Monday 28 July 2014

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုများရရှိသူများ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်ခြင်းမရှိပါက ပညာတော်သင်ကုန်ကျစရိတ် ၏ သုံးဆပြန် လည်ပေးလျော်ရမည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၇- နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆုများ ရ ရှိသူများ နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်း ဆောင်နိုင်ခြင်းမရှိပါက ပညာတော် သင်ကုန်ကျစရိတ်၏ သုံးဆပြန်လည် ပေးလျော်ရမည်ဖြစ်ကြောင်း သိရ သည်။
ယခုနှစ်မှစ၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာ သင်ဆုများကို နိုင်ငံတော်သမ္မတ မှချီးမြှင့်တော့မည်ဖြစ်ပြီး ယင်းပညာ တော်သင်ဆု ရရှိသူ များသည် ထူးချွန် ထက်မြက်သောလူငယ်များအတွက် ရေရှည်အကျိုးရှိမည့် လက်တွေ့ ကျသော ပညာရေး အခွင့် အလမ်းရရှိ ရန် နိုင်ငံတကာတက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြားခွင့်ရရှိ မည်ဖြစ်ကြောင်း၊ ယင်းသို့ နိုင်ငံခြား မှ ဘွဲ့ရရှိပြီးပါက နိုင်ငံတော်မှ ပေး အပ်သော အလုပ်တာဝန်ကို ပညာ တော်သင်ကာလ နှစ်ဆတိုင်အောင် တာဝန် ထမ်းဆောင်ရ မည်ဖြစ် ကြောင်း၊ ထမ်းဆောင်ခြင်းမပြုနိုင်ပါ က ပညာတော်သင်ကုန် ကျစရိတ်၏သုံးဆ ကို ပြန်လည်ပေးလျော်ရ မည် ဖြ စ်ကြော င်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆု လျှောက် လွှာခေါ်ယူရေးဆိုင်ရာ တာဝန် ရှိသူ တစ်ဦးက ''အရေအ တွက်ကတော့ ဘယ်လောက်ခေါ်မယ် အတိအကျ ပြောလို့မရသေးပါဘူး။ စိစစ်ရွေး ချယ်တဲ့အခါ ပြင်ပပညာရှင်တွေ ပါ ဝင်တဲ့ နိုင်ငံတော်သမ္မတ၏ ပညာ တော်သင်ဆုရွေး ချယ်ရေးကော် မတီ ကနေ စိစစ်ရွေးချယ်သွားမှာ။ ပညာ ရေးဝန်ကြီးဌာ နအောက် မှာရှိတဲ့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် အားလုံးကို တော့ ဒီလျှောက်လွှာတွေကို ဖြန့်ဝေ ထားပြီးပါပြီ။ ကျန်သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး ဌာနအောက်က တက္ကသိုလ် တွေနဲ့ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကိုတော့ဖြန့်ဝေထား တုန်းပါ''ဟု ပြောသည်။

ဘွဲ့ကြိုတန်းပညာတော် သင် ဆုအတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရမှတ်(၅၀၀)နှင့် အထက် အောင်မြင် ထားသူ (သို့မဟုတ်) GCE 'A' Level အောင်မြင်ထား သူ(သို့မဟုတ်)၊ နိုင်ငံတကာ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီးသူ များ လျှောက်ထားနိုင်ကြောင်း၊ ဘွဲ့လွန် တန်း ပညာတော် သင်ဆု အတွက် တက္ကသိုလ်ဂုဏ်ထူးတန်း၊ မဟာအရည် အချင်းစစ် သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအောင်မြင်ပြီး မဟာတန်း တက်ရောက်ရန် အဆင့်မီသူများ၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆုကို ယခုပညာ သင်နှစ်မှ စတင်ပေးအပ်မည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနအောက် ရှိ တက္ကသိုလ် များအပါအဝင် အခြားအသက်မွေးဝမ်းကျောင်းတက္ကသိုလ် များအားလုံးရှိ ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းကျောင်း သား များအတွက် ပေးအပ်ခြင်းဖြစ်သည်။

''ဒီလို ပညာတော်သင်ဆုရတဲ့ သူက ကိုယ့်နိုင်ငံမှာ ပြန်လည် တာဝန်ထမ်းဆောင် ရမယ်ဆို တာ နိုင်ငံ တကာမှာ လည်းရှိတယ်။ လုပ်ရိုးလုပ် စဉ်ပဲ။ ဒါပေမဲ့ တစ်ခုပြောစရာရှိ တာက အဲဒီလို နိုင်ငံဝန်ထမ်း အဖြစ် ပြန်လည် တာဝန် ထမ်းဆောင် ခိုင်း တာထက် သူသင် ယူလာတဲ့ဘာသာရပ် နဲ့ပတ်သက်ပြီး အစိုးရ ပိုင်းမှာပဲဖြစ် ဖြစ်၊ ပုဂ္ဂလိကပိုင်းမှာပဲဖြစ်ဖြစ် နိုင်ငံ အတွက် အကျိုးရှိမယ့်လုပ် ငန်းမျိုး လုပ်စေတဲ့အချက်မျိုးကို ထည့်စဉ်း စားစေချင်တယ်။ အဲလိုမှမဟုတ် ဘဲ လျော်ဆို ရင် လျော်မယ့်သူကရာ ခိုင်နှုန်း တော်တော် များများပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြားမှာက တကယ် တော်နေ၊ တတ်နေရင် လစာကောင်း ပေးခေါ် ဖို့ ဝန်မလေးဘူး။ ခေါ်ကြ မှာ။ အဲဒီလစာဟာ ပြန်လျော် ရမယ့် ပမာဏကို ပြန် ကာမိ တာမျိုးဖြစ်နိုင် တယ်။ အဲဒီလိုသာဆို ဒီလိုပညာသင် ဆုပေးတာ အဟော သိကံဖြစ်သွား မယ်။ ဒီတော့ပုဂ္ဂလိကလုပ်ငန်းပဲလုပ် လုပ်၊ အစိုးရဝန်ထမ်းပဲ လုပ်လုပ် မြန်မာနိုင် ငံမှာ ပညာရှင်ရှိနေဖို့က အဓိကပဲ''ဟု ဗစ်တိုးရီးယား ယူနီဗာ စီတီကောလိပ်မှ နာယက ဒေါက် တာ နေဝင်းနိုင်က ပြောကြားသည်။

လျှောက်ထားလိုသူများအနေ ဖြင့် မိမိတို့နှင့်နီးစပ်ရာတက္ကသိုလ်၊ ဒီဂရီကော လိပ် များ ရှိ ကျောင်း သား ရေးရာ ဌာနများ တွင် လျှောက် လွှာ များ အခမဲ့ထုတ် ယူ၍ ဩဂုတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြန် လည်ပေးပို့လျှောက်ထား ရမည်ဖြစ် ကြောင်း ၊ ပဏာမ အဆင့်ရွေးချယ်ခံရ သူများစာရင်းကို နိုင်ငံတော်ပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment