိုကွဲသွားစေလိုတဲ့ ကောက်ကျစ်သော စိတ်ဓာတ်များဖြင့် လုပ်ဆောင်နေကြတာကို တွေ့နေရမှာဖြစ်ပါတယ်။

ယခုလက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့်ဆွေးနွေးပွဲများ လိုင်ဇာမှာ အားတက်သရော လုပ်ဆောင်နေကြပါတယ်။ ယခင်ရရှိ လာသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ ခေါင်းဆောင်များအား ပြန်လည်ချပြပြီးဖြစ်ကြောင်း၊ နှစ်ဘက် ကိုယ်စားလှယ်များအနေနဲ့ မေလ ပထမ အပတ် ဆွေးနွေးမှုတွင် မူကြမ်း ပထမအဆင့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကို နှစ်ဘက်သဘော တူထားပြီးသားလို့လဲ သိရပါတယ်။

အဲဒီကြေညာချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ပထမ အဆင့်မှာလည်း အကောင်းဆုံးဆွေးနွေးနိုင် ခဲ့ပြီးဖြစ် လို့ နောက်ထပ်အတည်ပြုဆွေးနွေးပွဲတွင်လည်း ရလဒ်ကောင်းများရရှိ ဖို့ မျှော်လင့် ပါတယ်။ ဒါမှလည်း မြန်မာတစ်နိုင်ငံလုံးမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ အတူ တကွ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်း သားပြည်သူ တွေကို အမှန်တကယ် တိုးတက်စေချင်ရင် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကိုရဖို့ မခက်ခဲသလို တိုင်းရင်း သား ဒုက္ခသည် တွေဆိုတာ လည်း ရှိလာတော့မှာ မဟုတ်တော့ကြောင်း တိုက်တွန်းရေးသား လိုက်ပါတယ်။

ဆိုင်းလောဝ်ဝမ်

No comments:

Post a Comment