Monday 28 July 2014

ကချင်ပြည်နယ်ရှိ ဂျေယန်း စစ်ဘေးဒုက္ခသည်စခန်းတွင် ရေကြီး၊ မြေပြို၍ လူသေဆုံးမှု ဖြစ်ပေါ်ပြီးနောက် ဂျေယန်းစခန်းရှိ စိုးရိမ်ရသော အိမ်ခြေ ၁၂၀ ကျော်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ထားရ

Photo: ကချင်ပြည်နယ်ရှိ ဂျေယန်း စစ်ဘေးဒုက္ခသည်စခန်းတွင် ရေကြီး၊ မြေပြို၍ လူသေဆုံးမှု ဖြစ်ပေါ်ပြီးနောက် ဂျေယန်းစခန်းရှိ စိုးရိမ်ရသော အိမ်ခြေ ၁၂၀ ကျော်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ထားရ
Monday, July 28, 2014 

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နယ်အနီး ဂျေယန်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် မိုးသည်းထန်စွာ ရွာသွားမှုကြောင့် ရေကြီး၊ မြေပြို၍ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စိုးရိမ်ရသည့် အိမ်ခြေပေါင်း ၁၂၃ ခုကို ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဂျေယန်းဒုက္ခသည်စခန်းမှ သိရသည်။

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားရာ ဇူလိုင် ၂၂ ရက် နံနက်က ဂျေယန်း စစ်ဘေးဒုက္ခသည်စခန်းရှိ နေအိမ်နှစ်လုံးအပေါ် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူငါးဦး မြေပိသေဆုံးမှု ဖြစ်ပွားခဲ့သည်။

“လောလောဆယ်တော့ တောင်ခြေနဲ့နီးတဲ့အိမ်တွေ ပြန်ရွှေ့ထားတယ်။ စိုးရိမ်ရတဲ့ အနေအခြေအနေရှိတဲ့ IDP အိမ်ခြေပေါင်း  ၁၂၃ လုံးပါ” ဟု ဂျေယန်းဒုက္ခသည်စခန်း တာဝန်ခံဦးဝိုင်းဒူက ပြောကြားသည်။

ထို့အပြင် မိုးတွင်းဖြစ်သည့်အတွက် ဒုက္ခသည်များသည် နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြောင်း၊ ဒုက္ခသည်စခန်း စတင်တည်ထောင်စဉ် ၂ဝ၁၁ ခုနှစ်ကတည်းက ဆောက်လုပ်ထားသည့် စစ်ဘေးဒုက္ခသည်များ၏ နေအိမ်များမှာ ပျက်စီးနေပြီဖြစ်သောကြောင့် စစ်ဘေးဒုက္ခသည် မိသားစု ၇၆၈ ခု နေထိုင်ရန်အတွက် နေအိမ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်ထားပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အကူအညီ လိုအပ်နေသည်ဟု သိရသည်။

အဆိုပါစခန်းရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် လူဦးရေ ကိုးထောင်နီးပါး၏ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးဖြင့် ဆောင်ရွက်နေသော်လည်း ဝမ်းရောဂါနှင့်
ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေကြောင်းလည်း စခန်းရှိ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ဂျေယန်းဒုက္ခသည်စခန်းကို ၂ဝ၁၁ ခုနှစ် ဇွန် ၂၇ ရက်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အိမ်ခြေ ၁၆၇ဝ ရှိပြီး လူဦးရေ ၈၈၈၅ ဦးရှိကြောင်း သိရသည်။

အလားတူ ဖွန်လွန်ယန် ဒုက္ခသည်စခန်းတွင်လည်း အိမ်ထောင် စု ၅၁ ခု၊ လူဦးရေ ၁ဝဝ ကျော်အား ရွှေ့ပြောင်းထားရကြောင်း စခန်းတာဝန်ခံ ဦးတန်ဂွန်းက ပြောကြားသည်။

၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KIO/KIA တပ်တို့၏ တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်း၌ပင်
လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၈၂ဝဝဝ ကျော်ရှိကြောင်း လိုင်ဇာမြို့အခြေစိုက် စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော် မတီထံမှ သိရသည်။
 
Eleven Media Group 

မြေပြို၍ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ဂျေယန်း စစ်ဘေးဒုက္ခသည် စခန်း ကို တွေ့ရ စဉ်
မြေပြို၍ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ဂျေယန်း စစ်ဘေးဒုက္ခသည် စခန်းကို တွေ့ရစဉ်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့နယ်အနီး ဂျေယန်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် မိုးသည်းထန်စွာရွာ သွား မှုကြောင့် ရေကြီး၊ မြေပြို၍ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စိုးရိမ်ရသည့် အိမ်ခြေပေါင်း ၁၂၃ ခု ကို ဘေး လွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဂျေယန်းဒုက္ခသည်စခန်းမှ သိရသည်။
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားရာ ဇူလိုင် ၂၂ ရက် နံနက် က ဂျေယန်း စစ်ဘေးဒုက္ခသည်စခန်းရှိ နေအိမ်နှစ်လုံးအပေါ် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူငါးဦး မြေပိသေ ဆုံး မှု ဖြစ်ပွားခဲ့သည်။

“လောလောဆယ်တော့ တောင်ခြေနဲ့နီးတဲ့အိမ်တွေ ပြန်ရွှေ့ထားတယ်။ စိုးရိမ်ရတဲ့ အနေအခြေအနေရှိတဲ့ IDP အိမ်ခြေပေါင်း  ၁၂၃ လုံးပါ” ဟု ဂျေယန်းဒုက္ခသည်စခန်း တာဝန်ခံဦးဝိုင်းဒူက ပြောကြားသည်။

ထို့အပြင် မိုးတွင်းဖြစ်သည့်အတွက် ဒုက္ခသည်များသည် နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြောင်း၊ ဒုက္ခ သည် စခန်း စတင်တည်ထောင်စဉ် ၂ဝ၁၁ ခုနှစ်ကတည်းက ဆောက်လုပ်ထားသည့် စစ်ဘေး ဒုက္ခသည် များ၏ နေအိမ်များမှာ ပျက်စီးနေပြီဖြစ်သောကြောင့် စစ်ဘေးဒုက္ခသည် မိသားစု ၇၆၈ ခု နေထိုင်ရန် အတွက် နေအိမ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်ထားပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင် ရွက်ရန် အကူအညီ လိုအပ်နေသည်ဟု သိရသည်။

အဆိုပါစခန်းရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် လူဦးရေ ကိုးထောင်နီးပါး၏ ကျန်းမာရေးအတွက် ကျန်းမာရေး ဝန်ထမ်း ၁၃ ဦးဖြင့် ဆောင်ရွက်နေသော်လည်း ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း မြင့်မားေ နကြောင်းလည်း စခန်းရှိ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ဂျေယန်းဒုက္ခသည်စခန်းကို ၂ဝ၁၁ ခုနှစ် ဇွန် ၂၇ ရက်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အိမ်ခြေ ၁၆၇ဝ ရှိပြီး လူဦးရေ ၈၈၈၅ ဦးရှိကြောင်း သိရသည်။

အလားတူ ဖွန်လွန်ယန် ဒုက္ခသည်စခန်းတွင်လည်း အိမ်ထောင် စု ၅၁ ခု၊ လူဦးရေ ၁ဝဝ ကျော် အား ရွှေ့ပြောင်း ထားရကြောင်း စခန်းတာဝန်ခံ ဦးတန်ဂွန်းက ပြောကြားသည်။

၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KIO/KIA တပ်တို့၏ တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်း၌ပင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၈၂ဝဝဝ ကျော်ရှိကြောင်း လိုင်ဇာမြို့ အခြေစိုက် စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော် မတီထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment