Monday 28 July 2014

သာကေတ အမှတ်(၁)ဈေး မီးလောင်မှု ကျပ် သိန်း ၉၀ ကျော် ဆုံးရှုံး

သာကေတမြို့နယ်၊အမှတ်(၁) အနော်မာရပ်ကွက်၊ ဇင်္ဂမလမ်းနှင့် မင်းနန္ဒာလမ်းထောင့်၊ အမှတ်(၁)ဈေးတွင် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းသည့် မီးလောင်မှုကြောင့် ကျပ် ၉၁ သိန်းကျော်ဆုံးရှုံးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန် ထားသည်။
အဆိုပါမီးလောင်မှုသည် ပိုင်ရှင်ဦးအောင်စိုး၏ ဖိနပ်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၃၉ ခန်း ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုအကြောင်းရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

သာကေတ အမှတ်(၁)ဈေးတွင် မီးသွေးရောင်းသူ ကိုဝေလင်းထွန်းက “ဈေးက ဖွင့်ထားတယ်။ မီးလောင်တဲ့ ဈေးရုံနဲ့ ကျောချင်းကပ် ဈေးရုံတွေပဲ ပိတ်ထားတယ်။ မီးလောင်တဲ့(စီ)ရုံက မှတ်ပုံတင်ဆိုင် ခန်းတွေ ဖြစ်တယ်။ မှတ်ပုံတင်ထားတဲ့ ဆိုင်ခန်းတွေက အများဆုံးအာမခံထားကြတယ်”ဟု ပြောသည်။

သာကေတ အမှတ်(၁)ဈေးတွင်ဈေး ရုံပေါင်း ၂၂ ရုံ၊ ဆိုင်ခန်းပေါင်း ၁,၂၀၆ ခန်းရှိရာ ရုံ(င)တွင်ရှိသော ဆိုင် ခန်း၄၄ ခန်းအနက် ဆိုင်ခန်း ၃၉ ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ဆိုင်ခန်းများ အတွင်းဖိနပ်အ မျိုးမျိုး၊အ၀တ်အထည် အမျိုးမျိုး၊ ဒန်အိုးဒန်ခွက်အမျိုးမျိုး၊ ကုန်ခြောက်ပစ္စည်းအမျိုးမျိုး၊ စတီးပစ္စည်းအမျိုး မျိုးနှင့် ကော်ပစ္စည်းအမျိုးမျိုးတို့ မီးလောင်ခဲ့ခြင်းဖြစ်သည်။

ယင်း မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၂ စီး၊ ကွပ်ကဲမှုယာဉ်လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၅ ဦးနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် ၅၀ ဦးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် ဖိနပ်ဆိုင်ပိုင်ရှင် ဦးအောင်စိုး၊ အသက် ၃၂ နှစ်အား သာကေတမြို့နယ် ရဲစခန်းမှ (ပ) ၃၄၉/ ၂၀၁၄၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားသည်။

Mizzima - News in Burmese

No comments:

Post a Comment