Monday 28 July 2014

နိုင်ငံခြားဘဏ်များကို ပြည်တွင်းကုမ္ပဏီများသို့ ငွေချေးခွင့်ပြုမည်မဟုတ်

နိုင်ငံခြားဘဏ်များကို ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြု ရာတွင် ပြည်တွင်း ကုမ္ပဏီများ သို့ ငွေချေးခွင့် မပြုဘဲ ပြည်တွင်းဘဏ်များနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၌မှတ်ပုံတင် ထားသော နိုင်ငံခြားကုမ္ပဏီများ ကို သာ ငွေချေး ခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံခြားဘဏ်များနှင့်ပတ်သက်၍ ဗဟိုဘဏ်က ထုတ်ပြန် ထားသော ညွှန် ကြား လွှာ တွင် ဖော်ပြထားသည်။
ယင်းကဲ့သို့နိုင်ငံခြားဘဏ် များလုပ်ကိုင်ခွင့်ကို ကန့်သတ်ထားခြင်းမှာ ပြည်တွင်းဘဏ်များ၏ အကျိုးစီးပွားနှင့် လုပ်ငန်းများကို မထိခိုက်ရန်အတွက် ဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ကြသည်။

‘‘ပြည်တွင်းကုမ္ပဏီတွေမှာ လည်း ငွေကြေးလိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါမဖြစ်သင့် ဘူး’’ဟု စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေသည့် လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။

ပြည်တွင်း၌ နိုင်ငံခြားဘဏ် များဖွင့်လှစ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် များစွာအချိန်ယူ လုပ်ကိုင်ခဲ့ပြီး  အကန့် အသတ်ဖြင့်သာခွင့်ပြုရန် နိုင်ငံ တော်ဗဟိုဘဏ်က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို လွှတ်တော်မှ မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကော်မ တီက ရန်ကုန်မြို့ရှိ ပြည် သူ့ လွှတ် တော်ရုံးခွဲတွင် ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များနှင့် ဆွေးနွေး၍ ဗဟိုဘဏ်၏ လုပ်ဆောင်ချက် အပေါ် ဝေဖန်ခဲ့ကြသည်။

 မြန်မာစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်ဘဏ်များ၏ အခန်း ကဏ္ဍမှာများစွာ အရေးပါပြီး ပြည် တွင်းရှိ လုပ်ငန်း များမှာ ဘဏ်များ၏ အထောက်အပံ့ကိုလိုချင် ကြသည်။ သို့သော် ပြည်တွင်း ဘဏ်များသည် ပုဂ္ဂလိက လုပ်ငန်း ရှင်များအား ငွေချေးရာတွင် အတိုး နှုန်းကြီးမားခြင်း၊ အပေါင်ပစ္စည်း တန်ဖိုး၏ ထက်ဝက်ခန့် သာချေး ပေးခြင်းတို့ကြောင့် လုပ်ငန်းတွင် ကျယ်မှုမရှိပေ။ ထို့ကြောင့်ပြည် တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ သည် ပြည်ပဘဏ်များမှ အတိုး နှုန်းသက်သာစွာဖြင့်ရရှိမည့် ချေးငွေကို မျှော်လင့်နေကြသည်။

‘‘ချေးငွေမရရင်တော့ သူတို့ လာဖွင့်လည်း ပြည်တွင်းစီးပွား ရေးကလုပ်ဖို့ခက်တာပေါ့။ ဘဏ် တွေကတော့ ပိုပြီး အကျိုးအမြတ် ရမယ့်သဘောပဲ’’ဟု လှိုင်သာယာ စက်မှုဇုန်မှ ထုတ်ကုန်လုပ်ငန်း ရှင်တစ်ဦး ကပြောကြားသည်။

ပြည်တွင်းလုပ်ငန်းရှင်များ သည် လုပ်ငန်းတိုးချဲ့ရန်အတွက် ဘဏ်များမှ ငွေချေးရာတွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းပေးနေရပြီး အာဆီယံစီးပွားရေး အသိုက်အ ၀န်းစတင်ပါက ပြည်ပလုပ်ငန်း ရှင်များ၏ ၀ါးမျိုခံရ မည်ကို များစွာ စိုးရိမ်နေကြသည်။

7Day DAILY

No comments:

Post a Comment